Infinity Global Solutions
28/05/2026
✨ ကောင်းချီးမင်္ဂလာများ ပြည့်ဝသော Eid al-Adha ဖြစ်ပါစေ။ 🌙🕌
ချစ်ခင်ရတဲ့ မိတ်ဆွေများနှင့် မိသားစုတိုင်းအတွက် ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကြီးပွားတိုးတက်ခြင်းများ အမြဲတမ်း ကိန်းဝပ်နေပါစေကြောင်း Infinity Global Solutions – IGS မှ
ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အဓိပ္ပါယ်ပြည့်ဝပြီး ပျော်ရွှင်စရာကောင်းသော Eid al-Adha နေ့မြတ်လေး ကို မိသားစု၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
🌙 Eid al-Adha Mubarak!
Warm wishes from IGS
01/05/2026
"ပျော်ရွှင်ဖွယ် အလုပ်သမားနေ့"
မေလ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အလုပ်သမားများအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် အဖိုးတန်သော ပံ့ပိုးမှုများကို IGS : Infinity Global Solutions မှ လေးစားဂုဏ်ပြုအပ်ပါသည်။
လုပ်သားပြည်သူများအားလုံး ကျန်းမာရွှင်လန်းပြီး ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Happy Labour Day!
On International Workers’ Day, May 1, IGS : Infinity Global Solutions proudly honors the dedication and valuable contributions of workers everywhere.
Wishing all workers health, happiness, and a brighter future ahead.
30/04/2026
" ကဆုန်လပြည့် ဗုဒ္ဓနေ့ "
ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ဘဝဖြစ်စဉ်တော်တွင် အလွန်ထူးခြားသော အဖြစ်အပျက် (၄) မျိုး တစ်နေ့တည်း ဆုံကြုံခဲ့သည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။
၁။ ဗျာဒိတ်တော်ရခြင်း - သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်ထံမှ "ဧကန်စင်စစ် ဘုရားဖြစ်မည်" ဟု နိယတဗျာဒိတ်တော်ကို ခံယူခဲ့သောနေ့။
၂။ ဖွားမြင်ခြင်း - ဂေါတမဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားကို လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားမြင်ခဲ့သောနေ့။
၃။ ဘုရားဖြစ်ခြင်း - ဗောဓိပင်ရင်း၌ ကိလေသာအပူခပ်သိမ်း ငြိမ်းစင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိသောနေ့။
၄။ ပရိနိဗ္ဗာန်စံခြင်း - သက်တော် (၈၀) အရွယ်တွင် ကုသိနာရုံပြည်၌ အနုပါဒိသေသ နိဗ္ဗာန်စံဝင်တော်မူသောနေ့။
နေ့ထူးနေ့မြတ်ကြီးဖြစ်သော "ကဆုန်လပြည့်နေ့" တွင် ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။
နွေအပူကို အေးမြစေသည့် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ထူးကို ပြုလုပ်ရင်း မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို အောက်မေ့ပူဇော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲတော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 47, Baho Road, Ahlone Township
Yangon
11121
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |