Kharismatic Learning Center
14/11/2022
ပြီးခဲ့တဲ့တပတ်က Life Skills သင်ကြားမှု အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။
'ဘဝတွက်တာ ကျွမ်းကျင်စရာ' ကိုသင်ကြားတဲ့အခါ ဆရာတွေရဲ့ သင်ကြားမှုပုံစံတွေက အမျိုးမျိုးရှိနိုင်၊ ဖန်တီးနိုင်ကြပါတယ်။
မူလတန်းကလေးငယ်တွေအတွက် "လက်ဆေးခြင်း" ဆိုတဲ့ အကြောင်းအရာလေးကို သင်ကြားမယ် ဆိုပါစို့။ သင်ကြားနည်းပုံစံအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။
ပထမဦးဆုံး "လက်ဆေးတယ်" ဆိုတာဘာလဲဆိုတာကို ကလေးတွေသိရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီကမှတဆင့်
👉 ဘာကြောင့်လက်ဆေးရလဲ
👉 ဘယ်လိုအချိန်တွေမှာ လက်ဆေးသင့်သလဲ
👉 ဘယ်လိုလက်ဆေးကြမလဲဆိုတာတွေကို နားလည်သဘောပေါက်ရပါမယ်
နောက်ဆုံးမှာ မှန်မှန်ကန်ကန်လက်ဆေးတတ်မှုကို လေ့ကျင့်ပေးရပါမယ်။
ဒီအချက်တွေကို သင်ကြားရာမှာ စာဖတ်ပြ ရှင်းလင်းပြောပြတာထက် ပုံလေးတွေ၊ ကဗျာလေးတွေ၊ သီချင်းလေးတွေကို အသုံးပြုပြီး သင်ကြားပေးမှုဟာ ပိုပြီးထိရောက်မှုရှိပါတယ်။
ကိုဗစ်ကာလကြီးမှာ 'လက်ကိုခဏခဏဆေးပါ' 🎶 ဆိုတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ လူတွေကျေကျေနပ်နပ်လက်ဆေးချင်လာအောင် ပညာပေးခဲ့တာ မှတ်မိကြဦးမှာပါ။ ဘယ်လိုဘယ်ပုံဆေးရမယ်ဆိုတာကိုလည်း မီဒီယာတွေကတဆင့် ပြည်သူတွေဆီ ထိထိရောက်ရောက် ပို့ဆောင်ပေးခဲ့ပါတယ်။
အခုလည်း ကလေးငယ်တွေကို Activity လေးတွေလုပ်ဆောင်စေပြီး မှန်မှန်ကန်ကန် လက်ဆေးတတ်ကြဖို့ . . .
ဆရာတွေရဲ့ အားထုတ်မှု တွေနဲ့ အတူ ကလေးတို့နှလုံးသားထဲထိ ရောက်အောင် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးကြပါစို့။ 👍
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |