Palfo.vlog

Palfo.vlog

Share

Photos from Palfo.vlog's post 19/11/2023

📸အဝစား ကိုရီးယား အသားကင်ဘူဖေး

Taste : ⭐️⭐️⭐️⭐️
Price : ⭐️⭐️⭐️⭐️
Hygiene & Service : ⭐️⭐️⭐️

တောင်ဥက္ကလာမှာ စဖွင့်ကတည်းက စားလာတဲ့ အမှတ်တရများစွာနဲ့ ဘူဖေးဆိုင်လေးပါ။ အခုအသစ်ဖွင့်တဲ့ Branch နှစ်ခုလုံးကို ပြောင်းသွားကတည်းကမစားဖြစ်တာကြာပြီဆိုပြီး ဟိုတလောကမှ ဖိုးစိန်လမ်းကဆိုင်ကို သွားစားကြည့်လိုက်တာ အသားနှပ်ထားတာတွေက စစားခဲ့တုန်းကအရသာအတိုင်း ထိမိနေရောပဲ။ ငါးရှဉ့်ကင်ရယ် ထမင်းလိပ်ရယ်လေးရယ်လည်း တော်တော်စားကောင်းပါတယ်။ ပင်လယ်စာအပြင် ရေခဲမုန့်လည်းပါတာကိုမှ အဝစားတစ်ယောက်ကို taxတွေပါရင် ၂၃၀၀၀ကျပ်ကျပါတယ်။

Bamboo Korea BBQ
No.51(A), ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်။
ဆိုင်ဖွင့်ချိန် - 11:00 AM to 10:00 PM
ဖုန်း - 09899445544 ၊ 09899445533 ၊ 01540752

ရန်ကုန်ပြည်လမ်းနဲ့အင်းယားလမ်းထောင့်မှာ ဆိုင်ခွဲတစ်ခုအပြင်၊ မန္တလေးနဲ့ ပြင်ဦးလွင်မှာလဲနောက်ထပ် ဆိုင်ခွဲတွေရှိပါသေးတယ်။

Photos from Palfo.vlog's post 17/11/2023

📸အဝစားမူကထ

Taste : ⭐️⭐️⭐️⭐️
Price : ⭐️⭐️⭐️⭐️
Hygiene & Service : ⭐️⭐️⭐️⭐️

ဘူဖေးကိုမှ ဈေးအတော်အသင့်နဲ့ သန့်ရှင်းလတ်ဆတ်တဲ့အသားကွာလတီကောင်းကောင်းစားရတာမို့ adminတို့ခဏခဏသွားစားဖြစ်တဲ့ဆိုင်ပါ။ အသားတွေကိုပွဲအလိုက်မှာရတာပါ။ side dishတွေကိုလည်း ကြိုပြီးခင်းကျင်းထားတာမဟုတ်ဘဲ မှာမှပူပူနွေးနွေးလုပ်ပေးတာပါ။ side dishထဲမှာ မာလာရှမ်းကော၊အာလူးချောင်းကြော်နဲ့မန်ထိုပေါက်ဆီကြော်က အရမ်းစားကောင်းပါတယ်။ အကင်နဲ့တွဲစားရတဲ့အချဉ်ကတော့တစ်ခုပဲရှိတာရယ်၊ အအေးကလည်းတစ်မျိုးပဲထားပေးထားတာရယ်ကိုတော့ သိပ်မကြိုက်ပါဘူး။

(Edit - အချဉ်က မန်ကျည်းချဉ်လဲရှိပါသေးတယ်တဲ့ 😁 မင်မင်တို့လဲ ပထမဆုံးတစ်ခေါက်စားတုန်းကတောင်းပီး သိပ်မလိုက်သလို ခံစားရတာနဲ့ နောက်တစ်ခေါက်တွေမှာ အစိမ်းချဉ်လေးနဲ့ပဲ စားဖြစ်တာပါ)

Downtown မူကထ
No.14၊ စဉ့်အိုးတန်းလမ်း အောက်ဘလောက်၊လသာမြို့နယ်၊ရန်ကုန်။
ဘိုကင်ဖုန်း- 09750152570
#မူကထ

Photos from Palfo.vlog's post 04/11/2023

📸 တိုဟူးနွေး၊ အမဲသားခေါက်ဆွဲ၊ လက်ဖက်ကြက်ဥ

Taste : ⭐️⭐️⭐️⭐️
Price : ⭐️⭐️⭐️⭐️
Hygiene & Service : ⭐️⭐️⭐️⭐️

ဒီဆိုင်ရဲ့ထူးခြားချက်က ခေါက်ဆွဲသား နူးနူးပါးပါး အိအိလေးကိုသုံးထားတာပါပဲ။ အမဲသားခေါက်ဆွဲဆိုလဲမွှေးနေတာပဲ။

မောဝ်ရှမ်းအောင် (နမ့်ခမ်း) Shan Restaurant
09 260 438 545
https://maps.app.goo.gl/vQbytT9CCn736Kpv8?g_st=ic

Photos from Palfo.vlog's post 02/11/2023

📸ကြက်ရှယ်၊ဖက်ထုပ်အိုးကပ်ကြော်

Taste : ⭐️⭐️⭐️⭐️⭐️
Price : ⭐️⭐️⭐️⭐️
Hygiene & Service : ⭐️⭐️⭐️⭐️

ဒီဆိုင်ကကြက်ရှယ်ရဲ့ထူးခြားချက်က ကြက်တစ်ကောင်လုံးကိုအကြွပ်ကြော်ထားတာကို အချဉ်ရည်လေးစမ်းထားတာဆိုတော့ စားရတာလုံးဝမအီတဲ့အပြင် ပုံမှန်ကြက်ရင်ပုံမစားတဲ့သူတောင်ကြိုက်တဲ့အထိ အသားကလည်းနူးညံ့ပါတယ်!!

𝐂𝐚𝐟𝐞́ 𝐇𝐨𝐮𝐬𝐞 𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
🏘 Min Ye Kyaw Swar Road, Between Zaw Gyi Road & Pho Yar Zar Road, Lanmadaw Township, Yangon
☎️ 09 459090116, ☎️ 09 970740224, ☎️ 09 459090118
(လမ်းမတော်ဆိုင်အပြင် ရန်ကင်းနဲ့သင်္ကန်းကျွန်းဆိုင်ခွဲတွေလည်းရှိပါတယ်။)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 51-A, Phoe Sein Road, Bahan Township
Yangon
11221