Pyae Sone Clinic
02/08/2023
ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေးထိုးထားကြပါစို့ ✅
🤙 09759033769
01/08/2023
ဝါဆိုလပြည့်နေ့🙏(ဓမ္မစင်္ကြာနေ့)🙏
🗓မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် ၊
ခရစ်နှစ်၂၀၂၃ခုနှစ် ၊ သြဂုတ်လ ၁ရက် ၊ အဂ်ါနေ့
မှာ ကျရောက်သော ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)မှာ
ကုသိုလ်ကောင်းမှုတွေလုပ်ရင်း စိတ်နှလုံးရွှင်လန်းလို့ ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာပြီး ဘေးရန်ကင်းကွာ လိုအင်ဆန္ဒ တွေ ပြည့်စုံကြပါစေကြောင်း ကျွန်မတို့ပြည့်စုံဆေးခန်းမိသားစု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။ 🙏🙏🙏
အားလုံးပဲ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေနော်။
#ဝါဆိုလပြည့်
#ဓမ္မစင်္ကြာနေ့
02/05/2023
လက်တလောကူးစက်မှုပြန်လည်မြင့်တက်လာသည့်
ကိုဗစ်မျိုးကွဲ XBB.1.16 (Arcturus)
👉 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃)ရက်နေ့ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ် ပွားမှုများလည်းပါဝင်ကြောင်း တွေ့ရှိရပါသည်။
👉 မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
👉 ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇)ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိကြောင်း၊ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက် မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါ ကြောင့်သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။
👉 သို့ဖြစ်ပါ၍ ပြည်သူလူထုအားလုံး (အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည် ရောဂါအခံရှိသူများ) အနေဖြင့် -
✍️ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို အထူး ဂရုပြုဆောင်ရွက်ကြပါရန်၊
✍️ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် အဓိကကျသောရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်ကြသည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူထူထပ်သော နေရာများ၊ အလုံပိတ်နေရာများသို့ သွားရောက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်အသုံးပြုခြင်းတို့ကို ဂရုပြုလိုက်နာဆောင်ရွက်ကြပါရန်၊
✍️ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ဆက်သွယ်၍ လိုအပ်သည့်စစ်ဆေးကုသမှုကို ခံယူကြရန်၊
✍️ ရောဂါကူးစက်ဖြစ်ပွားသူများနှင့် ရောဂါသံသယလက္ခဏာရှိသူများအနေဖြင့် အခြား သူများကို ထပ်ဆင့်ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ၍ မိမိနေအိမ်တွင် အသွားအလာ ကန့်သတ်၍ နေထိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon