Missed
15/08/2020
ကဲ
မူးပြီး မှောက်နေကြပြီလေ
17/02/2020
Calories ဆိုတာ
ကားတစ်စီး တဝူးဝူးမောင်းနိုင်ဖို့ မရှိမဖြစ်ဟာ လောင်စာဆီဆို အစားအသောက်ဟာလဲလူတစ်ယောက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လောင်စာဆီ စွမ်းအင်ပါပဲ။
" စွမ်းအင် " လို့ ဆိုတော့ တင်စားပြောဆိုနေပြန်ပြီလား။ အဲ၊ သိပ္ပံအရသတ်မှတ်ထားတာလဲ အစားအသောက်ဟာ စွမ်းအင်ပဲမလို့ တင်စားတာမဟုတ်ပါ။
ထမင်းတစ်ပွဲ ဘယ်လောက် ကယ်လိုရီ(Calories) ဆိုတာ ထမင်းစားရင် ဘယ်လောက်စွမ်းအင်ရတယ်ကို ပြောတာပေါ့။
“ Calories “ လို့ခေါ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ထည့်သမျှ အရာတွေဆီက ရပါတယ်။ အသားငါး ၊ အသီးအနှံ၊ အရေမျိုးစုံ၊ ဆေးမှုန့်၊ ဆေးသွင်းတာ ဘာမဆိုတော်တော်များများမှာ Calories ပါပါတယ်။ တစ်ချို့အရာတွေက Calories များပြီး တစ်ချို့အရာတွေကတော့ နည်းပါတယ်။
ဒါဟာ Gym သွားတဲ့သူတွေ၊ Healthy lifestyle နေတဲ့သူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲပြောနေတဲ့ Calories ဆိုတဲ့အရာပေါ့။ ဘာ့ကြောင့် ဒီစွမ်းအင် Calories ဆိုတာကြီးက အခြေခံကျလဲဆိုတာ ကြည့်လိုက်ကြပါစို့။
Calories surplus and deficit
ပူဖောင်းတစ်လုံးကို ကြီးလာအောင်လုပ်ချင်ရင် လေတွေပို မှုတ်ထည့်ရသလို သေးသွားစေချင်ရင် လျှော့ထုတ်ပြစ်ရတယ်ဟုတ်။
ဒီလိုပါပဲ။ လူတစ်ယောက်ကို အကောင်သေးညှက်လာချင်ရင် Calories တွေ နှုတ်ပြစ်ရပြီး ကြီးထွားလာချင်ရင် ပိုပေါင်းထည့်ရပါတယ်။ ဒါကို English လိုဆို surplus = ပိုလျှံခြင်း နဲ့ deficit = လျော့နည်းခြင်းလို့ ခေါ်ပါတယ်။
surplus
Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် ပိုရနေခြင်းကိုဆိုလိုပါတယ်။ ဒီလိုပိုရနေတဲ့အခါ ဖြစ်နိုင်ခြေ နှစ်မျိုးရှိလာပါတယ်။ ပိုနေတဲ့အစားအစာတွေကို အဆီအဖြစ်စုမလား၊ ကြွက်သားအဖြစ်စုမလားပေါ့။
ကျွန်တော်တို့ခန္ဓာကိုယ်က အကျင့်မကောင်းဘူးဗျ။ သူ့မှာတောင်းဆိုမှုတွေရှိတယ်။ အစာတွေပိုစားပေမယ့် လှုပ်လှုပ်ရှားရှားမလုပ်ရင်၊ ကြွက်သားတွေကို လေးလံတဲ့အရာတွေနဲ့ Challenge မလုပ်ရင် အဲ Calories အပိုတွေကို အဆီအဖြစ်စုပြစ်လိုက်ရော။
ဒါ့ကြောင့် အစားအများကြီးစားပြီး တစ်ချို့ကဝတုတ်လာပေမယ့်၊ တစ်ချို့အလုပ်ကြမ်းလုပ်ရသူတွေကျ ကြွက်သားတွေနဲ့ ကြည့်ကောင်းနေတတ်တာပါပဲ။ အလုပ်ကြမ်းနေ့စဉ်လုပ်တယ်ဆိုတာလဲ Gym သွားတာမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်လေးနဲ့တော့ ကြွက်သားတွေကို စိန်ခေါ်နေတာပဲကိုး။
(၁)အဆီတက်၊
(၂)ကြွက်သား + အဆီတက်။
ဒါက Calories surplus ဖြစ်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ ၂မျိုး။
deficit
Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် လျှော့ပြီးရနေခြင်းကို ဆိုလိုပါတယ်။ ဒီလိုလျှော့ပြီးရတာများလာ ကြာလာတဲ့အခါ ခန္ဓာကိုယ်က တစ်နေရာရာကနေ လိုအပ်တဲ့ စွမ်းအင်ကိုယူရပါတော့မယ်။ သုံးစွဲစရာမလောက်တဲ့အခါ ပေါင်နှံ ချေးငှားရသလိုသဘောအတိုင်းပဲ ကြံရဖန်ရတော့မယ်။
ဒီနေရာမှာ ခန္ဓာကိုယ်အတွက်ယူစရာ နှစ်နေရာရှိတယ်။
တစ်က အဆီတွေဆီက၊ နှစ်က ကြွက်သားတွေဆီက။
အခြေအနေအပေါ်ကြည့်ပြီး အဆီကနေ လိုတဲ့စွမ်းအင်တွေယူချင်ယူမယ်၊ ကြွက်သားတွေဆီက ယူချင်ယူမယ်၊ ဒါမှမဟုတ် တစ်ခါတစ်လေ အဆီရော ကြွက်သားရောဆီက ယူတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်က Smart ဖြစ်တယ်။ ကြွက်သားတွေကို ထိန်းထားချင်ရင် ကြွက်သားတွေကို အသုံးချနေကြောင်း သူ့ကို အသိပေးဖို့လိုအပ်တယ်။ ဒီလို အသိပေးဖို့က အလေးဆော့တာ၊ အလေးလွတ်ကြွက်သားတွေကိုဆော့တာမျိုး ဆော့နေရမယ်။ ဒီလို မဆော့ပဲ Calories လျှော့စားတာကြာလာတဲ့အခါ ကြွက်သားတွေ မလိုတော့ဘူးလို့ မှတ်ယူပြီး ကြွက်သား ပမာဏလျော့နည်းသွားတတ်တယ်။
ဒါပေမယ့် ကြွက်သားတွေကို စိန်ခေါ်ပြီး Calories deficit ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အဆီတွေကို ပိုကျစေမှာဖြစ်ပြီး ကြွက်သားတွေကို ရနိုင်သလောက်ထိန်းထားမယ်။ တဖြည်းဖြည်း ပေါင်ချိန်ကျလာတဲ့အခါ အသွင်အပြင်က ပိုကြည့်ကောင်းလာမယ်။ ဒါကလဲ ရှေ့ကအခန်းတွေမှာပြောခဲ့သလို ပုံထွက်လှဖို့က ကြွက်သားတွေနဲ့ ထုဆစ်မှ ရတယ်ဆိုတဲ့အချက်ကြောင့်။
ဒီတော့ Calories deficit ဖြစ်ရင်
(၁) ကြွက်သားကျပြီး လှမလာတာရယ်၊
(၂) အဆီကျပြီး ကြွက်သားထိန်းထားနိုင်လို့ လှနေတာရယ် ရှိပါ့ဗျား။
________________
ဒါကတော့ ပြောပြောနေကြတဲ့ Calories ဆိုတာဘာလဲရယ်၊ ဒီ Calories က ပမာဏအပေါ် မူတည်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုဖြစ်စေနိုင်သလဲဆိုတဲ့ အခြေခံဗဟုသုတပါပဲ။ Golden_Dreamers တွေကို အစား စမ်းတ၀ါးဝါးစားနေတာမျိုးထက် အဓိပ္ပါယ်လေးသိပြီး စားစေချင်တာမလို့ ဆောင်းပါးအဖြစ်တင်လိုက်ပါတယ်။
ဘာ့ကြောင့် အစားလျှော့ပြီးစားဖို့လိုတယ်၊ ဘာ့ကြောင့်ပိုပြီးစားဖို့လိုတယ် သိအပြီးမှာ Result တွေရဖို့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်အပေါ်မူတည်ပြီးစားပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျား။ 😊
အခြား Fitness/Wellness tips တွေအတွက်လဲ Golden_Dreams page ထဲ ဝင်လည်ဖို့၊ Like/See first လုပ်ထားဖို့ မမေ့နဲ့အုန်းနော်😊 ❤️
________________
(Zawgyi Below) 👇👇👇
ကားတစ်စီး တဝူးဝူးမောင်းနိုင်ဖို့ မရှိမဖြစ်ဟာ လောင်စာဆီဆို အစားအသောက်ဟာလဲလူတစ်ယောက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လောင်စာဆီ စွမ်းအင်ပါပဲ။
" စွမ်းအင် " လို့ ဆိုတော့ တင်စားပြောဆိုနေပြန်ပြီလား။ အဲ၊ သိပ္ပံအရသတ်မှတ်ထားတာလဲ အစားအသောက်ဟာ စွမ်းအင်ပဲမလို့ တင်စားတာမဟုတ်ပါ။
ထမင်းတစ်ပွဲ ဘယ်လောက် ကယ်လိုရီ(Calories) ဆိုတာ ထမင်းစားရင် ဘယ်လောက်စွမ်းအင်ရတယ်ကို ပြောတာပေါ့။
“ Calories “ လို့ခေါ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ထည့်သမျှ အရာတွေဆီက ရပါတယ်။ အသားငါး ၊ အသီးအနှံ၊ အရေမျိုးစုံ၊ ဆေးမှုန့်၊ ဆေးသွင်းတာ ဘာမဆိုတော်တော်များများမှာ Calories ပါပါတယ်။ တစ်ချို့အရာတွေက Calories များပြီး တစ်ချို့အရာတွေကတော့ နည်းပါတယ်။
ဒါဟာ Gym သွားတဲ့သူတွေ၊ Healthy lifestyle နေတဲ့သူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲပြောနေတဲ့ Calories ဆိုတဲ့အရာပေါ့။ ဘာ့ကြောင့် ဒီစွမ်းအင် Calories ဆိုတာကြီးက အခြေခံကျလဲဆိုတာ ကြည့်လိုက်ကြပါစို့။
Calories surplus and deficit
ပူဖောင်းတစ်လုံးကို ကြီးလာအောင်လုပ်ချင်ရင် လေတွေပို မှုတ်ထည့်ရသလို သေးသွားစေချင်ရင် လျှော့ထုတ်ပြစ်ရတယ်ဟုတ်။
ဒီလိုပါပဲ။ လူတစ်ယောက်ကို အကောင်သေးညှက်လာချင်ရင် Calories တွေ နှုတ်ပြစ်ရပြီး ကြီးထွားလာချင်ရင် ပိုပေါင်းထည့်ရပါတယ်။ ဒါကို English လိုဆို surplus = ပိုလျှံခြင်း နဲ့ deficit = လျော့နည်းခြင်းလို့ ခေါ်ပါတယ်။
surplus
Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် ပိုရနေခြင်းကိုဆိုလိုပါတယ်။ ဒီလိုပိုရနေတဲ့အခါ ဖြစ်နိုင်ခြေ နှစ်မျိုးရှိလာပါတယ်။ ပိုနေတဲ့အစားအစာတွေကို အဆီအဖြစ်စုမလား၊ ကြွက်သားအဖြစ်စုမလားပေါ့။
ကျွန်တော်တို့ခန္ဓာကိုယ်က အကျင့်မကောင်းဘူးဗျ။ သူ့မှာတောင်းဆိုမှုတွေရှိတယ်။ အစာတွေပိုစားပေမယ့် လှုပ်လှုပ်ရှားရှားမလုပ်ရင်၊ ကြွက်သားတွေကို လေးလံတဲ့အရာတွေနဲ့ Challenge မလုပ်ရင် အဲ Calories အပိုတွေကို အဆီအဖြစ်စုပြစ်လိုက်ရော။
ဒါ့ကြောင့် အစားအများကြီးစားပြီး တစ်ချို့ကဝတုတ်လာပေမယ့်၊ တစ်ချို့အလုပ်ကြမ်းလုပ်ရသူတွေကျ ကြွက်သားတွေနဲ့ ကြည့်ကောင်းနေတတ်တာပါပဲ။ အလုပ်ကြမ်းနေ့စဉ်လုပ်တယ်ဆိုတာလဲ Gym သွားတာမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်လေးနဲ့တော့ ကြွက်သားတွေကို စိန်ခေါ်နေတာပဲကိုး။
(၁)အဆီတက်၊
(၂)ကြွက်သား + အဆီတက်။
ဒါက Calories surplus ဖြစ်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ ၂မျိုး။
deficit
Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် လျှော့ပြီးရနေခြင်းကို ဆိုလိုပါတယ်။ ဒီလိုလျှော့ပြီးရတာများလာ ကြာလာတဲ့အခါ ခန္ဓာကိုယ်က တစ်နေရာရာကနေ လိုအပ်တဲ့ စွမ်းအင်ကိုယူရပါတော့မယ်။ သုံးစွဲစရာမလောက်တဲ့အခါ ပေါင်နှံ ချေးငှားရသလိုသဘောအတိုင်းပဲ ကြံရဖန်ရတော့မယ်။
ဒီနေရာမှာ ခန္ဓာကိုယ်အတွက်ယူစရာ နှစ်နေရာရှိတယ်။
တစ်က အဆီတွေဆီက၊ နှစ်က ကြွက်သားတွေဆီက။
အခြေအနေအပေါ်ကြည့်ပြီး အဆီကနေ လိုတဲ့စွမ်းအင်တွေယူချင်ယူမယ်၊ ကြွက်သားတွေဆီက ယူချင်ယူမယ်၊ ဒါမှမဟုတ် တစ်ခါတစ်လေ အဆီရော ကြွက်သားရောဆီက ယူတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်က Smart ဖြစ်တယ်။ ကြွက်သားတွေကို ထိန်းထားချင်ရင် ကြွက်သားတွေကို အသုံးချနေကြောင်း သူ့ကို အသိပေးဖို့လိုအပ်တယ်။ ဒီလို အသိပေးဖို့က အလေးဆော့တာ၊ အလေးလွတ်ကြွက်သားတွေကိုဆော့တာမျိုး ဆော့နေရမယ်။ ဒီလို မဆော့ပဲ Calories လျှော့စားတာကြာလာတဲ့အခါ ကြွက်သားတွေ မလိုတော့ဘူးလို့ မှတ်ယူပြီး ကြွက်သား ပမာဏလျော့နည်းသွားတတ်တယ်။
ဒါပေမယ့် ကြွက်သားတွေကို စိန်ခေါ်ပြီး Calories deficit ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အဆီတွေကို ပိုကျစေမှာဖြစ်ပြီး ကြွက်သားတွေကို ရနိုင်သလောက်ထိန်းထားမယ်။ တဖြည်းဖြည်း ပေါင်ချိန်ကျလာတဲ့အခါ အသွင်အပြင်က ပိုကြည့်ကောင်းလာမယ်။ ဒါကလဲ ရှေ့ကအခန်းတွေမှာပြောခဲ့သလို ပုံထွက်လှဖို့က ကြွက်သားတွေနဲ့ ထုဆစ်မှ ရတယ်ဆိုတဲ့အချက်ကြောင့်။
ဒီတော့ Calories deficit ဖြစ်ရင်
(၁) ကြွက်သားကျပြီး လှမလာတာရယ်၊
(၂) အဆီကျပြီး ကြွက်သားထိန်းထားနိုင်လို့ လှနေတာရယ် ရှိပါ့ဗျား။
________________
ဒါကတော့ ပြောပြောနေကြတဲ့ Calories ဆိုတာဘာလဲရယ်၊ ဒီ Calories က ပမာဏအပေါ် မူတည်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုဖြစ်စေနိုင်သလဲဆိုတဲ့ အခြေခံဗဟုသုတပါပဲ။ Golden_Dreamers တွေကို အစား စမ်းတ၀ါးဝါးစားနေတာမျိုးထက် အဓိပ္ပါယ်လေးသိပြီး စားစေချင်တာမလို့ ဆောင်းပါးအဖြစ်တင်လိုက်ပါတယ်။
ဘာ့ကြောင့် အစားလျှော့ပြီးစားဖို့လိုတယ်၊ ဘာ့ကြောင့်ပိုပြီးစားဖို့လိုတယ် သိအပြီးမှာ Result တွေရဖို့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်အပေါ်မူတည်ပြီးစားပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျား။ 😊
Credit. Golden_Dream Page
Click here to claim your Sponsored Listing.
Category
Website
Address
No. 566, Myin Taw Thar Road, ThaKeTa Township
Yangon