D.YEC
07/06/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိဘတွေ့ဆုံပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က D.YEC 2 ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
အချိန်ပေးတက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသော မိဘအုပ်ထိန်းသူလူကြီးမင်းများကို D.YEC မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
02/05/2026
D.YEC မှ မှော်ဘီမြို့ ဂုဏ်ဆောင် လူရည်ချွန်ကျောင်းသား ၂ ဦး ပေါ်ထွက်လာခဲ့ပါပြီ။
D.YEC ကိုယ်ပိုင်အထက်တန်းကျောင်းသည် ဗလငါးတန်နှင့် ပြည့်စုံ၍ စိတ်ဓါတ်၊စည်းကမ်း ကောင်းမွန်သော ကျောင်းသား ကျောင်းသူများကို နှစ်စဉ် ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။
ဆရာ၊ဆရာမများ၏ လေ့ကျင့်သင်ကြားမှု၊ လူရည်ချွန်မောင်တို့၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ ပံ့ပိုးဆောင်ရွက်မှုကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade 12 မှ လူရည်ချွန် တစ်ဦး နှင့် Grade 10 မှ လူရည်ချွန် တစ်ဦး ပေါ်ထွက်ခဲ့ပါသည်။
လူရည်ချွန်မောင် စွမ်းထက်ဦး (ဒွါဒသမတန်း) နှင့် လူရည်ချွန်မောင် ထူးအောင်လှိုင် (ဒသမတန်း) တို့ကို ပြုစုပျိုးထောင်ခွင့်ရသည့်အတွက် D.YEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အနာဂတ်ကြယ်ပွင့် လူရည်ချွန်မောင်များသည်လည်း ရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝခရီးတွင် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးရရှိပြီး နိုင်ငံတော်ကို အကျိုးပြုသော တော် ကောင်း ထူးချွန် လူရည်မွန်များ ဖြစ်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Https://goo. Gl/maps/WSkeXU1angw92S9Z 7
Yangon
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |