Sunshine SOLAR Myanmar
The company manufacture quality products which are imported to USA, Australia, Japan, Africa and Myanmar.
08/04/2023
ဂိုထောင်ရှင်းစျေးနဲ့ ဝပ် ၂၀ နဲ့ ၁၅၀ ပြားတွေ ပေးပါမယ်
စိတ်ဝင်စားရင် Comment မှာ လိုချင်တဲ့ စျေးကို ပြောပေးခဲ့ပါခင်ဗျာ
အခုလိုမီးပျက်တဲ့အချိန်မှ ပစ္စည်းအသစ်တွေ သွင်းရခက်တဲ့အချိန်မှာ package လုပ်ရောင်းချင်သူတွေအတွက် အများစျေးနဲ့ယူချင်သူတွေအတွက် အဆင်ပြေအောင် ညှိိနှိုင်းပေးပါ့မယ်ဗျ
12/07/2017
ဆိုလာပြား ဘာလို့ပျက်သလဲ
================
နိုင်ငံတကာ စံနှုန်းမီဆိုလာပြား တစ်ချပ်ဟာ အများအားဖြင့် အနှစ် ၂၀ မှ ၂၅ နှစ်အထိ အသုံးခံပါတယ်။ ဆိုလာပြားရဲ့ သဘောတရားအရ သုံးစွဲချိန် နှစ်ကာလ ကြာလာတာနဲ့အမျှ ဓာတ်အား ထုတ်လုပ်နိုင်မှုဟာလည်း လျော့ကျလာလေ့ရှိပါတယ်။ ဒီလိုလျော့ကျလာမှုဟာ ဆိုလာပြားရဲ့ အရည်အသွေးနဲ့ သုံးစွဲမှုစနစ် မှန်ကန်မှုအပေါ် မူတည်နေပါတယ်။ ဆိုလာထုတ်လုပ်တဲ့ ကုမ္ပဏီများဟာ ဆိုလာပြားရဲ့ Physical Warranty(အကြမ်းထည် အာမခံ) အပြင် Performance Warranty (အားအထွက် အာမခံ) ဆိုပြီး အာမခံ ၂ မျိုးရှိကြပါတယ်။ အားအထွက် အာမခံဟာ အများအားဖြင့် ၁၀ နှစ်အတွင်း ၉၀%နဲ့ နှစ်၂၀အတွင်း ၈၀% ခန့်ရှိတတ်ကြပါတယ်။ ကုမ္ပဏီပေါ်မူတည်ပြီး အာမခံချင်းကွာခြားသလို စျေးနှုန်းအလိုက်လည်း ကွာခြားပါတယ်။
ဆိုလာပြားရဲ့ အနိမ့်ဆုံးသက်တမ်းဟာ ၅ နှစ်ခန့်ရှိသင့်ပါတယ်။ ဒါဆိုရင် ကျနော်တို့ ကျေးလက်ဒေသ အတော်များများမှာ ၂ နှစ် ၃ နှစ်အတွင်း ဆိုလာပြားတွေ ဘာလို့ပျက်ကုန်တာလဲ။ ဒီလိုဆိုရင် ၁၀ နှစ်လောက် ကြာရင် ဆိုလာအပျက်ပုံကြီးဟာ မြန်မာပြည်မှာ ပိုပြီးကြီးလာဖို့ပဲရှိပါတယ်။ Sunshine Solar ၀ယ်တဲ့ Customer တွေကရော ၀ယ်ပြီးရင် တော်တော်နဲ့မပျက်တာ ဘာလို့လဲ - ငိငိ - ကြော်ငြာပါ။ ဆိုလာပြားရဲ့ သက်တမ်းဟာ ရှေ့ကပို့စ်တစ်ခုမှာ ဖေါ်ပြခဲ့သလို ဆိုလာပြားရဲ့ Grade နဲ့လည်း ဆိုင်ပါတယ်။ နောက်တစ်ချက်က စနစ်တကျ အသုံးပြုမှုပေါ် မူတည်ပါတယ်။
ယေဘူယျအားဖြင့် ဆိုလာစနစ်တစ်ခုမှာ ဆိုလာပြား၊ ဘက်ထရီ၊ အင်ဗာတာနဲ့ ဆိုလာချာ့်ကွန်ထရိုလာ (Charge Controller/Regulator) တို့ပါပဲ။ ဆိုလာချာ့်ကွန်ထရိုလာ(အရပ်သုံး - အားဖြတ်စက်)ဟာ ဘက်ထရီထဲကနေ အင်ပီယာအ၀င် အထွက်ကို ကန့်သတ်ပေးပါတယ်။ အားအသွင်းမလွန်စေဖို့နဲ့ နေရောင်မရတော့တဲ့အခါ ဘက်ထရီထဲက ဗို့အားကြောင့် ဓာတ်အားတွေ ဆိုလာပြားထဲကို ပြန်စီးဆင်းတာကို ပိတ်ဆို့ပေးပါတယ်။ ဒီကရိယာကို ၅ ၀ပ် ၁၀ ၀ပ်လောက် သေးတဲ့ဆိုလာပြားတွေမှာ ၄င်းကိုတွဲဖက် သုံးစွဲဖို့ မလိုပေမဲ့ ကျေးလက်ဒေသ အများစုမှာ ဆိုလာချာ်ကွန်ထရိုလာကို အသုံးမပြုကြပဲ ဘက်ထရီနဲ့ တိုက်ရိုက်ချိတ်ဆက် သုံးစွဲကြပါတယ်။ အကျိုးဆက်အနေနဲ့ အားအသွင်းလွန်ခြင်း၊ ကလစ်ဖြုတ်ဖို့ မေ့လျော့ခြင်းများ အဖြစ်များကြပါတယ်။
နောက်တစ်ချက်က မြန်မာနိုင်ငံက ကျေးလက်လူထုမှာ အဖြစ်များတဲ့ ပြသနာတစ်ခုပါ။ ဆိုလာနဲ့အားသွင်းတဲ့အခါ အနီနဲ့အနက်ကလစ်ကို ဘက်ထရီမှာ မှားချိတ်မိတဲ့အခါ ဆိုလာပြားကို ကာကွယ်ပေးထားတဲ့ Blocking Diode (အရပ်ခေါ် - အမှားခံ)ဟာ ကွဲထွက်သွားပြီး နောက်ခံအဖုံး Junction Box ဟာ အပူလောင်ကာ အရည်ပျော်သွားလေ့ရှိပြီး ဆိုလာပြားရော ဘက်ထရီပါ ထိခိုက်ပါတော့တယ်။ အခန့်မသင့်ရင် သက်ကယ်မိုးနဲ့ ဓနိမိုးထားတဲ့ အိမ်တွေမှာဆိုရင် မီးလောင်ကျွမ်းနိုင်ပြီး အသက်အိုးအိမ်ကို ထိခိုက်နိုင်ပါတယ်။
ကဲ စာဖတ်သူတွေလဲ ဆိုလာပြားသုံးဖူးတဲ့သူ ရှိရင်လည်း အများပြည်သူ သိရအောင် အောက်မှာ အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါအုံးနော်။
ဆိုလာပြားကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုသိပြီး ဆိုလာပြား သုံးစွဲသူ မိဘပြည်သူ အားလုံးမီးဘေးအန္တရာယ် ကင်းဝေးကြပါစေ။
ဆိုလာနည်းပညာ စိတ်၀င်စားသူတိုင်း Sunshine SOLAR Myanmar ကို See First လုပ်ပြီး Like ထားနိုင်ပါတယ်။
03/03/2017
ေက်းဇူးရွင္ ေတာင္သူဦးႀကီးေတြကို အသိအမွတ္ျပဳ ဂုဏ္ျပဳအပ္တဲ့ ၅၅ ႏွစ္ေျမာက္ ေတာင္သူလယ္သမားေန႔ မေန႔က ၿပီးဆံုးခဲ့ပါၿပီ။
တစ္ႏွစ္ၿပီးတစ္ႏွစ္ ျဖတ္ေက်ာ္လာခဲ့ေပမဲ့လည္း ျမန္မာေတာင္သူတို႔ဘ၀ စိတ္ေက်နပ္ေအာင္ တိုးတက္ဖို႔ရာ အလွမ္းေ၀းေနပါေသးတယ္။
ဆိုလာသံုးစြဲသူ အမ်ားစုဟာလည္း ေက်းဇူးရွင္ ေတာင္သူဦးႀကီးမ်ားပဲ ျဖစ္တာမို႔ ေရရွည္တည္တန္႔တဲ့ ဖြံၿဖိဳးတိုးတက္မႈမ်ိဳးနဲ႔ ေတာင္သူတို႔ရဲ႕ ဘ၀ကိုတိုးတက္ေစခ်င္မိပါတယ္။
Sunshine Solar အေနနဲ႔ ဆက္လက္ၿပီး စိတ္ခ်ယံုၾကည္ရေသာ ကုန္ပစၥည္းမ်ားျဖင့္ ေက်းရြာဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားတြင္ ဆက္လက္ပါ၀င္ ေဆာင္ရြက္ေနမွာျဖစ္ပါသည္။
အစဥ္အဆက္ အားေပးခဲ့ေသာ မိတ္ေဆြမ်ားကို ေလးစားလ်က္
Sunshine Team
=========================================
ကျေးဇူးရှင် တောင်သူဦးကြီးတွေကို အသိအမှတ်ပြု ဂုဏ်ပြုအပ်တဲ့ ၅၅ နှစ်မြောက် တောင်သူလယ်သမားနေ့ မနေ့က ပြီးဆုံးခဲ့ပါပြီ။
တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာခဲ့ပေမဲ့လည်း မြန်မာတောင်သူတို့ဘဝ စိတ်ကျေနပ်အောင် တိုးတက်ဖို့ရာ အလှမ်းဝေးနေပါသေးတယ်။
ဆိုလာသုံးစွဲသူ အများစုဟာလည်း ကျေးဇူးရှင် တောင်သူဦးကြီးများပဲ ဖြစ်တာမို့ ရေရှည်တည်တန့်တဲ့ ဖွံဖြိုးတိုးတက်မှုမျိုးနဲ့ တောင်သူတို့ရဲ့ ဘဝကိုတိုးတက်စေချင်မိပါတယ်။
Sunshine Solar အနေနဲ့ ဆက်လက်ပြီး စိတ်ချယုံကြည်ရသော ကုန်ပစ္စည်းများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဆက်လက်ပါ၀င် ဆောင်ရွက်နေမှာဖြစ်ပါသည်။
အစဉ်အဆက် အားပေးခဲ့သော မိတ်ဆွေများကို လေးစားလျက်
Sunshine team
01/01/2017
မဂၤလာႏွစ္သစ္မွာ မိတ္ေဟာင္းမိတ္သစ္မ်ား စိတ္ေရာကိုယ္ပါ ခ်မ္းသာရႊင္လမ္းၿပီး ေကာင္းေသာ လိုအင္ဆႏၵဟူသမ်ွ ျပည့္စံုၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
14/10/2016
08/05/2016
အခ်ိန္အၾကာႀကီး အသံုးျပဳၿပီးေနာက္ ပ်က္စီးသြားတဲ့ ဆိုလာျပားေတြကို အခုလို မွန္စားပြဲခံုေလးေတြ လုပ္လို႔ရတာမို႔ မလြင့္ပစ္ၾကပါနဲ႔ေနာ္။
^_^ ^_^ ^_^ ^_^
လိုအပ္ေသာ ပစၥည္းမ်ား
=============
၁။ ေကာ္ေဇာ စကၠဴလိပ္ ၁ ေခ်ာင္း
၂။ ကတ္ထူျပား အေခ်ာင္း ၈ ေခ်ာင္း
၃။ ဆိုလာျပား အပ်က္ ၁ ခ်ပ္
၄။ သစ္သားကပ္ ေကာ္
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
01001