The Movement
17/05/2026
Nike Woman ဖိနပ်လှလှလေးတွေကို (50% OFF)
ဈေးနှုန်းတွေနဲ့ရနေပြီနော်🤗
✈️ Shipping: Air Cargo နဲ့ သယ်ဆောင်မှာဖြစ်လို့ ဖိနပ် Shape ပျက်မှာ၊ ကြာနေမှာတွေ စိတ်ပူစရာမလိုပါဘူး။
Brand လည်းစစ်၊ ဈေးလည်းတန်တုန်းလေး လိုချင်တဲ့ Size မကုန်ခင် အခုပဲ Order တင်ထားလိုက်တော့နော်
✅ Waiting Time: 4 Weeks
25/04/2026
အများကြီး စောင့်စရာမလိုဘဲ ချက်ချင်းဝတ်လို့ရမယ့် Uniqlo Merino Ribbed Crew Neck Cardigan လေးတွေ Instock ရပါပြီရှင့်
အသားက အရမ်းအထူကြီးမဟုတ်လို့ မြန်မာပြည်ရာသီဥတုနဲ့ အဆင်ပြေပြီး အသားအေးအေးလေးမို့ တစ်နေကုန် သက်သောင့်သက်သာ ဝတ်လို့ရပါတယ်။ဂျင်းနဲ့ဖြစ်ဖြစ်၊ စကတ်နဲ့ဖြစ်ဖြစ် လိုက်ဖက်ပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ဒီဇိုင်းပါ
💵 Price: 73000 mmk
📏 Size Navy Blue - S,M,L
Dark Brown - S only
Size Chart အသေးစိတ်ကို Chat box မှာ မေးမြန်းနိုင်ပါတယ်
🎨 Available Colors: Navy Blue | Dark Brown
🛒 မှာယူလိုပါက: Page Messenger မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေး ချန်ပေးခဲ့လို့ ရပါပြီရှင့်
Direct from Japan 🇯🇵
100% Authentic
ပြေးနေစဉ် မိမိပစ္စည်းများကို ဂရုစိုက်ပါ... 😝
21/03/2026
ဒီနေ့ KBZ Run ပြေးတဲ့အခါ ထွက်လာတဲ့ Result ရဲ့ အခေါ်အဝေါ်နဲ့ အသုံးအနှုန်းကို Admin Luffy ရဲ့ record ပုံလေးကို ဥပမာပြပြီး ရှင်းပြပေးပါမယ်။
Gun Time vs Net Time ဘာကွာလဲ❓
=================
သေနတ်ဖောက် (သို့) ဟွန်းတီးပြီးပြီးချင်း ပန်းဝင်တဲ့အထိ အချိန် (Gun Time) က ၅၀ မိနစ် ၈ စက္ကန့် ကြာပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကြားထဲကနေ Start Line (စတင်တဲ့ မျဉ်း) ကို တကယ်တမ်း စနင်းမိတဲ့ အချိန်ကနေ ပန်းဝင်တဲ့ အချိန် (Net Time) ကတော့ ၄၉ မိနစ် ၄၄ စက္ကန့် ပဲ ကြာပါတယ်။
CP1 ကဘာလဲ❓
======
CP1 ဆိုတာက "Check Point 1" (စစ်ဆေးရေးဂိတ် ၁) လို့ အဓိပ္ပာယ်ရပါတယ်။
ပြိုင်ပွဲဝင်တွေ လမ်းဖြတ်မပြေးအောင် (ခိုးမပြေးအောင်) နဲ့ ပြေးနေတဲ့ လမ်းခုလတ်မှာ အချိန်ဘယ်လောက် ကြာနေပြီလဲ (Split time) ဆိုတာကို မှတ်ပေးဖို့အတွက် လမ်းတစ်ဝက်လောက်မှာ အချိန်မှတ်တဲ့ (Timing Mat) လေးတွေ ခင်းထားတတ်ပါတယ်။ ဒီနေ့ပွဲမှာတော့ City Mart ရှေ့မှာ ထားထားတဲ့ Scan စက်ကြားကနေ ပြေးလာခဲ့ရမှာကို မှတ်မိမှာပါ။
ဒီနေ့ပွဲကိုရော ဘယ်လိုလဲ အားရရဲ့လား?
Sharing လုပ်ချင်တာရှိရင် ပြောခဲ့ပါဦး။
19/03/2026
ပြေးနေတုန်း ခနနားရင် Pause လုပ်သင့်လား? ⁉️
========================
ပြေးတဲ့အချိန် ကိုယ့်အပြေးနှုန်းကို smart watch (သို့မဟုတ်) App ကနေ မှတ်တမ်းယူတဲ့အခါ ပြေးနေတုန်းခနရပ်တဲ့ချိန်ကို Pause လုပ်သင့်လား... ဒီတိုင်းထားသင့်လားဆိုတာ စပြေးတဲ့သူတွေ ကြုံရတတ်တဲ့ ဒွိဟဖြစ်စရာ တစ်ခုပါ။ Auto pause ပါတာတောင် ဖွင့်ရမလား ပိတ်ရမလား ဝေခွဲမရဖြစ်နေရင်တော့ ဒီ post က သင့်အတွက်ပါ။
Auto-Pause (အလိုအလျောက် ခဏရပ်ခြင်း) စနစ်ကို On ထားတာနဲ့ Off ထားတာဟာ သင်ပြေးတဲ့ ပတ်ဝန်းကျင်နဲ့ ရယူချင်တဲ့ Record အမျိုးအစားပေါ် မူတည်ပြီး ကွာခြားချက် ရှိပါတယ်။
🟢Auto-Pause ကို On ထားခြင်း (ဖွင့်ထားခြင်း)
=====================
သင် နေရာမှာတင် ရပ်လိုက်တာနဲ့ (ဥပမာ- မီးပွိုင့်မိလို့) Watch ဒါမှမဟုတ် App က အချိန်မှတ်တာကို အလိုအလျောက် ရပ်ပေးမှာပါ။ ပြန်ပြေးတာနဲ့ အလိုအလျောက် ပြန်စပါလိမ့်မယ်။
✅ အားသာချက်: သင် တကယ်ပြေးနေတဲ့ အချိန် (Moving Time) ကိုပဲ တွက်ချက်ပေးတဲ့အတွက် Average Pace (ပျှမ်းမျှအရှိန်) ပိုမြန်ပြီး တိကျနေပါလိမ့်မယ်။ ရေခဏသောက်တာ၊ ဖိနပ်ကြိုးချည်တာတွေကို ထည့်မတွက်ချင်ရင် အသုံးဝင်ပါတယ်။
❌ အားနည်းချက်: GPS အချက်ပြမှု အားနည်းတဲ့နေရာ (သစ်ပင်အုပ်အောက် ဒါမှမဟုတ် အဆောက်အဦး မြင့်မြင့်တွေကြား) မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်မိရင်တောင် Watch က သင်ရပ်နေတယ်လို့ ထင်ပြီး Pause ဖြစ်သွားတတ်ပါတယ်။ ဒါဆိုရင် Distance (အကွာအဝေး) လျော့သွားနိုင်ပါတယ်။
🔴Auto-Pause ကို Off ထားခြင်း (ပိတ်ထားခြင်း)
=======================
သင် ဘယ်လောက်ပဲ ရပ်နေပါစေ၊ အချိန်နာရီက ဆက်သွားနေမှာ ဖြစ်ပါတယ်။
✅ အားသာချက်: Elapsed Time (စုစုပေါင်းကုန်ဆုံးချိန်) ကို အတိအကျ ရပါတယ်။ အထူးသဖြင့် ပြေးပွဲ (Race) တွေမှာဆိုရင် ပွဲစီစဉ်သူတွေက သင်နားနေတဲ့အချိန်ကိုပါ ထည့်တွက်တာဖြစ်လို့ Off ထားတာက ပွဲအခြေအနေနဲ့ ပိုကိုက်ညီပါတယ်။
❌ အားနည်းချက်: မီးပွိုင့်မှာ ၅ မိနစ်လောက် ရပ်စောင့်နေခဲ့ရင် (ဒါမှမဟုတ်) အသိတွေ့လို့ စကားရပ်ပြောချိန် သင်ပြေးတဲ့ Pace (အရှိန်) က တော်တော်လေး ကျသွားပါလိမ့်မယ် (ဥပမာ- 6'00" ကနေ 8'00" လောက် ဖြစ်သွားနိုင်ပါတယ်)။
⁉️ဘယ်ဟာကို ရွေးချယ်သင့်သလဲ?
🟢 မြို့ထဲမှာ လေ့ကျင့်ခန်းဆင်းတာ (မီးပွိုင့်၊ လူရှုပ်တဲ့နေရာ) |
On ထားပါ။
🔴 Trail Running (တောတောင်ထဲပြေးတာ/ တောင်တက်တာ)
Off ထားပါ။ (အရမ်းနှေးတဲ့အခါ ခဏခဏ Pause ဖြစ်နေတတ်လို့ပါ)
🔴 ပြေးပွဲ (Race) ဝင်ပြိုင်တာ
Off ထားပါ။ (Official Time နဲ့ ကိုက်အောင်လို့ပါ)
🔴 Interval Training (ပြင်းပြင်းထန်ထန် ပြေးပြီး ခဏနားတာ)
Off ထားပါ။ (နားတဲ့အချိန်မှာ နှလုံးခုန်နှုန်း ဘယ်လောက်ကျသွားလဲ သိဖို့လိုလို့ပါ)
နိဂုံးချုပ်အနေနဲ့
သင်က မြို့ထဲမှာ လမ်းဘေးမှာ ပြေးတာမျိုးဆိုရင်တော့ On ထားတာက ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ ၁၀ ကီလိုမီတာလိုမျိုး ပြေးပွဲတွေမှာ ပြေးမယ်ဆိုရင်တော့ Off ထားတာက ပိုပြီး လက်တွေ့ကျပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon