AYA SOMPO Insurance
29/05/2026
ကျွန်တော်တို့ AYA SOMPO အာမခံရဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့ မိတ်ဆက်ပေးခဲ့တဲ့ iVA Bot Induction အစီအစဉ်အပြီးမှာတော့ iVA Bot ရဲ့ အသုံးပြုရလွယ်ကူမှုနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဘယ်လိုအထောက်အကူပြုနိုင်လဲဆိုတာကို မိတ်ဖက်ကိုယ်စားလှယ်များရဲ့ ပထမဆုံးအတွေ့အကြုံတွေနဲ့အတူ ယခုလိုပဲ မျှဝေပေးလိုက်ပါတယ်။
ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေနဲ့ Policyholders တွေအတွက် ပိုမိုကောင်းမွန်တဲ့ အာမခံဝန်ဆောင်မှုတွေကို ခေတ်မီနည်းပညာများနဲ့အတူ ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားသွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
23/05/2026
တစ်ခါတစ်ရံမှာ သဘာဝပတ်ဝန်းကျင်ကို ပြောတဲ့အခါ သစ်ပင်တွေ၊ တောတောင်တွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် သဘာဝရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးနေတဲ့ အရာတွေထဲမှာ သေးငယ်တဲ့ ဇီဝမျိုးစိတ်လေးတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေကြပါတယ်။
ဇီဝမျိုးစိတ်တစ်ခုချင်းစီဟာ သဘာဝတရားရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို တန်ဖိုးထားကာ ကာကွယ်စောင့်ရှောက်ခြင်းက ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနေခြင်းပဲဖြစ်ပါတယ်။
ဒီလိုအဖိုးတန်တဲ့ မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ပိုမိုနားလည်တန်ဖိုးထားနိုင်ဖို့အတွက် ဇီဝမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးဆိုင်ရာ စကားဝိုင်းတစ်ခုကို the Gallery by AYA SOMPO တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
သဘာဝကို စောင့်ရှောက်ခြင်းဆိုတာ ပတ်ဝန်းကျင်ကိုသာ ကာကွယ်ခြင်း မဟုတ်ပါဘူး။ အသက်ရှင်မှုတိုင်းရဲ့ တန်ဖိုးကို နားလည်ပြီး အတူယှဉ်တွဲ ရှင်သန်နေထိုင်နိုင်မယ့် အနာဂတ်ကို ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ AYA SOMPO အနေဖြင့် လူမှုပတ်ဝန်းကျင်နှင့် အနာဂတ်မျိုးဆက်များအတွက် တန်ဖိုးရှိသော အရာများကို ဆက်လက်ဖန်တီးသွားမည်ဖြစ်ပြီး ရေရှည်တည်တံ့သော အနာဂတ်တစ်ခုကို လက်တွဲဖော်တစ်ယောက်အဖြစ် အတူတကွတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 245, Corner Of Maha Bandula Road And 46th Street, Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |