Jacksan

Jacksan

Share

13/10/2025

IPA ဆိုတာဘာလဲ? (အပိုင်း - ၁)

30/08/2025

✅ကိုယ့်အင်္ဂလိပ်အသံထွက်မကောင်းလို့ အများကြားမှာမျက်နှာငယ်နေရပြီလား? အင်္ဂလိပ်အသံထွက်ကို Professional အဆင့်ထိသင်ယူချင်တာလား? ဒါမှမဟုတ် IPA တွေရဲ့အကြောင်းကို တခြားသူတွေကိုပြန်သင်ပေးနိုင်လောက်တဲ့အထိ အသေးစိတ်သင်ယူချင်တာလား?

✅ဒါဆိုရင်တော့ နိုင်ငံတကာအသံထွက်သင်္ကေတတွေဖြစ်တဲ့ International Phonetic Alphabetsတွေရဲ့အကြောင်းကို သမိုင်းကြောင်းကအစ အဆင့်မြင့်ထိလေ့လာသင်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အပြည့်စုံဆုံး IPA Professional Class ကြီးကို Learn With S.M.Aမှ ပထမဆုံးဖွင့်လှစ်ပေးလိုက်ပါပြီ။

🍁ကမ္ဘာကျော်အသံထွက်စနစ်နှစ်မျိုးဖြစ်တဲ့ British နဲ့ American Accent နှစ်ခုစလုံးရဲ့ သဘောသဘာဝတွေ၊ အသံထွက်တဲ့အခါမှာကွာခြားတဲ့ ခြားနားချက်တွေဖြစ်တဲ့ Mouth Position နဲ့ Pronunciation Source တွေ၊ Timing System ‌တွေ အကြောင်းကအစ အသေးစိတ်၊အနုစိတ် ယှဉ်တွဲလေ့လာသင်ယူသွားရမှာဖြစ်ပြီး အင်္ဂလိပ်စကားလုံးတစ်လုံးကို အသံထွက်တဲ့အခါမှာ မဖြစ်မနေသိထားသင့်တဲ့ အသံအနိမ့်အမြင့် အဖိအဖော့တွေရဲ့ အကြောင်းကိုလည်း စိတ်ပါဝင်စားမှုကောင်းစွာနဲ့ အသက်ရှုမှားလောက်အောင်သင်ယူလေ့ကျင့်သွားရမယ့် သင်တန်းကြီးလည်းဖြစ်ပါတယ်။

✅ကိုယ်ထွက်ရမယ့်အသံဟာ စကားသံဖြစ်အင်္ဂါဖြစ်တဲ့ ဘယ်အစိတ်အပိုင်းတွေကို အားပြုပြီးထုတ်လုပ်ရမယ်ဆိုတဲ့အကြောင်းအရာတွေအပြင် အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့အသံကိုကြားလိုက်တာနဲ့ IPA သင်္ကေတတွေနဲ့ ကိုယ်တိုင်ချရေးပြနိုင်တဲ့ Levelထိရောက်အောင် သင်ယူမှု၊လေ့ကျင့်မှုများစွာကိုပြုလုပ်ရမယ့်သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းကိုဘယ်သူတွေတက်သင့်လဲ?

🔀လက်ရှိအင်္ဂလိပ်ဘာသာစကားကိုသင်ကြားပေးနေတဲ့ အင်္ဂလိပ်စာဆရာ/ဆရာမတွေ

🔀အင်္ဂလိပ်ဘာသာစကားကို စိတ်ပါဝင်စားစွာသင်ယူလေ့လာနေကြတဲ့ အင်္ဂလိပ်စာ ဝါသနာရှင်ညီအစ်ကိုမောင်နှမတွေ

🔀အင်္ဂလိပ်ဘာသာစကားကို အကောင်းဆုံး အဆင့်မှီဆုံး လေယူလေသိမ်းနဲ့ ယုံကြည်မှုအပြည့်နဲ့ ပိုင်နိုင်စွာ ပြောဆိုတတ်ချင်တဲ့ အင်္ဂလိပ်စကားပြောလေ့လာနေသူတွေ

🔀 အင်္ဂလိပ်အသံထွက်ပိုင်းကို ဆရာကျကျတတ်မြောက်ထားချင်ပြီး တခြားသူများကို ယုံကြည်မှုရှိရှိပြန်လည်သင်ကြားပေးချင်သူတွေ

🔀လက်ရှိကျောင်းတက်နေပြီး အင်္ဂလိပ်စာနဲ့ရေးသားထားတဲ့ ဘာသာရပ်တွေကို မဖြစ်မနေသင်ယူနေရသူတွေ။ အနေနဲ့ မဖြစ်မနေတက်ရောက်လေ့လာသင်ယူသင့်တဲ့ မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ အပြည့်စုံဆုံး အင်္ဂလိပ်အသံထွက်ဆိုင်ရာသင်တန်းကြီးလည်းဖြစ်ပါတယ်။

🍁Learn With S.M.A အနေနဲ့ ၂၀၂၄ခုနှစ်မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ/ဆရာမများအတွက်ရည်ရွယ်ပြီး ၂လတာ IPA သင်တန်းကြီးကို ပညာဒါနအနေနဲ့ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်မှာတော့ ပိုမိုပြည့်စုံတဲ့သင်ရိုးတွေနဲ့ပြည်လည်ဖြည့်စွက်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ပထမအကြိမ် IPA ပညာဒါနသင်တန်းကြီးကိုတက်ရောက်သင်ယူခဲ့ကြတဲ့ သင်တန်းသားတွေရဲ့ Honest Reviews တွေကိုလည်း ဒီပို့စ်ရဲ့ Comment အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဘယ်သူသင်မှာလဲ?
✅✅✅✅✅

ကိုယ်တိုင်က အောင်မြင်တဲ့ အင်္ဂလိပ်ဘာသာစကားပြောဧည့်လမ်းညွှန်တဦးလည်းဖြစ်ပြီး ကမ္ဘာကျော်ခရီးသွားလမ်းညွှန်စာအုပ်များစွာမှာ ဖော်ပြခြင်းခံရပြီး အင်္ဂလိပ်ဘာသာစကားဆိုင်ရာသင်တန်းတွေကို ၂၀၁၆ခုနှစ်ကတည်းက စတင်ဖွင့်လှစ်သင်ကြားပေးနေတဲ့

Saya U Soe Moe Aung

Tour Guide (English)
G-9208
LL.B က သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုသင်ကြားမလဲ?
✅✅✅✅✅✅

သင်တန်းကာလနှစ်လတာမှာ တပါတ်နှစ်ရက်၂နာရီစာသင်ချိန် သင်ယူရမှာဖြစ်ပြီး လေ့ကျင့်ခန်းတွေကို ကျန်ကြားရက် မိမိအားလပ်တဲ့အချိန်တွေမှာသင်တန်းရဲ့ Telegram Group ထဲမှာ ပေးပို့သွားရမှာဖြစ်ပါတယ်။သင်္ကေတတခုချင်းစီအတွက် Listening Skill ဆိုင်ရာ Videoတွေကအစ နားထောင်တတ် နားလည်တတ်အောင် အသေးစိတ်ပြသ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အခါမှာ IPA Professional Certificate ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။

သင်တန်းကြေး နဲ့ စာရင်းပေးရမည့်ပုံစံ
✅✅✅✅✅✅✅✅✅✅

သင်တန်းကာလနှစ်လအတွက် သင်တန်းကြေး ၁၀၀၀၀၀ကျပ်သာ သတ်မှတ်ထားပြီး Learn With S.M.A က ဖွင့်လှစ်ခဲ့ဖူးတဲ့မည်သည့်သသင်တန်းအမျိုးအစားမှာမဆို တက်ရောက်သင်ယူခဲ့ဖူးသူတွေနဲ့ ဆရာဦးဇေယျာဝင်းထုတ်ဝေထားတဲ့ IPA & Phonics ပညာရပ်ဆိုင်ရာ စာအုပ်တအုပ်အုပ်လက်ဝယ်ရှိထားသူတွေအနေနဲ့ သင်တန်းကြေး ၇၀၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

🍁သင်တန်းရဲ့ IPA သင်ကြားမှုနမူနာ Video တွေကိုသင်တန်းကြေးမသွင်းခင် လေ့လာနိုင်အောင် " Learn With S.M.A Class Inquiry" Group ရဲ့ Guidesမှာ ဝင်ရောက်လေ့လာကြည့်ရှုနိင်ပြီး သင်ကြားပုံနည်းစနစ်တွေကို ကြိုက်နှစ်သက်ပြီဆိုမှ သင်တန်းကြေးပေးသွင်းရမယ့်စနစ်ကို ကျင့်သုံးပေးထားပါတယ်။

✅သင်တန်းကိုတော့ ၁၁.၉.၂၀၂၅ရက်နေ့ ည
အပတ်စဥ် (အင်္ဂါ၊ဗုဒ္ဓဟူး)၈နာရီမှာစတင်သင်ကြားသွားမှာဖြစ်ပါတယ်။

🍁Learn With S.M.A အနေနဲ့ အင်္ဂလိပ်စကားပြော နှစ်လပြတ် Zoom Class တွေကိုလည်း လစဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး၊ အလုပ်မအားလပ်တဲ့သူတွေအတွက် အားလပ်ချိန်မှာသင်ယူနိင်တဲ့ Facebook Video Class နဲ့ Telegram Video Class တွေကိုလည်းဖွင့်လှစ်ပေးထားဝာာမို့ Page မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

🍁သင်တန်းနဲ့ပက်သတ်တဲ့ အကြောင်းအရာလေးတွေမေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

09887788761
09887788762
09887788763
09887788764

တို့ကို ဆက်သွယ်ပြီး
မေးမြန်းစုံစမ်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

သင်တန်းအပ်နှံရန်

m.me/Learnwithsmavvip

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 42-, Third Floor, East Horse Race Course Road, Tamwe Township, Near UAB Bank
Yangon
11211