Pet Coach

Pet Coach

Share

29/05/2026

😻ကိုယ့်ရဲ့ အချစ်တော် ကြောင်လေးတွေ ဗိုက်ပြည့်ပြီး စိတ်ချမ်းသာဖို့ဆိုတာ အရည်အသွေးကောင်းတဲ့ ကြောင်စာနဲ့ သန့်ရှင်းတဲ့ ကြောင်သဲ ရှိဖို့က အဓိကပဲ မဟုတ်လား❓

ကြောင်လေးတွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ တာဝန်ယူပေးနိုင်ဖို့ Pet Coach က အရည်အသွေးအကောင်းဆုံးနဲ့ စျေးနှုန်းအသင့်အတင့်ရှိတဲ့ ကြောင်စာနဲ့ ကြောင်သဲတွေကို ရွေးချယ်တင်သွင်းပေးထားပါတယ်။ ✨

Pet Coach မှာ ဘာတွေ ရရှိနိုင်မလဲ?

🐈ကြောင်လေးတွေ ကျန်းမာသန်စွမ်းပြီး အမွှေးအမျှင်လှပစေဖို့ အာဟာရပြည့်ဝတဲ့ ကြောင်စာ အမျိုးမျိုး။

🐈အနံ့အသက်ကို ကောင်းကောင်းထိန်းချုပ်ပေးပြီး သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့် ကြောင်သဲများရနိုင်တာမို့

ကြောင်လေးတွေ စိတ်တိုင်းကျစေမယ့် ကြောင်စာနဲ့ ကြောင်သဲတွေကို အခုပဲ Pet Coach မှာ မှာယူလိုက်ရအောင်။

ကိုယ့်ရဲ့ အချစ်တော်လေးတွေ ပျော်ရွှင်နေဖို့ Pet Coach က အမြဲရှိနေမှာပါ🐾

အသေးစိတ်သိရှိလိုပါက Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 📩

📞 Phone- 09-775149731, 09-895084722

01/05/2026

ကမ္ဘာ့အလုပ်သမားနေ့ ⭐

မေလ (၁) ရက်နေ့မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏအလုပ်သမားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။

#အလုပ်သမားနေ့

30/04/2026

🌕 ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေ...

နွေအပူကို မေတ္တာဓာတ်နဲ့ အနိုင်ယူပြီး အေးမြတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းမေတ္တာ ပို့သပါတယ်။ 🙏



#ကဆုန်လပြည့်နေ့

17/04/2026

နှစ်ဟောင်းက ပင်ပန်းနွမ်းနယ်မှုတွေကို အတာရေနဲ့ ဆေးကြောပစ်လိုက်ပါ…💦

နှစ်သစ်မှာ စိတ်ကူးသစ်၊ အားအင်သစ်တွေနဲ့အတူ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🍃


#နှစ်သစ်ဆုတောင်း

13/04/2026

💦နှစ်သစ်သင်္ကြန်မှာ အေးမြတဲ့ အတာရေနဲ့အတူ စိတ်နှလုံးကြည်လင်အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏

24/03/2026

🐾 အချစ်တော်လေးတွေအတွက် အရသာသစ်တွေ ရပြီနော်…

အိမ်က အစားရွေးတဲ့ အချစ်တော်လေးတွေအတွက် အမြဲတမ်း တစ်မျိုးတည်းကျွေးရမှာ စိတ်ပူနေလား❓

အခုဆိုရင်တော့ Pet Coach ကနေ ပိုမိုစုံလင်ပြီး အာဟာရပြည့်ဝတဲ့ အရသာအသစ်တွေကို ထပ်မံဖြည့်ဆည်းပေးလိုက်ပါပြီ။ ✨

🐈 အရင်က ငါးအရသာ တစ်မျိုးတည်းနဲ့တင် အကြိုက်တွေ့ခဲ့ကြတဲ့ မြောင်လေးတွေအတွက် အခုဆိုရင်...ကြက်သားအရသာကိုပါ အသစ်ရရှိနိုင်ပါပြီ။
ပိုမိုနူးညံ့ပြီး အသားဓာတ်အပြည့်အဝပါဝင်လို့ ကြောင်လေးတွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲနော်…

🐕ဝုလေးတွေအတွက်လည်း...
အားအင်ပြည့်ဝစေမယ့် ကြက်သားအရသာကို အသစ်ထပ်မံရရှိနိုင်ပါပြီ။ အမောခံနိုင်ပြီး အမွေးအမျှင်သန်စွမ်းစေတဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင် ပါဝင်ပါတယ်ရှင်။

Pet Coach အစာတွေဟာ အနံ့အရသာတင် ကောင်းမွန်တာမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အချစ်တော်လေးတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာလန်းဆန်းနေစေဖို့ အရသာသစ်တွေကို အခုပဲ မြည်းစမ်းကြည့်ဖို့ လက်တို့လိုက်ပါရစေနော်။🧡

📞 Phone / 09-775149731, 09-895084722

#ကြောင်စာ #ခွေးစာ

04/03/2026

အပူရှိန်ပြင်းထန်တဲ့ နွေရာသီမှာ Pet လေးတွေဟာ လူတွေထက် ပိုပြီး အပူဒဏ်ကို ခံစားရတတ်ပါတယ်။ 🐾

နွေပူပူမှာ ချွေးမထွက်နိုင်တဲ့ အသည်းကျော် Pet လေးတွေအတွက် Pet Coach ကနေ အထူးအကြံပြုချက်လေးတွေ ယူဆောင်လာပါပြီ။ ☀️🐶🐱

သူတို့လေးတွေ ကျန်းမာလန်းဆန်းနေစေဖို့ အောက်ပါအချက်လေးတွေကို အတူတူလိုက်နာကြရအောင်နော်...

💧 ရေအမြဲတမ်း လုံလောက်အောင် ထားပေးပါ
အပူဒဏ်ကြောင့် ရေဓာတ်မခမ်းခြောက်စေဖို့ သန့်ရှင်းလတ်ဆတ်တဲ့ သောက်ရေကို နေရာအနှံ့ အလွယ်တကူ သောက်နိုင်အောင် ပြင်ဆင်ထားပေးပါ။

🏠 အေးမြတဲ့နေရာမှာ ထားပေးပါ
နေရောင်တိုက်ရိုက်မကျတဲ့ နေရာ၊ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ အခန်း (သို့မဟုတ်) အရိပ်ရတဲ့နေရာမှာ ထားရှိပေးဖို့ လိုအပ်ပါတယ်။

🏃‍♂️ အပြင်လှုပ်ရှားချိန် သတိထားပေးပါ
နေပူလွန်းတဲ့ နေ့လယ်ဘက်တွေမှာ အပြင်ခေါ်မသွားပါနဲ့။ လမ်းလျှောက်ထွက်မယ်ဆိုရင် အေးမြတဲ့ မနက်စောစော ဒါမှမဟုတ် ညနေစောင်းအချိန်ကိုပဲ ရွေးချယ်ပေးပါ။

🥣 နွေရာသီနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ကျွေးပါ
အစာကြေလွယ်ပြီး ရေဓာတ်ပါဝင်မှုရှိတဲ့ အစားအစာတွေကို ဂရုစိုက်ကျွေးမွေးပေးပါ။

⚠️ Heatstroke လက္ခဏာတွေကို အထူးသတိပြုပါ
အရမ်းအသက်ပြင်းပြင်းရှူတာ၊ သွားရည်တွေအလွန်အကျွံကျတာ၊ မလှုပ်ချင်မယိုင်ချင်ဖြစ်တာ စတဲ့ အပူလျှပ်တဲ့ လက္ခဏာတွေရှိလာရင် နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။

ချစ်စရာကောင်းတဲ့ Pet လေးတွေ ပျော်ရွှင်ကျန်းမာစွာနဲ့ ဒီနွေရာသီကို ဖြတ်သန်းနိုင်ဖို့ Pet Coach က အမြဲရှိနေပါတယ်။ 🩵

02/03/2026

မတ်လ (၂) ရက်နေ့မှာ ကျရောက်သော တောင်သူလယ်သမားနေ့မှစလို့ တောင်သူဦးကြီးများအားလုံး မိုးလေဝသမှန်ကန်ပြီး သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ…

ပင်ပန်းရကျိုးနပ်စွာဖြင့် ရွှေဝါရောင်စပါးနှံများ ရိတ်သိမ်းဆွတ်ခူးနိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်… 🧑‍🌾✨


#တောင်သူလယ်သမားနေ့

17/02/2026

🧧 မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ…

နှစ်သစ်မှာ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကြည်လင်လန်းဆန်းစွာဖြင့် ပျော်ရွှင်စရာ နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းပေးလိုက်ပါတယ်။ 🩵


#တရုတ်နှစ်သစ်ကူး

#တရုတ်နှစ်သစ်ကူးဆုတောင်း

12/02/2026

🇲🇲 သွေးချင်းတို့ရဲ့ စည်းလုံးမှုဟာ ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ အုတ်မြစ်ဖြစ်တဲ့အတွက် ပိုမိုလှပတဲ့ အနာဂတ်ဆီသို့ ညီညွတ်သောခြေလှမ်းများဖြင့် အတူတူလှမ်းချီကြရင်း (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။


#ပြည်ထောင်စုနေ့

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kan Street
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00