For your gallery
18/01/2026
New Year’s Day( 正月)🎍
ဂျပန်လူမျိုးတို့ရဲ့နှစ်သစ်ကူးနေ့ကိုနှစ်တစ်နှစ်ရဲ့တစ်လပိုင်း ပထမဆုံး(၇)ရက်နေ့(တနည်းအားဖြင့် ဇန်နဝါရီ ၁ရက်-၇ရက်)အထိ သတ်မှတ်ကြပြီး နှစ်သစ်ကူးပွဲတော် များ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။
ဇန်နဝါရီလရဲ့ပထမဆုံးနေ့ (၁)ရက်နေ့ရဲ့မနက်ပိုင်းထွက်တဲ့နေ့ကို နှစ်တစ်နှစ်ရဲ့အစ နေထွက်ချိန်ဆိုပြီးတကူးတက အချိန်ပေးပြီး ကြည့်ကြလေ့ရှိတယ်။အဲ့လိုနေထွက်ချိန်
ကြည့်တာကို ဂျပန်လို (初日の出) ဟဆုဟိနိုထဲ လို့ခေါ်လေ့ရှိကြတယ်။ဇန်နဝါရီလရဲ့ ၁ရက်နေ့၂ရက်နေ့ အတွင်းမက်တဲ့အိမ်မက်ကိုလည်း နှစ်အစမှာမက်တဲ့အိမ်မက် ဂျပန်လို (初夢)ဟဆုယုမဲ ဆိုပြီး ခေါ်လေ့ရှိကြပါတယ်။အဲ့၂ရက်အတွင်းမက်တဲ့အိမ်မက်ကိုလည်း နာမည်ပေးပြီး အဓိပ္ပာယ်အနေနဲ့သတ်မှတ်တာမျိုးလည်းရှိကြပါတယ်။
ဖူဂျီတောင် အိမ်မက် 🌋
ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင် အနေနဲ့သတ်မှတ်ပြီး ကံအကောင်းဆုံးနှစ် လို့ သတ်မှတ်ကြတယ်
သိမ်းငှက် အိမ်မက် 🦅
ဉာဏ်ပညာတိုးတက်ပြီး ဂုဏ်ကျက်သရေတိုးပွါးမည့်နှစ်လို့ သတ်မှတ်ကြတယ်
ခရမ်းသီး အိမ်မက် 🍆
အောင်မြင်မှုတွေရရှိမယ်၊အိမ်မက်တွေအကောင်အထည်ဖော်နိုင်မည့်နှစ်လို့ သတ်မှတ်ကြတယ်
အိမ်မက်နမိတ်ကောင်းမက်လျှင် ကောင်းတဲ့နမိတ်တွေ တိုးပွါးအောင် ဖြန့်ဝေတဲ့အနေနဲ့
တခြားသူကိုလည်းပြောပြမျှဝေပေးခြင်း ပြုလုပ်တတ်ကြပြီး အိမ်မက်မကောင်းလျှင် နမိတ်ဆိုးများထွက်သွားအောင် ကံတွေမကောင်းတော့မည်ကိုကြိုသိသည့်အနေဖြင့် ပိုမိုကောင်းမွန်စွာ သတိထားဆင်ခြင်နေထိုင်ခြင်းဖြင့်အိမ်မက်ဆိုးများကို ကာကွယ်ခြင်းဖြင့် ပြုလုပ်လေ့ရှိကြသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |