Techno Point

Techno Point

Share

24/12/2023
14/12/2023
24/11/2023

Production operator (Singapore)

Male (Work pass)
Age - 23 - 35
Education - Degree or Diploma
Experience - prefer experience in plastic industry
Working hours - 12 hours/ 6 days
Gross salary - ~ 2000 SGD
Physically fit- able to lift 25kg resin bag Contact phone- 09783124911, 09961338765
Email: [email protected]

Photos from Techno Point's post 05/09/2023

/ တွေရဲ့ ဖိအားမြင့် ကာကွယ်ရေးအစိတ်အပိုင်းတွေပြီးတဲ့အခါ
👉 ဖိအားနိမ့်ခြင်း သို့မဟုတ် Refrigerant လျော့ခြင်းတွေဖြစ်လာတဲ့ အခါမှာလည်း Compressor ကို ကာကွယ်ဖို့အတွက် ဖိအားနိမ့် ကာကွယ်ရေး စနစ်တွေနဲ့ လုပ်ဆောင်ရပါတယ်။
💢ဖိအားနိမ့် (Low pressure)ပိုင်းမှာတော့ Low Pressure Sensorကို Indoor Unit ကနေပြန်လာပြီး Accumulator ကို ဝင်မယ့်နေရာမှာ တပ်ဆင်ထားလေ့ရှိပါတယ်။
💢Low Pressure Sensor ကနေထောက်လှမ်းရရှိလာတဲ့ Pressure ကို CPUက ဖတ်ပြီး Evaporatorပိုင်းမှာရှိတဲ့ ဖိအား (Evaporating Pressure)နဲ့နှိုင်းယှဥ်ပြီး စနစ်ကို ကာကွယ်ပါတယ်။ Evaporating Pressure သည် 0.4MPa (58Psi)ထက်များနေရင် စနစ်ကို ပုံမှန် လည်ပတ်နေစေမှာဖြစ်ပြီး Evaporating Pressure သည် 0.35MPa (50Psi)ထက် ပိုနည်းနေရင် Compressor လည်ပတ်နှုန်းကို လျော့ချပေးမှာဖြစ်ပါတယ်။
👉အကယ်၍Evaporator Pressure က 0.07MPa (10Psi) အောက် မိနစ်၆၀ အတွင်း ၃ကြိမ်လောက် ရောက်မယ်ဆိုရင် စနစ်မှာ ပြဿနာရှိနေပြီ ယူဆတဲ့ အတွက် Error ပြပြီး ရပ်ထားမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ👇

စနစ်တွေရဲ့ Inverter Compressor အထွက်မှာ တပ်ထားတဲ့ Discharge Pipe Temperature Sensor လေးအကြောင်းဆွေးနွေးချင်ပါတယ်။

💢Discharge Pipe Temperature Sensor တွေဟာ Compressor အပူလွန်ကဲစွာ မြင့်တက်ခြင်းကနေ ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ တပ်ဆင်ထားတာဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်လုပ်ပုံက Compressor အထွက်မှာရှိတဲ့ Discharge Pipe မှာရှိတဲ့ခအပူချိန်ကို အာရုံခံတာဖြစ်ပါတယ်။ သူ့ကို တပ်ဆင်တဲ့အခါ အပြင်အပူချိန်နဲ့ ရောနှောမှုမရှိဖို့ အပူကာပိုက် သေချာဖုံးအုပ်ဖို့လိုပါတယ်။
ပုံမှန် အခန်းအပူချိန် ၂၅ဒီဂရီ ဆဲလ်ဆီးယပ်မှာဆိုရင် (၁၉၈ကီလိုအုမ်း)ရှိပါတယ်။ Discharge Pipeမှာရှိတဲ့ အပူချိန်ဟာ ၉၅ ဒီဂရီ ဆဲလ်ဆီးယပ် အောက်ရှိနေတယ်ဆိုရင် Compressor ကို ပုံမှန်အတိုင်း လည်ပတ်စေပါတယ်။ အကယ်၍ Discharge Pipe အပူချိန်သည် ၁၀၈ ဒီဂရီ ဆဲလ်ဆီးယပ် ထက်ကျော်လာမယ်ဆိုရင် Compressor ရဲ့ RPM လို့ခေါ်တဲ့ လည်ပတ်နှုန်းကို အဆင့်လျှော့ချပေးမှာဖြစ်ပါတယ်။
💢အကယ်၍မိနစ်၁၀၀ အတွင်း ၂ကြိမ် Discharge Pipe ရဲ့အပူချိန် ၁၃၅ဒီဂရီ ဆဲလ်ဆီးယပ် ကျော်သွားမယ်ဆိုရင်တော့ Error ပြပြီး စနစ်ကို ရပ်တန့်ပေးထားမှာဖြစ်ပါတယ်။

အားလုံး အလုပ်အကိုင်တွေအဆင်ပြေကြပါစေ။
#ထက်အာကာကျော်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Techpark 151, YawGi Kyaung Street, Hlaing Township
Yangon
95