MyanmarTourismGuide
14/11/2016
ချောင်းသာကမ်းခြေရောက်ခဲ့ရင် အပျော်စီးသင်္ဘောစီးလို့ရပါပြီ။ အေးမြသာယာတဲ့ ချောင်းကျယ်နံဘေးနှင့် တောတောင်ရှု့ခင်းတွေကိုကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ချောင်းသာရဲ့ လှပတဲ့ကမ်းခြေအလှတွေအပြင် အခြား ဗဟုသုတများစွာကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ်။
အခုလိုဝန်ဆောင်မှု့ကိုပေးနေသူတွေကတော့ “ချောင်းသာယာ အပျော်စီးသင်္ဘော” ပဲဖြစ်ပါတယ်။ ချောင်းသာယာဆိပ်ကမ်း၊ ဥတိုတံတားထိပ် မှာတည်ရှိတာပါ။
ဒါကြောင့် ကမ်းခြေရောက်ပြီး သင်္ဘောအပျော်စီးချင်တဲ့သူငယ်ချင်းတွေရှိရင် အဆင်ပြေအောင် ဖော်ပြလိုက် ပါတယ်။
ချောင်းသာယာ အပျော်စီးသင်္ဘော
09 452 955 661~5 အထိဆက်လို့ရပါတယ်။
www.myanmartourismguide.com
photo:
13/10/2016
#ပုသိမ်ထီး
ပုသိမ်ထီးမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၏အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်မိကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးပင်ဖြစ်ပါလိမ့်မည်။
သစ်ဝါးများမှ ပုသိမ်ထီးတစ်လက်ဖြစ်လာဖို့ အဆင့်ပေါင်းလေးဆယ်ကျော် ဖြတ်သန်းရသည်ဟု မှတ်သားဘူးပါသည်။ ထီးကောင်းတစ်လက် ဖြစ်လာဖိုရာ အနည်းဆုံး တစ်လကျော်ထိ အချိန်ယူရပါသည်။
မြန်မာ့လက်မှု့ပညာရပ်တစ်ခုဖြစ်သော ပုသိမ်ထီးလုပ်ငန်းမှာ ကုန်ကြမ် ရှားလာ
ခြင်း၊ ကျွမ်းကျင်သူများနည်းလာခြင်းများကြုံတွေ့နေရပါသည်။ ရိုးရာမပျက် မိဘအမွေ ထိန်းသိမ်းထားသူများရှိနေသည့်အတွက်သာ ယခုထိမြင်တွေ့နေရခြင်းဖြစ်ပါသည်။
for more information about Myanmar
www.myanmartourismguide.com
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon