Spectrum - Sustainable Development Knowledge Network
As Myanmar embarks on a new phase of national development, Spectrum's mission is to facilitate constructive multi-stakeholder engagement on environment, sustainable development and natural resource management issues. We connect with government, business and local communities to inform, empower and educate in our role as an information-sharing network. At the core of our work is a focus on access t
29/04/2026
(၃) သောင်းတန် ဖုန်းဘေလ်ဆုလက်ဆောင် ကံထူးနိုင်မယ့် အခွင့်အရေးကြီးကို လက်လွတ်မခံလိုက်နဲ့နော် ‼️
ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ကျန်းမာညီညွတ်တဲ့ ရိုးရှင်းတဲ့ အိမ်ချက်ဟင်းလျာတွေကို ချက်ပြုတ်ရင်း ပါဝင်ဖို့ မေလ (၅) ရက်နေ့အထိပဲ အချိန်ရှိပါတော့တယ်။ ကံထူးရှင် အယောက် (၃၀) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဟင်းမျိုးစုံနဲ့ တစ်ကြိမ်ထက်မက ဝင်ရောက်ယှဉ်ပြိုင်နိုင်တာမလို့ များများပြိုင်လေ၊ ကံထူးဖို့ အခွင့်အရေး ပိုများလေပါပဲနော်။
ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘတ်ဂျက်ငွေ ၃,၀၀၀ ကျပ်အတွင်းမှာ ပါဝင်ပစ္စည်း (၃) မျိုးတည်းကိုပဲ သုံးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်ချက်ဟင်းတစ်ပွဲကို ချက်ပြုတ်ရမှာပါ။ ပြီးရင်တော့ မိမိချက်ထားတဲ့ ဟင်းပွဲဓာတ်ပုံနဲ့အတူ အဲဒီဟင်းလျာက ဘာကြောင့် အာဟာရဖြစ်စေတယ်ဆိုတဲ့ အကြောင်းအရာလေးကို မူရင်းပြိုင်ပွဲပို့စ်ရဲ့ ကောမန့်မှာ ရေးသားပေးခဲ့ရုံပါပဲ။
(https://www.facebook.com/share/p/1bsaR5C9ne/)
သတ်မှတ်ရက် ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတော့ အခုပဲ အမြန်ဆုံး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။
[ENG]
Don’t miss your chance to win a MMK 30,000 phone top up prize! Participate in the “Healthy Simple Meals – 3 Ingredients Challenge” before the deadline of 5 May 2026. 30 lucky winners will be selected, and to increase your chances of winning a prize, you can submit multiple entries.
To participate, cook a healthy dish using only 3 ingredients within a MMK 3,000 budget. Take a photo of the dish and submit it as a comment on the contest announcement post (https://www.facebook.com/share/p/1bsaR5C9ne/), along with a short note on why your meal is nutritious.
The submission deadline is getting closer, so submit your contest entry now!
21/04/2026
ဓာတ်ပုံပြိုင်ပွဲအစီအစဉ် - အမယ် (၃) မျိုးထဲနဲ့ အာဟာရပြည့်ဝတဲ့ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ ဖန်တီးကြမယ်! 🍲🥗
ဘက်ဂျက်ငွေ ၃,၀၀၀ ကျပ်ထဲနဲ့ ပါဝင်ပစ္စည်း (၃) မျိုးကိုပဲ အဓိကသုံးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဟင်းတစ်ခွက်ကို သင် ချက်ပြုတ်နိုင်ပါသလား? ဒါဆိုရင်တော့ သင့်ရဲ့ လက်ရာနဲ့ ဖန်တီးနိုင်စွမ်းကို ပြသပြီး ဖုန်းဘေလ် ကျပ် ၃၀,၀၀၀ ဆွတ်ခူးနိုင်မယ့် ကံထူးရှင် (၃၀) ဦးစာရင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဘယ်လို ပါဝင်ယှဉ်ပြိုင်ရမလဲ?
- ဒီပို့စ်အောက်မှာ ကိုယ်တိုင် ဖန်တီးချက်ပြုတ်ထားတဲ့ ဟင်းလျာဓာတ်ပုံကို ကွန့်မန့် မန့်ပေးပါ။ ဘတ်ဂျက် ၃,၀၀၀ ကျပ်ထက်မပိုဘဲ အဓိက ပါဝင်ပစ္စည်း ၃ မျိုးထဲနဲ့ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ရပါမယ်။
- ကွန့်မန့်မှာ သင်ချက်ထားတဲ့ ဟင်းလျာက ဘယ်လို အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာကို (စာကြောင်း ၃ ကြောင်းအတွင်း) ရေးသားဖော်ပြပေးပါ။
အကြံပြုချက် - ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်သီး စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အနံ့အရသာမှုန့်တွေကို မိမိနှစ်သက်သလိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒီအရာတွေကတော့ ပါဝင်ပစ္စည်း (၃)မျိုး ကန့်သတ်ချက်ထဲမှာ ထည့်သွင်းရေတွက်မှာ မဟုတ်ပါ။
နောက်ဆုံးယှဉ်ပြိုင်ရမယ့်ရက်ကတော့ မေလ (၅) ရက်နေ့ဖြစ်ပါတယ်။ ကံထူးရှင်တွေကိုတော့ မေလ (၁၅) ရက်နေ့ မတိုင်ခင် ကြေညာပေးသွားပါမယ်။ အိမ်ရှင်မတို့ရဲ့ လွယ်ကူသက်သာပြီး အာဟာရပြည့်ဝတဲ့ အိမ်ချက်လက်ရာကောင်းတွေကို ရင်ခုန်စွာ စောင့်မျှော်နေပါတယ်နော်။ အားလုံးပဲ ကံကောင်းကြပါစေ။ 🍀✨
[ENG]
Photo Contest: Healthy Simple Meals – Three Ingredients Challenge! 🍲🥗
Can you make a nutritious recipe with just three ingredients within a budget of MMK 3,000? Show us your healthy dish and you could be one of 30 winners to receive a MMK 30,000 phone top-up!
To Participate:
- Comment under this post with a photo of your creative, nutritious three-ingredient dish. The dish should be authentically homemade and the total cost of the ingredients should not exceed MMK 3,000.
- Include a short explanation (up to three sentences) about why your meal is nutritious.
Tip: You can add spices, condiments, or flavourings such as onion, ginger, garlic and chilli; these do not count toward your three-ingredient limit.
The deadline for submissions is 5 May 2026. We will announce the winners on or before 15 May 2026. We look forward to seeing your homemade nutritious meals using affordable ingredients. Good luck! 🍀✨
24/03/2026
“ဟင်းသီးဟင်းရွက်တွေကို အကြာကြီးမပြုတ်နဲ့” လို့ အော်နေကျ အိမ်ကအမေရဲ့စကားသံလေးတွေ သင်ကြားဖူးပါသလား? ဒါဟာ သူမ အမြော်အမြင်ရှိလို့ပါပဲ။ တချို့ဟင်းသီးဟင်းရွက်တွေ (ဥပမာ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင်အသီးအရွက်တွေ) ကို ရေထဲမှာ အကြာကြီးပြုတ်ရင် ဗီတာမင် စီ၊ ဗီတာမင် ဘီစတဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါကြောင့် အကြာကြီးချက်ပြုတ်တဲ့အချိန်တွင်းမှာပဲ ပြုတ်ရည်ထဲမှာ အဲ့ဒီအာဟာရဓာတ်တွေဟာ ဆုံးရှုံးသွားစေနိုင်ပါတယ်။ 🥦🧅
ဒါပေမယ့် အစိမ်းစားရမယ်လို့တော့ မဆိုလိုပါဘူး။ အာဟာရဓာတ်တွေ မဆုံးရှုံးစေပဲ အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်ပါသေးတယ်။ ဒီဟင်းသီးဟင်းရွက်တွေကို ပေါင်းတာ ဒါမှမဟုတ် ခပ်မြန်မြန်လေး မွှေကြော်တာက အရသာရှိရှိ အာဟာရမဆုံးရှုံးစေဘဲ စားသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် ဟင်းချိုချက်သောက်တာ၊ ကြော်တာ ဒါမှမဟုတ် အသုပ်စုံသုပ်စားတာမျိုးလုပ်ပြီး အရသာကောင်းမွန်စွာ စားသောက်နိုင်ပါသေးတယ်။
ကြက်သွန်နီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင်အသီးအရွက်တွေဟာ ဈေးထဲမှာ အလွယ်တကူဝယ်လို့ရသလို ရိုးရိုးရှင်းရှင်းချက်ပြုတ်နိုင်တဲ့အပြင် သင့်မိသားစုရဲ့ နေ့စဉ်အာဟာရဓာတ်ကြွယ်ဝစေဖို့ အထောက်အကူဖြစ်စေတာမို့ သင့်ရဲ့နေ့စဉ်အစားအစာတွေထဲမှာ ထည့်စားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ 🥳
[ENG]
Have you ever heard a mother shouting, “Don’t overcook the vegetables!” That’s because she’s wise! Certain vegetables, such as onions, cauliflower, cabbage, and leafy greens, can lose some of their water-soluble vitamins (like vitamin C and some B vitamins) if boiled for too long. That’s because these nutrients end up going into the cooking water during prolonged cooking. 🥦🧅
But this doesn’t mean you need to eat them raw. You can still enjoy them without losing too much nutrition. Steaming or a light stir-fry of these vegetables preserves more vitamins while keeping them tender and tasty. You can add them to soups, stir-fries, or mixed salads to make meals both delicious and nutritious.
Try including onions, cauliflower, cabbage, and leafy greens more regularly in your meals! They are affordable, easy to find at local markets, simple to cook, and a great way to boost the nutrition of your family’s daily diet. 🥳
#လွယ်ကူသက်သာ #အာဟာရ
Click here to claim your Sponsored Listing.
Telephone
Website
Address
No 9C Myaynigone Plaza
Yangon
Opening Hours
| Monday | 09:30 - 18:00 |
| Tuesday | 09:30 - 18:00 |
| Wednesday | 09:30 - 18:00 |
| Thursday | 09:30 - 18:00 |
| Friday | 09:30 - 18:00 |