Naing Lin

Naing Lin

Share

Consumers expect inflation to slow down, a big win for the Fed 17/08/2022

အမေရိကန်နိုင်ငံ မှာ ငွေဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ဇွန်လမှာ
၉ ့ ၁% အထိ စံချိန်တင် မြင့်မားခဲ့ရာ ထိုငွေဖောင်းပွမှုနှုန်းကို ၂% အထိ တဖြည်းဖြည်း ကျဆင်းေစရန် စည်မှန်းချက်
ဖြင့် အ မေရိကန်ဟိုဘဏ်က ၄င်းရဲ့ မူဝါဒအတိုးနှုန်းကို တ
ဆင့်ပြီးတဆင့် မြှင့်တင်ရန် ပြဌာန်း ဆောင်ရွက်လျက်ရှိပါတယ်။ ရလာဒ်အဖြစ် ဇူလိုင်လမှာ အမေရိကန် ငွေဖောင်းပွမှုနှုန်းဟာ အတန်ငယ် လျော့ကျလာပေမဲ့ ၂၀၂၂ ခုနှစ် အကုန်
အထိ ပြည်တွင်းစျေးနှုန်းများ မြင့်မားနေဘွယ်ရှိတယ်လို့ အမေရိကန်ဗဟိုဘဏ်က ရှုမြင်ထားကာ အတိုးနှုန်းကို ၃ ့ ၅%
အထိ တိုးမြှင့်မယ့် အလားအလာရှိနိုင်ပါတယ်။ ငွေဖောင်းပွမှုနှုန်းကို ၄င်းရဲ့ရည်မှန်းချက်နှုန်းအထိ လျှော့ချရန်အတွက် အတိုးနှုန်းကို မြှင့်တင်ခြင်းရဲ့ အကျိုးဆက်အဖြစ် အ မေရိကန်စီးပွားရေးနှေးကွေးကျဆင်းမှာကို သိသည့်တိုင် အတိုးနှုန်းကို ဆက်လက် မြှင့်တင်မယ်လို့လည်း ထိုဗဟိုဘဏ်က ဆိုပါတယ်။ ထိုသို့ အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာငွေတန်ဖိုးဟာ ၂၀၂၂ ခုနှစ်ရဲ့ ကျန်ရှိတဲ့ လ များမှာ ဆက်လက် မြင့်မားနေမယ့်အလားအလာရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာ အမေရိကန် ပြည်တွင်း ငွေဖောင်းပွမှုနှုန်း ကျဆင်းလာနိုင်ပြီး၊ တဖက်မှာ အိမ်ရာစျေးကွက်နဲ့ စတော့များ ပြန်လည် မြင့်တက်ဘွယ်ခန့်မှန်းမှုများ ရှိကာ အတိုးနှုန်းဖိအား ပြန်လည်လျော့ကျလာနိုင်လို့ ထိုကာလမှာ အ မေရိကန်
ဒေါ်လာတန်ဖိုး အကျဘက်ရောက်နိုင်မယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းနိုင်ပါတယ်။

လတ်တလောမှာတော့ အ မေရိကန်ဒေါ်လာတန်ဖိုးတက်ခြင်း၊
ရုရှား-ယူကရိန်းစစ်ကြောင့် လောင်စာဆီနဲ့ စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်ခြင်းရဲ့ဒဏ်ကို တကမ္ဘာလုံး အတော်ခံစား
နေကြပါတယ်။ အထူးသဖြင့် ဝင် ငွေနိမ့်နိုင်ငံတွေမှာ ပြည်
တွင်းသုံးေငွတန်ဖိုးဆက်တိုက်ကျဆင်းပြီး၊ အင်ဖလေးရှင်းမြင့်မားခြင်း၊ စျေးကွက်များ ထိခိုက်ပျက်စီးခြင်း၊ ကြွေးမြီမြင့်မားခြင်း ပြဿနာများကို တိုးမြင့်ခံစားလာကြရလျက်ရှိပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMF က ၂၀၂၂ မှာ ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းမယ့်အလားအလာကို သတိပေးတာတွေ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပါတယ်။

ဝင်ငွေနိမ့်နိုင်ငံတွေအနေနဲ့ စီးပွားေရးကျားကန်နိုင်ရန်အ တွက် နိုင်ငံတကာရဲ့ ကူညီမှုရမယ့် အခွင့်အလန်းလည်း ပိုမို နည်းပါးတဲ့ ယခုကာလမှာ အထက်မှာ ဖော်ပြခဲ့တဲ့ အမေရိကန်
ဒေါ်လာတန်ဖိုးမြင့်တက်လို့ ကျန်ငွေကြေးများ အလိုအ လျောက် တန်ဖိုးကျဆင်းရာကတဆင့် ပြည်ပမှသွင်းကုန်များ
ေစျးကြီးကာ သွင်းကုန်စျေးနှုန်းမြင့်တက်ရာက ဖြစ်ပေါ်တဲ့
အင်ဖလေးရှင်းမြင့်တက်မှု၊ ကမ္ဘာ့ လောင်စာဆီစျေးနှုန်းနဲ့ food prices မြင့်လာလို့ အင်ဖလေးရှင်းလိုက်ပါ မြင့်တက်ခြင်းနဲ့ စီးပွားရေးကျဆင်းခြင်း ပြဿနာများကို လွှဲရှောင်၍မရ
ရင်ဆိုင်နေကြရတာကို ဖြေရှင်းကြတဲ့အခါ သွင်းကုန်ထိန်း ချုပ်ခြင်း၊ အရန်နိုင်ငံခြားစီမံခန့်ခွဲမှုကို ပိုမို ဂရုပြု တင်းကျပ်
ထိန်းကျောင်းခြင်း၊ ရေနံလောင်စာဆီသုံးစွဲမှုနှင့် အသုံးစရိတ်များ လျှော့ချခြင်း၊ ပြည်တွင်းေစျးနှုန်းများတည်ငြိမ် စေရေး အတွက် စားနပ်ရိက္ခာတင်ပို့မှုကို ကန့်သတ်ထိန်းချုပ်ခြင်း စတဲ့နည်းလမ်းများကို လုပ်ဆောင်ကြတာ ေတွ့ရပါတယ်။

တကယ် တော့ ယနေ့ ကမ္ဘာ့စီးပွားရေးပြဿနာများဟာ ယခင်
ကြုံခဲ့ရတဲ့ ရီဆက်ရှင် ပြဿနာများနဲ့မတူဘဲ ပိုမို ရှုပ်ထွေး ကျယ်ပြန့်တာကို သတိပြုကြသင့်ပါတယ်၊

၂၀၀၈ ခုနှစ် the Great Recession ကို ကမ္ဘာတဝှမ်းရင်ဆိုင်ခဲ့ရစဥ်က ငွေရေးကြေးရေးအကြပ်အတည်းကြောင့် ဖြစ်ပေါ်တဲ့ စီးပွားရေးအကြပ်အတည်းကနေ ထွက်မြောက်ဖို့ အစိုးရ တွေက အကြပ်အတည်းမှကယ်ဆယ်ရေးနဲ့ စီးပွားရေးလှုပ်နှိုးမှုအတွက် အသုံးစရိတ်တွေသုံးစွဲပေးပြီး၊ စီမံခန့်ခွဲခဲ့ကြတယ်၊
၂၀၁၀ မှာ စီးပွားရေး ပြန်ဦးမော့လာခဲ့တယ်။ ထိုစဥ်က အစိုးရတွေရဲ့ ဘဏ္ဍာရေးအင်အားတွေ အလွန်အမင်း သုံးစွဲခဲ့ရလို့ နောက်တကြိမ် crisis ဖြစ်ရင် အလားတူ ရင်ဆိုင်နိုင်ဖို့ အင် အား ေကာင်းစွာ ပြန်လည်မသန်စွမ်းမီ (ဥပမာ အမေရိကန်ဆိုရင် economic recovery ပြန်ရခဲ့ပြီဆိုသည့်တိုင် မရေ မရာမှုများ ဆက်လက်ရင်ဆိုင်ရလို့ ဗဟိုဘဏ်အတိုးနှုန်းကို ပုံမှန်အဆင့်သို့ ပြန်လည် တိုးမြှင့်ဖို့ကို မပြုလုပ်နိုင်ခဲ့ပါ။ ) ၂၀၁၈ မှာ အမေရိကန် -တရုတ် ကုန်သွယ်စစ်ပွဲ၊ ၂၀၁၉ မှာ Covid 19 pandemic တို့ကို ကြုံတွေ့လာရပြန်ရာမှာ ၂၀၂၀ ခုနှစ် ကမ္ဘာ့စီးပွားရေးထိခိုက်ကျဆင်းလို့ အစိုးရ ​ေတွ ထပ်မံပြီး စီးပွားရေးကျားကန်တဲ့ အသုံးစရိတ်တွေ၊ ကျန်းမာရေးနဲ့ လူမှုရေးအသုံးစရိတ်တွေ အမြောက်အမြား သုံးစွဲခဲ့ရပါတယ်။
ဒါတွေအတွက် နိုင်ငံ အကြီးရော အငယ်တွေ ပါမကျန် အစိုးရတွေက ငွေ စက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခြင်း၊ အစိုးရကြွေးမြီများတိုးမြှင့်ရခြင်းတွေကို ရှောင်လွှဲမရ လုပ်ဆောင်ခဲ့ကြရပါတယ်။ ကပ်ရောဂါဘေးက ဆက်ရှိနေခိုက် ရုရှား-ယူကရိန်းစစ်
မီးထတောက်ခဲ့လို့ ယနေ့ ကမ္ဘာမှာ နိုင်ငံအားလုံး အထက်မှာဖော်ပြခဲ့တဲ့ မျက်မှောက်ကာလ အကြပ်အတည်းများကို ရင် ဆိုင်ရတဲ့ ယခုအချိန်မှာ ကမ္ဘာ့အရေးအရာများကို ယခင်ကနည်းတူ နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှု ရနိုင်ဖို့
ခက်ခဲပါတယ်။
၂၀၀ဂ ခုနှစ် crisis မှာတုန်းက တရုတ်နိုင်ငံ စီးပွားရေးတိုး တက်မှုနှုန်းကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အ ရှေ့အာရှနိုင်ငံများ စီးပွားရေးလည်း resilience ကောင်းခဲ့လို့ အမေရိကန်နဲ့
ဥရောပစီးပွားရေးကျဆင်းပေမဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို အာရှစီးပွားရေးက ထောက်ပင့်ပေးနိုင်ခဲ့ပါတယ်။ အ မေရိကန်၊ ဗြိတိန်နဲ့ ဥရောပ အနောက်အုပ်စုတို့ စီးပွားရေးကျဆင်းလာတဲ့ ယနေ့ကာလမှာ ရုရှား-ယူကရိန်း စစ်ရဲ့ အကျိုးဆက် ကမ္ဘာ့ စီးပွားေရး အနုတ်လက္ခဏာာ ဖိအားတွေ အခက်အခဲတွေ အတွက် အဖြေရှာခက်နေဆဲ၊ ထိုင်ဝမ်အရေးနဲ့ ကမ္ဘာ့လုံခြုံေရး ရတက်မအေးဘွယ်ကြုံခဲ့တဲ့အပြင် စီးပွားရေးမှာ အရေးပါတဲ့ chipmakers war ပါပေါ်ပေါက်လာလို့ရယ်၊ တရုတ်နိုင်ငံမှာ ပြည်တွင်း အိမ်ရာနဲ့ ငွေရေးကြေးရေးစျေးကွက် ယိုယွင်းခြင်းနဲ့အတူ စီးပွားရေးကျဆင်းနေလို့ရယ်၊ အမေရိကန်ဒေါ်လာအတက်မှာ ကျန်ငွေတွေ အခက်တွေ့တော့ အာရှငွေကြေးများလည်း အခက်ကြုံရကာ ယခင်ကလို အာရှနိုင်ငံတွေဦးဆောင်ပြီး ကမ္ဘာ့စီးပွား ရေးကို ဆယ်မနိုင်ဘွယ်မရှိ၊ BRICS ရယ်လို့ မာန်တင်းနေတဲ့နိုင်ငံတွေအားလုံးဟာ လက်တွေ့မှာ မရေမရာ အင်ဖ လေးရှင်းလှိုင်းလုံးကြီးေတွအကြား ရုန်းကန်နေကြရသူေတွချည်းသာဖြစ်ပါတယ်။

ဒီအကြပ်အတည်းထဲက ထွက်မြောက်နိုင်ဖို့ ကိုယ်စီရုန်းကန်ကြရာမှာ ငွေရှာရခက် ခြွေတာရတဖက်နဲ့ ဝင်ငွေနိမ့်နိုင်ငံတွေဟာ ငွေကြေးတည်ငြိမ်မှု၊ လူမှုရေး နိုင်ငံရေးတည်ငြိမ်မှု၊ အ လုပ်အကိုင်ဖန်တီးမှု၊ စားနပ်ရိက္ခာတိုးတက်ထုတ်လုပ်မှုတို့ကို ကောင်းစွာမလုပ်ဆောင်နိုင်ရင် လတ်တလော စီးပွားရေးအ ကြပ်အတည်းအပြင် competitiveness ကျဆင်းခြင်း အ ပါအဝင်အထွေ ​ေထွ ကျဆင်းမှုကို အ ခြေခံတဲ့ရေရှည် လူမှု စီး ပွားရေး ထိခိုက်ကျဆင်းတဲ့ နက်ရှ်ုင်းေသာပြဿနာကိုရဆိုင် ကြရဘွယ်ရှိပါတယ်။

၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ငွေကြေးများ အကြပ်အတည်းလျော့
နည်းလာဘွယ် ခန့်မှန်းနိုင်တာတစ်ခုကြောင့် နိုင်ငံေတွဟာယင်းမတိုင်မီ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်ဖန်တီးရေး နဲ့ stability ကို ကောင်းအောင် ကြိုးစားတည် ဆောက်ရန်အရေးကြီးပြီး gdp တိုးမြှင့်ေရးနဲ့ ပို့ကုန်တိုးမြှင့်ရေးကို အမြဲအခွင့်အရေး ရှာဖွေ ကြိုးပမ်းနေသင့်ပါကြောင်း။

ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ ကျော်ရှိရာမှာ တကမ္ဘာလုံး အကြပ်အတည်းတွေအတူရင်ဆိုင်ကြရတိုင်း အကြပ်အတည်းတွေကို
ဘယ်လိုနိုင်ငံေတွက အချိန်တိုအတွင်း ကျော်လွှားနိုင်သလဲဆိုတာကို သုတေသန ဆန်းဆစ်ချက်တွေ အရ ပြည်သူအများစုကျန်းမာပြီး၊ စိတ်နှလုံးချမ်းမြေ့မှုရှိသော နိုင်ငံတွေဟာ အ ကြပ်အတည်းတွေကို အချိန်တိုအတွင်း ကျော်လွှားနိုင်တယ်ဆိုတာကို တွေ့ရပါကြောင်းကိုလည်း ဖော်ပြအပ်ပါတယ်။

Consumers expect inflation to slow down, a big win for the Fed The consumer outlook for inflation tumbled in July amid a sharp drop in gas prices and a belief that the surges in food and housing also would ebb.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00