Health Guide Myanmar
The Very Fist Complementary Health Guide in Myanmar ! ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ......
19/01/2021
Chubb Life မှ မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်း ကိုစတင်မိတ်ဆက်
-=-=-=-=-=-=-=-=-=-=-=-
Chubb Life Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက် နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) တစ်ခုဖြစ်သော Chubb LifeBalance ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်းကို ၂၀၂၁ ခုနစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကြေငြာခဲ့သည်။
၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်မိတ်ဆက်ခဲ့သော ၎င်း အက်ပလီကေးရှင်းသည် ယခုအခါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည့်အတွက် အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မြန်မာဘာသာသုံး App ဖြစ်သည်။
Chubb Life Balance သည် အသုံးပြုသူများအတွက် ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံးပေါ် AI နည်းပညာ (Artificial Intelligence) ကို အသုံးပြုကာ အစာအဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စသည့်ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားသည့် ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားပါသည်။
အက်ပလီကေးရှင်းအတွင်း မှတ်ပုံတင်ရာတွင် အလွန်လွယ်ကူလှပြီး ဆေးဘက်ဆိုင်ရာ လက်တွေ့စာတမ်းပေါင်း ၂,၅၀၀ ကျော် နှင့် နှစ်ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်၏ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူ၏ ကိုယ်ပိုင်ကျန်းမာရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်ပါသည်။
၎င်း App သည် အသုံးပြုသူများအတွက် ကျန်းမာရေးနှင့်ဆိုင်သော ကိုယ်ပိုင်ရည်မှန်းချက်များ ချမှတ်နိုင်ရန် နှင့် ထိုရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ရန် နေ့စဥ်လှုံ့ဆော် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ထိုကျန်းမာရေးရမှတ်သည် အသုံးပြုသူ၏ လူနေမှုဘဝပုံစံအပေါ် အခြေခံ၍ အချိန်နှင့်အမျှပြောင်းလဲနေမည်ဖြစ်ပြီး အသုံးပြုသူ၏ ကျန်းမာရေးတိုးတက်မှုအခြေအနေ ကိုညွှန်ပြပေးမည်ဖြစ်ကြောင်း သိရသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 98, First Floor, Bogalayzay Street , Ward 8
Yangon