Tha Mee Lay
အာမခံကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍနှင့် လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
အာမခံကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျွန်ုပ်တို့၏ အခန်းကဏ္ဍသည် ထုတ်ကုန်ရောင်းချခြင်းအဆင့်တွင်သာ မကန့်သတ်ဘဲ၊ ဘဏ္ဍာရေးစနစ်နှင့် ပြည်သူ့ဘဝအကြား ယုံကြည်မှုတည်ဆောက်ပေးသည့် အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေရ ခြင်းဖြစ်ပါသည်။
ပထမဦးစွာ၊ အာမခံလုပ်ငန်းသည် မိသားစုနှင့် အသက်ဘေးအန္တရာယ်များအတွက် ဘဏ္ဍာရေးအကာအကွယ်ပေးနိုင်သော အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် တစ်သက်တာရွေးချယ် အသက်အာမခံကဲ့သို့သော ထုတ်ကုန်များသည် မမျှော်လင့်ထားသော အခြေအနေများနှင့် အန္တရာယ်များကြားတွင် မိသားစုဘဝ၏ တည်ငြိမ်မှုကို ထိန်းသိမ်းပေးပြီး၊ ရေရှည်ဘဏ္ဍာရေးအစီအစဉ်များကို စိတ်ချစွာ ရေးဆွဲနိုင်ရန် အထောက်အကူပြုပါသည်။
ဒုတိယအနေဖြင့်၊ ခိုင်မာပြီး ရေရှည်တည်တံ့နိုင်သော အာမခံလုပ်ငန်းတစ်ရပ်သည် မိသားစုများ၏ အနာဂတ်စီမံကိန်းများ၊ အထူးသဖြင့် ကလေးများ၏ ပညာရေးအတွက် အခြေခံအထောက်အပံ့တစ်ရပ်အဖြစ် အရေးပါပါသည်။ ဘဏ္ဍာရေးအကာအကွယ်ရှိသော မိသားစုများသည် ပညာရေးအတွက် အချိန်ရှည်စီမံကိန်းများ ချမှတ်နိုင်ပြီး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။
တတိယအနေဖြင့်၊ အာမခံပညာပေးလုပ်ငန်းများမှတစ်ဆင့် ပြည်သူများ၏ ဘဏ္ဍာရေးအသိပညာ တိုးတက်လာစေပြီး၊ စဉ်းစားတွေးခေါ်နိုင်စွမ်းများ ဖြစ်သော Logical Thinking၊ Critical Thinking နှင့် စနစ်တကျ စီမံကိန်းရေးဆွဲနိုင်သော အမြင်များကို တိုးတက်စေပါသည်။ ဤသို့သော စိတ်ဓာတ်နှင့် အမြင်များသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်းတစ်ရပ်ကို တည်ဆောက်ရာတွင် အရေးပါသော အခြေခံအင်အားများ ဖြစ်လာနိုင်ပါသည်။
သို့သော် လက်ရှိအချိန်တွင် နိုင်ငံခြားအာမခံကုမ္ပဏီတစ်ခုမှ မြန်မာဈေးကွက်မှ ထွက်ခွာသွားခြင်းကြောင့် အာမခံလုပ်ငန်းကဏ္ဍတစ်ရပ်လုံးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထိုကုမ္ပဏီမှ Policy Holder များအတွက် Run-off (မူလ Policy ကို ဆက်လက်ထိန်းသိမ်းခြင်း)၊ Transfer (အခြားအာမခံကုမ္ပဏီသို့ လွှဲပြောင်းခြင်း) နှင့် Refund (ငွေပြန်အမ်းခြင်း) ဟူသော နည်းလမ်းသုံးမျိုးအနက် Refund ကို ရွေးချယ်ခဲ့ပါသည်။
Refund နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းသည် Policy Holder များအတွက် တစ်ဖက်တစ်လမ်းမှ ဖြေရှင်းချက်တစ်ရပ် ဖြစ်နိုင်သော်လည်း၊ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းတွင် လုပ်ငန်းစဉ်များ နှေးကွေးနေခြင်းကြောင့် ပြည်သူများ၏ ယုံကြည်မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနေပါသည်။
ထို့အပြင် Financial Regulatory Department (FRD) ၏ လုပ်ငန်းစဉ်များ အချိန်ကြာမြင့်နေခြင်းကြောင့် အာမခံလုပ်ငန်းအပေါ် ပြည်သူ့ယုံကြည်မှု လျော့နည်းလာနိုင်သည့် အခြေအနေများကို မြင်တွေ့ နေရပါတော့သည်။ ဘဏ္ဍာရေးစနစ်တစ်ရပ်၏ အခြေခံအင်အားမှာ ပြည်သူ့ယုံကြည်မှုဖြစ်သည့်အတွက်၊ အချိန်မီနှင့် ရှင်းလင်းပြတ်သားသော လုပ်ဆောင်ချက်များ ကြန့် ကြာပါက အာမခံလုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ သက်ရောက်နိုင်ပါသည်ဟု ထင်မြင်မိပါကြောင်း။
လေးစားစွာဖြင့်
ရဝေ
၂၉ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆
Insurance Industry အကြောင်း တစေ့တစောင်း
Insurance Industry ဟာ လူမှုဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး၊ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် Rule & Regulation တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လက်ရှိကာလမှာ Insurance Industry ဟာ စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသော်လည်း အမြန်ဆုံး တည်ငြိမ်လာပြီး ကျန်းမာသန်စွမ်းတဲ့ စက်မှုကဏ္ဍတစ်ခုအဖြစ် ပြန်လည်ရပ်တည်လာနိုင်ဖို့ မျှော်လင့်ရင်း အတွေ့အကြုံအချို့ကို မျှဝေလိုက်ပါတယ်။
ကျွန်တော်တို့ ဘဝအတွင်း မလွတ်ကင်းနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ငြိမ်းစားအရွယ်ရောက်တဲ့အခါ ငွေကြေးပိုင်းဆိုင်ရာ စိတ်အေးချမ်းမှုရရှိစေဖို့၊ ထို့အပြင် မိသားစုအတွက် Legacy Planning တစ်ခု ချထားလိုသူများအတွက် Insurance ကဏ္ဍဟာ အမြဲတမ်း ဆက်လက်ရှိနေရမယ့် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။
Lifetime Insurance Product တစ်စောင်ကို လျှောက်ထားဖို့ စဉ်းစားတဲ့အခါ ယခင်ကတော့ Consultant ကို ယုံကြည်မှုရှိတယ်၊ Product ကို သဘောကျတယ်၊ ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းတယ်ဆိုရင် Policy လက်ခံရရှိနိုင်ခြေ မြင့်မားခဲ့ပါတယ်။
သို့သော် ယနေ့အခြေအနေမှာတော့ Risk Management ကို ပိုမိုအလေးထားလာခြင်းကြောင့် အဲဒီအချက်တွေတင်မကတော့ဘဲ စဉ်းစားသုံးသပ်ရမယ့် အချက်အလက်တွေ ပိုမိုများလာပါပြီ။
ယနေ့ခေတ်မှာ Insurance Product တစ်ခုကို ရွေးချယ်တဲ့အခါ Product နဲ့ Consultant တင်မကဘဲ Insurance Company ကိုယ်တိုင်ရဲ့—
• Regulatory Compliance
• Financial Stability
• Governance Structure
တို့ကိုပါ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်လာပါတယ်။
အထူးသဖြင့် Insurance Company တစ်ခုရဲ့ Exit Plan ကို နားလည်ထားခြင်းဟာ Customer အတွက် မဖြစ်မနေ စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်လာပါပြီ။
ဒီအချက်ကို စဉ်းစားမိတဲ့အခါ Stephen Covey ရေးသားခဲ့တဲ့ Seven Habits of Highly Effective People စာအုပ်ထဲက
“Begin with the end in mind” ဆိုတဲ့ စကားကို သတိရမိပါတယ်။ အဆုံးရလဒ်ကို ကြိုတင်မြင်ထားပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
Insurance အတွက် အဆုံးရလဒ်ဟာ Claim Settlement ဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ အခြေအနေတစ်ရပ်မှာ Insurance Company တစ်ခု Market မှ Withdraw လုပ်သွားခဲ့ရင် Regulatory Framework အောက်မှာ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်သွားမလဲဆိုတာကိုလည်း Customer ဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ နားလည်ထားဖို့ လိုပါတယ်။
Insurance Company ကို တိုက်ရိုက် မေးရုံနဲ့ ကိုယ်လိုချင်တဲ့ အဖြေအားလုံးကို ရနိုင်မယ်လို့ မထင်သင့်ပါဘူး။ အဆုံးမှာတော့ Customer ကိုယ်တိုင်က—
• Insurance Company ရဲ့ Portfolio Management
• Long-term Business Strategy
• Market ထဲမှာ ချမှတ်ထားတဲ့ Direction
တွေကို စနစ်တကျ လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက်ချရပါမယ်။
Regulation အရ Insurance Company တစ်ခု Withdraw လုပ်မယ်ဆိုရင် အများအားဖြင့် အောက်ပါ အခြေအနေ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ ဆောင်ရွက်သွားနိုင်ပါတယ်—
1. Run-off
Policy အသစ်များ မရောင်းတော့ဘဲ ရောင်းပြီးသား Policy များကို သက်တမ်းကုန်ဆုံးတဲ့အထိ Regulation အတိုင်း Service ဆက်လက်ပေးသွားခြင်း
2. Transfer
Policy Portfolio ကို Regulatory Approval အောက်မှာ အခြား Insurance Company တစ်ခုထံ လွှဲပြောင်းပေးခြင်း
3. Refund
သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ Premium ကို Customer ထံ ပြန်လည်အမ်းပေးခြင်း
ဒီလို Rule & Regulation တွေအောက်မှာ Insurance Industry ကို နားလည်ထားခြင်းက Insurance Company ကို ရွေးချယ်တဲ့အခါ ပိုမိုသိမြင်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်စေမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်အမြင်အနေနဲ့တော့ Policy တစ်စောင်ကို မဖြစ်မနေ ရွေးချယ်ရမယ်ဆိုပါက Run-off ကို စနစ်တကျ လုပ်ဆောင်နိုင်တဲ့ Insurance Company ကို ဦးစားပေးရွေးချယ်သင့်တယ်လို့ ယုံကြည်မိရင်း ဒီအမြင်ကို မျှဝေလိုက်ပါတယ်။
ကျေးဇူးတင်ပါသည်။
စာရှုသူများကို လေးစားစွာဖြင့်
ရဝေ
၁၀ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆
18/12/2025
30/11/2025
Click here to claim your Sponsored Listing.
Category
Website
Address
Yangon