Take a Journey
Budget Events Planning & Gifts for you
08/09/2025
မြို့တစ်မြို့ ဆိုတာထက် ပိုတဲ့ မြို့လေး
လေဆိပ်ပေါ်က ဆင်းလိုက်ထဲက နွေးထွေးသွားရတဲ့ခံစားချက်လေး
လမ်းတစ်လျှောက်မှာလဲ မိုးလေးတွေတစ်ဖျောက်
ဖျောက်ရွာနေတဲ့လမ်းမှာ တောင်တန်းပြာကြီးရယ်
အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးရယ်
အသက်ရူဖို့တောင် မေ့လောက်သွားတဲ့အထိ
အော်လှလိုက်တာ အေးချမ်းလိုက်တာဆိုပြီး ပါးစပ်က တစ်ဖွဖွ ရွတ်မိတဲ့အထိ။
ကမ္ဘာတစ်ဖက်မှာတော့ တစ်ကယ်ကိုလုံလောက်စွာ အေးချမ်းနေလေရဲ့။
လမ်းဘေးမှာလဲ အလေ့ကျပေါက်နေတဲ့ပန်းပင်လေးတွေ
အိမ်ဖြူဖြူလေးရယ် တောင်တန်းတွေရယ် တစ်ကယ်ကိုအေးချမ်းနေလေရဲ့။
Dalat ဆိုတဲ့မြို့လေး ဆုနေတဲ့ လမ်းထဲက အိမ်လေးတွေ ကိုရိုက်ထားတာပါ။
Stay ရှောင်ဖို့ပဲဖြစ်ဖြစ် လည်ဖို့ပဲဖြစ်ဖြစ် ဒီမြို့လေးကို မဖြစ်မနေလာသင့်ပါတယ်လို့။
မထင်မှတ်ထားတဲ့ စျေးနဲ့ ဆုနေနေတဲ့ Room Tour လေး vlog လေးလဲ stay tuned နော်။
Vietnam လာဖို့ရှိရင် အားမနာတမ်းသိချင်တာလာမေးလို့ရပါတယ်ရှင်။
ဒီနေ့ Vietnam နိုင်ငံ Independence day လေးပါ။ သူတို့နိုင်ငံက ဘယ်လောက်ချစ်စရာကောင်းလဲဆို နိုင်ငံသားဖြစ်တဲ့အတွက် တစ်ယောက်ကို VND 100,000 ဆီပေးတယ်တဲ့။ အိမ်တွေတိုင်း၊ လမ်းတွေတိုင်း မှာ အလှံနီလေးတွေ လူတွေကလဲ အနီရောင်ဝတ်ဆုံတွေဝတ် မီးပန်းတွေဖောက် ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီးပျော်နေကြတာ။ ပျော်နေတာကိုကြည့်နေရင်း….ရှိုက်ခနဲတစ်ချက်ဖြစ်ပြီး ငိုမိသွားတဲ့အထိပဲနောက်များမှ ဒီ Vietnam မြို့လေးရဲ့ အရမ်းလှတဲ့ရူခင်းလေးတွေ လူတွေရဲ့ ဖော်ရွေတာတွေ အများကြီးပြောပြပေးချင်ပါတယ်။ စားလေးဖတ်ပေးတဲ့အတွက်ကော video လေးကြည့်ပေးတဲ့အတွက်ကောကျေးဇူးပါနော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
North Okkalapa
Yangon