Sharing is Caring

Sharing is Caring

Share

09/12/2020

COVID 19 ရောဂါ ကာကွယ်ရန် နည်းလမ်း
————————————————————
ဗိုင်းရပ်စ်ဟူသည်မှာ
သက်ရှိ အော်ဂင်းနစ်
ပစ္စည်းမဟုတ်ဘဲ
အဆီလွှာ ဖုန်းလွှမ်းထားသော
ပရိုတင်း မော်လီကျူး (DNA)
သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊
ချွဲသလိပ်တို့တွင် ပါသော
ဆဲလ်များက ယင်းတို့ကို
စုပ်ယူလိုက်သည့်အခါကျမှသာ
လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော
ဗီဇမျိုးပြောင်း
မျိုးပွားသွားခြင်း ဖြစ်သည်။

ဘကၱီးရီးယားလို
သတ္လို့ မရပါ။ ။
ဗိုင်းရပ်စ်က ဘက်တီးရီးယားလို
သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။
ပဋိဇီဝဆေးများက
သက်မဲ့(ဗိုင်းရပ်စ်)ကို
သတ်၍ မရပါ။
ဖေါ်ပြထားသည့်
နည်းလမ်းများသုံးလျှင်
ဗိုင်းရပ်စ် ဖွဲ့စည်းပုံ
အမြန်ပြိုကွဲ ပါလိမ့်မည်။

ဗိုင်းရပ်စ်မှာ သက်ရှိ
အော်ဂင်းနစ် ပစ္စည်း
မဟုတ်ဘဲ
ပရိုတင်းမော်လီကျူးသာ
ဖြစ်သည့်အတွက်
သတ်ပစ်၍ မရဘဲ
သူ့သဘာဝ အတိုင်း
ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ
ပျက်စီးရန် ကြာချိန်မှာ
အပူချိန်၊ စိုထိုင်းဆ နှင့်
ယင်းကပ်ငြိ တင်ကျန်နေသော
မျက်နှာပြင် အမျိုးအစားပေါ်
မူတည်၍ ကွဲပြားပါသည်။

ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး
ယင်းကို အကာအကွယ်
ပေးထားသောအရာမှာ
အပေါ်ယံ အဆီလွှာသာ ရှိပါသည်။
ဆပ်ပြာနှင့် ပိုးသတ်ဆေးများက
အကောင်းဆုံး
ကုစားနိုင်ခြင်းမှာ
ထိုအချက်ကြောင့်ဖြစ်သည်။
ဆပ်ပြာမြှုပ်များက
ထိုအဆီလွှာကို
ဖြိုခွဲပစ်ပါသည်
(ထို့ ကြောင့် ဆပ်ပြာမြှုပ်
များများဖြင့် စက္ကန့် ၂၀
အနည်းဆုံး ပွတ်တိုက်
ဆေးကြောရန်လိုအပ်ခြင်း
ဖြစ်သည်။ )

အပေါ်ယံ အဆီလွှာ
ပျက်စီးသွားသောအခါ
ပရိုတင်း မော်လီကျူးလည်း
သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။

အပူဓါတ်က
အဆီများကို
အရည်ပျော်စေနိုင်ပါသည်။
အပူချိန် ၂၅ ဒီဂရီ
စင်တီဂရိတ်ထက်
ပိုနွေးသော ရေဖြင့်
လက်ဆေးခြင်း၊
အဝတ်လျှော်ခြင်း
စသည်များ ပြုလုပ်ပါ။
ရေနွေးက ဆပ်ပြာအမြှုပ်များ
ပိုထွက်စေသဖြင့်
ပိုအသုံး တည့်ပါသည်။

အယ်လ်ကိုဟော ပါဝင်မှု
၆၅ ရာခိုင်နှုန်းထက်
ပိုသော လက်ဆေးရည်များက
အဆီများကို
ပျော်ဝင် ပြိုကွဲစေပါသည်။
အထူးသဖြင့် ဗိုင်းရပ်စ်၏
အပေါ်ယံ အဆီလွှာကို
ပြိုကွဲပျက်စီးစေပါသည်။

အရောင်ချွတ်ဆေး တစ်ဆ၊
ရေ ၅ဆ ပါ၀င်သော
အရောအနှောကလည်း
ပရိုတင်းဓါတ်ကို
တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။
ပရိုတင်း အတွင်းသို့
ဝင်ရောက် ဖြိုခွဲပါသည်။

ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်
ကလည်း ဆပ်ပြာ၊
အယ်လ်ကိုဟော(အရက်ပျံ)၊
ကလိုရင်း (အရောင်ချွတ်ဆေး)
တို့ကဲ့သို့ပင်
ဗိုင်းရပ်စ်ရှိ
ပရိုတင်းဓါတ်ကို
ပြိုကွဲစေနိုင်ပါသည်။
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က
ရေမရောဘဲသုံးမှ
ရသဖြင့် လူ့အရေပြားကို
ထိခိုက်စေနိုင်ပါသည်။


သုံးပြီးသား သို့မဟုတ်
မသုံးရသေးသော
အဝတ်အထည်များကို
မခါပါနှင့်။
သေးငယ်သော
အပေါက်ငယ်များပါသည့်
(အဝတ်၊ ချည်ထည် ကဲ့သို့)
မျက်နှာပြင်များတွင်
ကပ်ငြိနေသည့်အခါ
မလှုပ်မရှားထားလျှင်
၃ နာရီ အတွင်း
ပြိုကွဲ ပျက်စီးပါသည်။
ကြေးနီ၊ သစ်သား
မျက်နှာပြင်များတွင် ၄ နာရီ၊
ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊
အခြားသတ္တုမျက်နှာပြင်
များပေါ်တွင် ၄၂ နာရီ နှင့်
ပလတ်စတစ်များပေါ်တွင်
၇၂ နာရီ ကျော်ပြီးမှ
ပြိုကွဲပျက်စီးနိုင်ပါသည်။
အဝတ်စသည်များကို
ဖုန်ခါလျှင်၊
ရိုက်ခါလျှင်
ဗိုင်းရပ်စ် မော်လီကျူးများ
လေထဲတွင်
၃ နာရီ မျောပါကာ
သင် ရှူရှိုက်မိ နိုင်ပါသည်။

လေအေးစက် ဖွင့်ထားသော
အိမ်နှင့် ကားတွင်းကဲ့သို့
နေရာများတွင်
ဗိုင်းရပ်စ် မော်လီကျူးများ
ငြိမ်နေနိုင်ပါသည်။
ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန်
အမှောင်နှင့် စိုစွတ်မှု
(စိုထိုင်းဆများရန်)
လိုအပ်သည်။
ခြောက်သွေ့၊
နွေးထွေး၊
အလင်းများများ ရသော
ပတ်ဝန်းကျင်တွင်
ဗိုင်းရပ်စ် ပရိုတင်းများ
လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည်
(UV Light) ကို
မျက်နှာပြင်များ
အရာဝထ္တုများပေါ်သို့
ကျရောက်စေပါက
ဗိုင်းရပ်စ် ပရိုတင်းများကို
ဖြိုခွင်းနိုင်ပါသည်။
လူ့အသားအရေပေါ်သို့
တိုက်ရိုက် ကျရောက်လျှင်
အရေပြားတွန့်ခြင်း
အရေပြား ကင်ဆာဖြစ်ခြင်း
ဖြစ်စေနိုင်ပါသည်။
ဗိုင်းရပ်စ်သည်
ကျန်းမာကောင်းမွန်သော
လူ့အရေပြားကို
မဖေါက်ထွင်းနိုင်ပါ။

ရှာလကာရည်
အသုံးမတည့်ပါ၊
ဗိုင်းရပ်စ်၏ အဆီလွှာကို
မဖေါက်ထွင်းနိုင်ပါ။
အရက်နှင့် ဗော့ဒဂါအရက်
များက ဗိုင်းရပ်စ်၏
အဆီလွှာကို
ထိရောက်စွာ မဖေါက်နိုင်ပါ။
အပြင်းဆုံး အရက်က
အယ်လ်ကိုဟော
၄၀ ရာခိုင်နှုန်းသာရှိ၍
လိုအပ်ချက်
၆၅ ရာခိုင်နှုန်းကို မမီပါ။

နေရာ ကျဉ်းကြပ်လျှင်
ဗိုင်းရပ်စ် ပိုမို
ထူထပ်နိုင်ပါသည်။
ကျယ်ကျယ်ဝန်းဝန်း
သဘာဝ လေကောင်းလေသန့်
ရနိုင်ပါစေ။

အကြိမ်ကြိမ်ပြောပြီး
ဖြစ်သော်လည်း
အောက်ပါ
အရာဝထ္ထုများအား
မကိုင်တွယ်မီနှင့်
ကိုင်တွယ်ပြီးတိုင်း
လက်ကို ဆေးကြောပါ။

(ချွဲသလိပ်ရှိနိုင်သော
အရေပြားလွှာများ၊
အစားအသောက်များ၊
သော့ခလောက် များ၊
တံခါးလက်ကိုင်ဘုများ၊
မီးခလုတ်များ၊
ရီမုတ် ကွန်ထရိုးများ၊
လက်ကိုင်ဖုန်းများ၊
လက်ပတ်နာရီများ၊
ကွန်ပျူတာများ၊
စာကြည့်စားပွဲများ၊
ရုပ်မြင်သံကြားစက် များစသည်။ )
ရေအိမ်သာ
အသုံးပြုခြင်းလည်း
ပါဝင်သည်။

လက်အရေပြား
ခြောက်သွေ့သည် အထိ
မထားပါနှင့်။
ဆပ်ပြာနှင့် အကြိမ်များများ
ဆေးကြောပါ။
အရေပြား အသားအရေ
အတွန့်အခေါက် များ၊
ထိရှ ဒဏ်ရာများ အကြားတွင်
ဗိုင်းရပ်စ် မော်လီကြူးများ
ခိုအောင်းနေနိုင်ပါသည်။

အရေပြားစိုစွတ်လေ
ကောင်းလေ ဖြစ်ပါသည်။
လက်သည်းများကြားတွင်
ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင်
လက်သည်း တိုတို ညှပ်ပါ။

COVID-19 ကာကွယ်ရေး
သိကောင်းစရာများ
(ကိုသီဟေစာ )
မြန်မာဘာသာပြန်ဆိုပေးပါသည်။

Credit:
PARADISE
ZWY ♥️♥️♥️

Photos 18/11/2020

တီထွင်မှုအားကောင်းအောင်၊ စိတ်ငြိမ်အောင်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆေးလိပ်ကို သ​ဘောတကျနဲ့ သောက်မိနေတုန်းပဲလား…. ဒါဆိုရင်တော့ ထပ်မေးချင်တာက အလွယ်တကူရော စိတ်ဓာတ်ကျမိနေပြီလားဆိုတာပါ။ ဒါဆိုရင်တော့ စိတ်ဓာတ်ကျနေတာက ရာသီဥတုကြောင့်၊ ကြုံတွေ့နေရတဲ့ အနေအထားတွေကြောင့်ဆိုတာထက် ဆေးလိပ်သောက်တာကြောင့်လို့ပဲ ပြောပါရစေ။

ဆေးလိပ်က စွဲလမ်းစေတတ်ပါတယ်

ဆေးလိပ်မှာ စွဲလမ်းစေတဲ့ဓာတ်တွေပါတာကြောင့် သောက်ပြီးတိုင်းသောက်ချင်မိနေနိုင်ပါတယ်။ ဒီလိုကနေ တစ်နေ့ကို တစ်လိပ်လောက်ပါ။ စိတ်ငြိမ်အောင်ပါဆိုပြီး သောက်ရင်းက နောက်ဆုံး တစ်နေ့ကို တစ်လိပ်ကနေ တစ်ဗူးလောက်အထိ တိုးသောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။

ဆေးလိပ် နဲ့ စိတ်ကျန်းမာရေး

ဆေးလိပ်သောက်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးစေနိုင်တယ်

လူတော်တော်များများ လက်ခံထားတာက ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်လို့လေ။ တကယ်ကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်တာပါ။ ဒါကို လူတွေက စိတ်ညစ်လာတဲ့အခါစိတ်ဖိစီးလာတဲ့အခါ ဖြေစရာအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကိုလုပ်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ အဆင်မပြေတာတော့ အမှန်ပါပဲ။

ဆေးလိပ်သောက်ခြင်းက စိုးရိမ်ပိုများစေတယ်

စိတ်ပြေလက်ပျောက်ဆိုပြီး ဆေးလိပ်သောက်လိုက်တိုင်း စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေက ပိုလို့တိုးလာပါတယ်။ နီကိုတင်းက ခဏတာတော့ စိတ်ပြေလျော့သွားသလို ခံစားရစေပေမယ့် ရေရှည်မှာတော့ စိုးရိမ်စိတ်ကို ပိုများလာစေတာပါ။

ဆေးလိပ်သောက်ခြင်းက စိတ်ဓာတ်ကျစေနိုင်တယ်

ဆေးလိပ်သောက်သူတွေမှာ ပုံမှန်ထက် စိတ်ဓာတ်ကျနိုင်ခြေက် ၂ ဆလောက်ပိုများနေတတ်ပါတယ်။ စိတ်ဓာတ်ကျလေ ဆေးလိပ်ပိုသောက်မိလေ စိတ်ဓာတ်က ပိုကျလေနဲ့ သံသရာကိုလည်နေရောပဲ။ အကြောင်းကတော့ ဆေးလိပ်မှာပါတဲ့ နီကိုတင်းက ဦးနှောက်တွင်းက dopamine ဟော်မုန်းထွက်ရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီလိုဟန့်တားလိုက်မှုကြောင့် အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်ကူးတွေ ပျောက်ဆုံးသွားရပါတော့တယ်။ ခဏတဖြုတ်ဆိုကိစ္စမရှိပေမယ့် ကြာလာတဲ့အခါ ဦးနှောက်ရဲ့ dopamine ဟော်မုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် သေချာတာကတော့ စိတ်ဓာတ်က အလွယ်တကူကို ကျလာမယ်ဆိုတာပါ။

ဆေးလိပ်သောက်လို့များ စိတ်ကျန်းမာရေး ပိုကောင်းသွားလား…….

ဆေးလိပ်သောက်တဲ့သူတွေအနေနဲ့ ဆေးလိပ်သောက်လိုက်ရင် စိတ်ကျန်းမာရေးပိုကောင်းလာတယ်လို့များ ကိုယ့်ကိုယ်ကိုယ် တွေးမိလား။ တကယ်တော့ ပြဿနာက ဆေးလိပ်သောက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ထင်တဲ့အတွေးကနေစတာပါ။ နီကိုတင်းကြောင့် တစ်ခဏတာလောက် စိတ်တည်ငြိမ်မှုကို စိတ်ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အတွေးကြောင့် ဆေးလိပ်ကို သဘောကျနှစ်ခြိုက်စွာဆက်သောက်မိနေကြတာပါ။ ဆေးလိပ်သောက်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာကိုလည်း ရင်ဆိုင်ရစေနိုင်ပါသေးတယ်။

ဆေးလိပ်ကို ဖြတ်သင့်တယ်မထင်ဘူးလား…………

ဆေးလိပ်သောက်တာ ငွေကုန်ကြေးကျများသလို ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

အသားအရေကောင်းလာမယ်
အနံ့ခံအာရုံကောင်းလာမယ်
စိတ်ဖိစီးမှုကင်းလာမယ်
အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာမယ်
ခံတွင်းနံ့ကောင်းလာမယ်
ကိုယ်ခံအားကောင်းလာမယ်
သွားနဲ့ခံတွင်းကျန်းမာလာမယ်
သွေးလည်ပတ်မှုကောင်းလာမယ်
ကင်ဆာဖြစ်နိုင်ခြေနည်းသွားမယ်
ပိုကျန်းမာလာမယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ခံစားရမှာပါ။
to hellosayarwonpage

07/11/2020

ဝက်ခြံ ဆိုတာ လူတိုင်း‌ ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။

ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။

ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်…

ဟော်မုန်း အပြောင်းအလဲ

ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။

လူပျို ၊ အပျိုဖော်ဝင်ချိန်

ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen (အန်ဒရိုဂျင်) လို့ ခေါ်တဲ့ လိင်ဟော်မုန်းတွေ တိုးပွားလာပါတယ်။ ဒီလို တိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။

လုံလောက်တဲ့ သဘာဝအဆီ ရှိရင်တော့ အရေပြားကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ် ပေါ်လာနိုင်ပါတယ်။

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။

ဥပမာ – ရာသီမလာခင်မှာ ဝက်ခြံ ဖြစ်လာတတ်ပြီး ရာသီလာပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေ ကိုယ်ဝန်တားဆေး ရပ်လိုက်တဲ့ အချိန်မှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။

သောက်သုံးနေတဲ့ ဆေးဝါး

အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါ ကုဆေးများ၊ စတီးရွိုက်ဆေးများ၊ အာရုံကြောဆိုင်ရာဆေးများနဲ့ လီသီယမ်ပါတဲ့ဆေးတွေက ဝက်ခြံ အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

မျိုးရိုးဗီဇ

မျိုးရိုးဗီဇကြောင့်လဲ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိဘတွေမှာ ဝက်ခြံ ပေါရင် ကိုယ့်မှာလည်း ဝက်ခြံမပြတ် ဖြစ်တတ်ပါတယ်။

မိတ်ကပ် နဲ့ အလှကုန်

အဆီ ပါတဲ့ ခရင်မ်၊ မိတ်ကပ်၊ လိုရှင်း နဲ့ မိတ်ကပ်အခံတွေ သုံးတာဟာ သေချာပြန်မသန့်စင်ပေးရင် အရေပြားကို ထိခိုက်စေပါတယ်။ မိတ်ကပ်ဖျက်ဖို့နဲ့ မျက်နှာသန့်စင်ခြင်းကို ဂရုမစိုက်ရင် ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှု ကလည်း ဝက်ခြံ ကို ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ကြောင့်တော့ ဝက်ခြံမဖြစ်စေနိုင်ပေမယ့် ရှိပြီးသားဝက်ခြံကို ပိုဆိုးစေပါတယ်။

ပတ်ဝန်းကျင်

အဆီများတဲ့ ပတ်ဝန်းကျင်၊ ဥပမာ မီးဖိုချောင်တွေမှာ အလုပ်လုပ်ရင်တော့ ဝက်ခြံပေါက်တာတို့၊ ဝက်ခြံကို ပိုဆိုးစေတာတို့ ဖြစ်လာနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီ၊ စိုစွတ်တဲ့ရာသီတွေမှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။

ဒီအကြောင်းရင်းတွေ အပြင် ဝက်ခြံဖြစ်စေနိုင်တဲ့ အမူအကျင့်တချို့ကိုလည်း သိထားဖို့ လိုပါတယ်။

(၁) မျက်နှာကို ခဏခဏကိုင်တာ

တစ်ခုခုစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ တွေးနေရင်ဖြစ်ဖြစ် မျက်နှာကို ကိုင်တတ်ကုတ်တတ်သူလား။ ဒါဆိုရင်တော့ သင်ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းက မျက်နှာကို ကိုင်တာကြောင့်ပါ။ လက်ချောင်းမှာ ကပ်နေတဲ့ ဘက်တီးရီးယားလေးတွေက ချွေးပေါက်ထဲဝင်ရောက်ပြီး ဝက်ခြံတွေကိုဖြစ်စေတာပါ။ မျက်နှာကို လက်နဲ့ မထိမိစေဖို့ ကြိုးစားပါ။

(၂) ဝက်ခြံညှစ်တာ

ဝက်ခြံက ညှစ်လိုက်လို့မသက်သာသွားပါဘူး။ ပိုဆိုးသွားမှာပါ။ ဝက်ခြံညှစ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက အရေပြားအောက်ထဲကို အလွယ်တကူဝင်ရောက်သွားပြီး ဝက်ခြံကို ပိုရောင်ရမ်းစေနိုင်သလို အမာရွတ်တွေ ကျန်ခဲ့စေနိုင်ပါတယ်။ ဝက်ခြံမညှစ်ပါနဲ့။

(၃) မျက်နှာကို ပုံမှန် မသန့်စင်တာ

မျက်နှာကို ခဏခဏသန့်စရာမလိုပေမယ့် တစ်နေ့ကို မနက်တစ်ကြိမ် နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်တော့ သန့်ရှင်းဖို့လိုပါမယ်။ ဒါမှ ဝက်ခြံကင်းပြီး အသားအရေကြည်လင်မှာပါ။ အိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်တာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။

(၄) ရေသောက်နည်းတာ

ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ် ကျန်းမာစေရုံတင်မဟုတ်ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ဝက်ခြံကင်းပြီး အသားအရေကျန်းမာစေဖို့ဆိုရင်ရေဓာတ်လုံလောက်ပြည့်ဝအောင် သောက်သုံးဖို့လိုမှာပါ။

(၅) စိတ်ဖိစီးမှု များတာ

စိတ်ဖိစီးမှုများတာကကလည်း အသားအရေကိုထိခိုက်စေနိုင်သလို ဝက်ခြံတွေဖြစ်ပေါ်စေဖို့လည်း အားပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဝက်ခြံတွေက ဖြစ်လာစမြဲပါ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တရားထိုင်ပြီး ဝက်ခြံ သက်သာအောင်လုပ်ပေးလို့ရပါတယ်။

(၆) အယ်လ်ကိုဟော သောက်သုံးမှုများတာ

အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးတာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးတာကြောင့်လည်း အသားအရေထိခိုက်ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော လျှော့ပါ။

(၇) နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုများတာ

တစ်နေ့တာစားသုံးမှုမှာ ကယ်လ်ဆီယမ်ပါဝင်ဖို့လိုတယ်ဆိုပေမယ့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားသုံးတာက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံမဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့တွေကို စားသုံးတာပါ။

(၈) ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ

ဝက်ခြံ သက်သာစေဖို့က အသားအရေထိန်းသိမ်းရုံနဲ့ အဆင်မပြေပါဘူး။ အသားအရေထိန်းသိမ်းမှု၊ အစားအသောက်ဂရုစိုက်မှုအပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။

(၉) အိပ်ရေးဝအောင် မအိပ်တာ

အိပ်ရေးဝတာက အသားအရေကို ကြည်လင်စေပြီး စိတ်လန်းဆန်းစေသလို ရောဂါဘယတွေလည်း ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာချင်တယ်ဆိုရင်ညတိုင်း အိပ်ရေးဝဝအိပ်ဖို့လိုပါမယ်။

Photos from Sharing is Caring's post 28/10/2020

'ရန်ကုန်တိုင်းထဲက မြို့နယ် (၃၀)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တို့ မှာ ကျန်းမာရေးပြဿနာတွေကို ဖုန်းဆက်ပြီး ဆရာဆရာမတွေနဲ့ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်နေပြီဖြစ်ပါတယ်'

- ကိုယ့်မှာ တစ်ခုခုလည်းခံစားနေရတယ်၊ ကိုဗစ်
ကိုလည်းကြောက်လို့ ဆေးခန်းမသွားရဲဖြစ်နေသူတွေ
- ပုံမှန်ဆွေးနွေးတိုင်ပင်နေကြ ဆေးခန်းတွေပိတ်ထားလို့
အခက်တွေ့နေသူတွေ
- သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဖြစ်နေလို့
ဆေးခန်းသွားပြဖို့ အခက်ကြုံနေသူတွေအတွက်
ဒါက သတင်းကောင်းပါပဲ။

အခု Teleconsultation of Health Issue during Covid era ဆိုတဲ့ အစီအစဉ်ကို 'မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များ' အဖွဲ့ကနေ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ('ရင်းနှီး' က ပြန်လည်ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။)

တခြားမြို့နယ်တွေနဲ့ အခြား Volunteer အဖြစ် ဖုန်းခေါ်ဆိုမှုတွေကနေ ကျန်းမာရေးပြဿနာတွေကို ဆွေးနွေးပေးနေတဲ့ ဆရာဝန်ဆရာမတွေ၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ နောက်ထပ်အချက်အလက်တွေကိုလည်း အားလုံးအတွက် နောက်လည်းဆက်ပြီး ဖော်ပြပေးသွားပါမယ်။

ဖုန်းခေါ်ဆိုပြီး မေးမြန်းတိုင်ပင်ဖို့သတ်မှတ်ထားတဲ့ အချိန်နဲ့နေ့ရက်တွေကိုတော့ ပုံထဲမှာထည့်ပေးထားလို့ သေချာကြည့်ရှုစေလိုပါတယ်။

အားလုံး ကျန်းမာကြပါစေ။
ဆွေးနွေးပေးမယ့် ဆရာဆရာမတွေကိုလည်း
လေးစားမှုနဲ့ ဂါရဝပြုလျက်ပါ။

Credit : General Practitioners' Society Central
https://www.facebook.com/generalpractitionerssociety
_____________________

Healthier, Together!
Yinn Nee - ရင်းနှီး

#ကိုဗစ် #ဖုန်းဖြင့်ဆွေးနွေး
#ကျန်းမာရေး #ဆေးခန်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11221