Grand Tech Myanmar
Grand Tech Myanmar
Share
Photos from Grand Tech Myanmar's post 21/10/2019
Zawgyi ဖြင့်ဖတ်ရန်။
မင်္ဂလာပါရှင်။ 🙏🙏🙏
Unicode ဖြင့်ဖတ်ရန်။
မင်္ဂလာပါရှင်။ 🙏🙏🙏
Hybrid pure sine wave စစ်စစ်လည်းဖြစ် ပေးရတဲ့ဈေးနှုန်းနဲ့ကိုက်ညီပြီး solar controller ပါ ပြီးသားဆိုတော့ "controller တွေ ထပ်ရှာ ဘယ်လိုတပ်ဆင်ရင်ကောင်းမလဲ" ဆို ပြီး ခေါင်းရှုပ်စရာမလို‌တော့ပါဘူး။
Customer ကိုယ်တိုင်တပ်ဆင် အသုံးပြုထာတဲ့ 3kVA, 24V hybrid pure sine wave solar inverter လေးပါနော်။
3kVA, 24V hybrid pure sine wave solar inverter with 50A solar controller ကတစ်လုံး
330W, 36V poly crystalline panel သ‌ုံးချပ်ကို parallel ဆက်ပါတယ်။
Battery 12V, 150Ah နှစ်လုံးကို 24V ဖြစ်အောင် Series ဆက်ပါတယ်။
Aircon 1hp နှင့် Lighting LED 20W အ ချောင်းနှစ်ဆယ်ဆိုတော့ Total load 40% သုံးထားပါတယ်။
Installation လုပ်ထားတာလေးက သန့်ရှင်းသပ်ရပ်နေတာဘဲ အရမ်းသ ဘောကျတယ်။
ပုံလေးတွေ ပြန်ပို့ပေးတဲ့ အစ်ကိုရေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
လိုအပ်ချက်နှင့်ကိုက်ညီတဲ့ customer များ page က နေ ဖြစ်စေ၊ ဖုန်း နံပါတ် 09 456 820 201 သို့ ဖြစ်စေဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်။
လူကိုယ်တိုင် လာရောက်လေ့လာချင်ရင်တော့ အမှတ် 15/16 ဘုရင်နောင် လမ်းမ ကြီး၊ သုံးရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန် သို့လာ‌ရောက်ဖို့ ဖိတ်ခေါ်ပါရစေ။
ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိ သော နေ့လေးဖြစ်ကြပါစေရှင့်။
Photos from Grand Tech Myanmar's post 20/07/2019
🙏🙏🙏 မင်္ဂလာပါရှင့်။ Grand Tech Myanmar မှ Customer များအတွက် inverter ၏လုပ်ဆောင်ချက်တွေဖြစ်တဲ့ On grid, off grid နှင့် hybrid inverter တွေအ ကြောင်း မျှ ၀ေ ပေးလိုက်ပါတယ်။
Ongrid, Off grid နှင့် Hybrid inverter တို့မှာ လုပ်ဆောင်ချက်ကွဲပြားသော်လည်း inverter များဖြစ်သောကြောင့် Direct Current (DC) က နေ Alternating Current (AC) သို့ ပြောင်းလဲပေးသော စက်ကရိယာဖြစ်ပါတယ်။
Q: On grid inverter ကိုဘာကြောင့်အသုံးပြုသင့်ပါသလဲ။ ?
A: Solar power generation မှာ On grid ကို ဘဲသုံးကြပါတယ်။ လုပ်ငန်းသုံးအဖြစ် အဓိက အသုံးပြုချင်တဲ့ Customer တွေ အတွက်အထူးသင့်လျော်ပါတယ်။
On grid system တွင် EPC မီး၊ solar နှင့် On grid Inverter တို့ချိတ်ဆက်အသုံးပြုရပါတယ်။ EPC မီးရှိပြီးသား Customer များအ နေဖြင့် အသုံးပြုနိုင်ပြီး မီးသုံးစွဲယူနစ်များကို သက်သာစေပါတယ်။ Solar မှရရှိသော power ကိုတိုက်ရိုက်အသုံးပြုနိုင်ပြီး မီးပျက်လျှင် အသုံးပြု၍မရပါ။ On grid system အသုံးပြုခြင်းဖြင့်ကုန်ကျစရိတ် ပိုမိုသက်သာစေပါတယ်။ အ ကြောင်းမှာ battery အသုံးပြုစရာမလိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။ On grid အသုံးပြုခြင်းကြောင့် လိုအပ်တဲ့သုံးစွဲပမာဏထက်ပိုသော ယူနစ်များကို grid ပေါ်သို့ ပြန်တင်ပေးခြင်းဖြင့် Meter ကိုပြောင်းပြန်လည်စေပြီး Electricity bill ကိုလျော့ချပေးပါတယ်။ ထို့ပြင် ဆိုလာများအား သန့်ရှင်းရေး လုပ်ပေးရုံမှအပ maintenance လုပ်ပေးစရာလည်း မလိုအပ်ပါ။
Q: Off grid inverter ကိုဘာကြောင့် အသုံးပြုသင့်ပါသလဲ။ ?
A: Off grid inverter ကို Solar, Solar charge controller, battery တို့နှင့် ချိတ်ဆက်အသုံးပြုပေး ရမှာဖြစ်ပြီး အိမ်သုံးအဖြစ်အသုံးပြုကြပါတယ်။ လျှပ်စစ်မီးလုံးဝမရှိသေးသောသူများနှင့် အထူးသင့်လျော်ပြီး Off grid system တွင် battery ပါဝင်အသုံးပြုထားခြင်းကြောင့် နေ့ဘက်တွင်သာမက ညဘက်တွင်ပါ battery တွင်သိုလောင်ထားသော power များကိုဆက်လက်အသုံးပြုနိုင်ပါတယ်။
Q: Hybrid inverter ကိုဘာ့ကြောင့်အသုံးပြုသင့်ပါသလဲ။ ?
A: Hybrid Inverter ကို အိမ်သုံးအဖြစ်အဓိက အသုံးပြုကြပါတယ်။ Hybrid System တွင် Solar, Hybrid Inverter, Solar Charge Controller နှင့် Battery တို့ချိတ်ဆက် အသုံးပြုပေးရပါတယ်။
Hybrid Inverter တွင် အဓိကပါဝင်သော Solar First Function ကိုအသုံးပြုခြင်းအားဖြင့် နေရောင်ရရှိနေသမျှ ကာလပတ်လုံး Solar မှ Enery ကိုသာအဓိက အသုံးပြုနေခြင်းဖြစ်ပြီး နေ ရောင်မရှိတော့မှသာ EPC ကို အလို လျောက်အသုံးပြုစေသဖြင့် မီတာခများ သက်သာစေပါတယ်။ Hybrid Inverter တွင် on grid နှင့် off grid system နှစ်မျိုးလုံး ပေါင်းစပ်ဖွဲ့စည်းထားသကဲ့သို့တည်ဆောက်ထားပါတယ်။ EPC မီးရှိသူများအနေဖြင့် On grid system ကဲ့သို့ Solar မှ power တိုက်ရိုက်ယူသုံးနိုင်သော်လည်း အများစုမှာ On grid ကဲ့သို့ battery မပါဘဲ အသုံးပြု၍ မရပါ။ Hybrid Inverter အသုံးပြုခြင်းဖြင့် Off grid system ကဲ့သို့ ညဘက်မီးပျက်လျှင်လည်း battery တွင်သိုလောင်ထားသော power များကိုထုတ် ယူအသုံးပြုနိုင်ပါတယ်။
ချွင်းချက်အ နေဖြင့် Customer ၏လိုအပ်ချက်အရ အထူးဒီဇိုင်းပြုလုပ်ထားသော Inverter များလည်းရှိပါတယ်ရှင့်။
ကဲ! !
ဒီလောက်ဆိုရင်ဖြင့် Customer များအ နေဖြင့် On grid, Off grid နှင့် Hybrid Inverter များအ ကြောင်း နည်းငယ်သ ဘောပေါက်ပြီ ထင်ပါတယ်ရှင့်။
👉 အကယ်၍များ Service ကောင်းသော ယုံကြည်စိတ်ချရတဲ့ အရည်သွေးမြင့် Modified sine နှင့် Pure Sine Wave Inverter များ ၀ယ်ယူလိုသော် Grand Tech Myanmar မှာရှိပါတယ်နော်။
📞 ဖုန်းနံပါတ် 09 4568 20201 နှင့် 09 7640 10108
တို့ကိုဖုန်းဆက်လိုက်ရုံဖြင့် လူကြီးမင်းတို့၏ လိုအပ်ချက်ဖြင့်ကိုက်ညီမည့် Inverter များဝယ်ယူနိုင်ပါပြီနော်။
ကျေးဇူးအထူးတင်ပါတယ်ရှင့်။ 🙂🙂🙂
Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.
Telephone
Address
No 15/16, Bayint Naung Main Road, Block (3)
Yangon
11051
Opening Hours
Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30