Ngapali Construction

Ngapali Construction

Share

30/06/2026

မြေမဝယ်ခင် ပိုင်ဆိုင်မှု မှန်/မမှန် ဘယ်လိုစစ်မလဲ🤔

🏠 မြေကွက်တစ်ကွက်ကို စိတ်ကြိုက်တွေ့လို့ မဝယ်ခင်မှာ ငွေကြေးဆုံးရှုံးမှုမရှိစေဘဲ အလိမ်အညာမခံရအောင် သေချာစစ်ဆေးဖို့ ဆိုရင်

သက်ဆိုင်ရာ မြေစာရင်းရုံး (သို့မဟုတ်) ဌာနတွေမှာ တရားဝင် စစ်ဆေးရမယ့် အဆင့်တွေရှိပါတယ်။

ဒီအဆင့်တွေက ဘာတွေဖြစ်မလဲဆိုတာ Ngapali Construction ကနေ ပြောပြပေးလိုက်ပါတယ်။ 👇🏻🙇🏻‍♂️

☑️ မူရင်းမြေပုံညှပ်နဲ့ မြေရာဇဝင် (ပုံစံ-၁၀၁/၁၀၅) တရားဝင် ဟုတ်/မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်းဌာနမှာ အမည်ပေါက် တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။
☑️ ရောင်းချသူဟာ တကယ့်မူရင်းအမည်ပေါက် ဟုတ်မဟုတ် သို့မဟုတ် တရားဝင် ကိုယ်စားလှယ် လွှဲစာ (GP/SP) ရှိမရှိ ကိုလည်း စစ်ဆေးဖို့လိုပါတယ်
☑️ မြေကွက်မှာ အဆင့်ဆင့်ချုပ်ဆိုခဲ့တဲ့ အရပ်စာချုပ်များ ရှိပါက စာချုပ်အဆက်အစပ် မှန်ကန်မှု ရှိ/မရှိ သေချာတွက်ချက်စစ်ဆေးသင့်ပါတယ်။
☑️ အရောင်းအဝယ်မပြုလုပ်မီ ကန့်ကွက်မယ့်သူ ရှိ/မရှိကို နေ့စဉ်ထုတ်သတင်းစာတွေမှာ တရားဝင် ကြော်ငြာထည့်သွင်းခြင်း ရှိမရှိ စစ်ဆေးသင့်ပါတယ်

နောင်ရေးအတွက် စိတ်အေးရပြီး ပိုင်ဆိုင်မှု မှန်ကန်ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ချင်တယ်ဆိုရင် အခုပြောပြပေးခဲ့တဲ့ အဆင့်တွေကို လုပ်ဆောင်ရမှာပဲ ဖြစ်သလို ✔️🏠

ဒီလိုရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း စစ်ဆေးရမယ့် အဆင့်တွေ၊ အရှုပ်အရှင်း ဖြစ်လာနိုင်မယ့် Risk တွေကို ကိုယ်တိုင်လိုက်မလုပ်ချင်ဘူး ဆိုရင်တော့...

Ngapali Construction မှာ ဥပဒေအရာရှိတွေ ကိုယ်တိုင် စနစ်တကျ စိစစ်ပြီးလုပ်ဆောင်ပေးနေတာဖြစ်တဲ့အပြင် ဝယ်ယူသူအမည်ပေါက် "ဂရန်မြေ" ရသည်အထိ ကနဦးကတည်းက တရားဝင် အာမခံချက်အပြည့်နဲ့ ရောင်းချပေးနေတာဖြစ်လို့

စာရွက်စာတမ်းအတွက် ရာနှုန်းပြည့် စိတ်ချလက်ချထားပြိး ရင်းနှီးမြှုပ်နှံနိုင်ပါပြီနော်။ 💯🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488






#ဂရန်မြေအမည်ပေါက်

22/05/2026

Royal Phoe Sein Condo အကြောင်း သိပြီးပြီလား ❓

🏠 Ngapali မှာရောင်းချပေးနေတဲ့ project တွေထဲကမှ

Royal Phoe Sein Condo အကြောင်း သိပြီးပြီလား ?

📍ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းမပေါ် (နတ်မောက်ရိပ်သာလမ်းသွယ်) မှာ တည်ရှိတဲ့

Royal Phoe Sein Condo ကို Cash Down စနစ်၊ Loan စနစ်တွေနဲ့ ဝယ်ယူနိုင်သလို

☑️ မြို့ပြရဲ့ ဗဟိုချက်နဲ့ နီးကပ်တာကြောင့် ရုံးသွားရုံးပြန်ဖြစ်စေ၊ စီးပွားရေးချိတ်ဆက်မှုတွေအတွက်ဖြစ်စေ သွားလာရေး အထူးလွယ်ကူ အဆင်ပြေစေမယ့် နေရာမျိုးဖြစ်ပြီး
☑️ အချက်အချာကျတဲ့ ဖိုးစိန်လမ်းမပေါ်မှာ ရှိတာကြောင့် နာမည်ကြီးစားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ နီးကပ်နေကာ
နေထိုင်စားသောက်ရေးအတွက် အစစအရာရာ ပြည့်စုံစေမယ့် နေရာမျိုးလည်း ဖြစ်သလ်ု
☑️ မြို့လယ်ခေါင်နဲ့ နီးပေမယ့်လည်း ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားတာကြောင့် မိသားစုဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်စေမယ့် နေရာမျိုးလည်း ဖြစ်တဲ့အပြင်

🏠 BCC ကျပြီး ဂရန်မြေ အမည်ပေါက် ပိုင်ဆိုင်မှု ခိုင်မာတာကြောင့် နေထိုင်ဖို့အတွက်တင်မကဘဲ ရင်းနှီးမြှုပ်နှံထားရင်လည်း နောင်တစ်ချိန်မှာ တန်ဖိုးတက်လာစေမယ့် နေရာမျိုးလည်း ဖြစ်ပါတယ်။

ဒါကြောင့် သွားလာရလွယ်ကူပြီး နေထိုင်ရေးအတွက် အစုံလင်ဆုံးဖြစ်မယ့် တာမွေမြို့နယ်က Royal Phoe Sein Condo အကြောင်း 🏠

အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ Ngapali Construction ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။ 🤝🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Shwe Mya Yar Housing/2
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00