Myanmar Update News
14/06/2020
R.I.P ဆူရှန်
PK, MS.Dhoni, Kedarnath၊ Chhichhore စတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဘောလီးဝုဒ် မင်းသား၊
Parvita Rishta အိနိယ စ်ီးရီးရုပ်ရှင်ရဲ့ အဦးဆုံးမင်းသား
Sushant Singh Rajput ဒီနေ့မွမ်ဘိုင်းက နေအိမ်မှာ
ဆွဲကြိုးချပြီး သတ်သေသွားပါပြီ။
လွန်ခဲ့တဲ့ ၃ ရက်အရင်က သူ့ရဲ့ မန်နေဂျာဟောင်း ဒီရှားဆင်း
တိုက်ပေါ်က ခုန်ချပြီး သတ်သေခဲ့ပါတယ်။ ဆူရှန်က လက်ရှိ
Jalebi ရုပ်ရှင်ထဲက မင်းသမီး ရီဟားနဲ့ တွဲနေတာဖြစ်ပါတယ်။
အသေးစိတ်သတင်း ညကျတင်ပေးပါမယ်။
11/04/2019
သရက်မြို့ ပွဲစားလမ်းတွင် မီးလောင်မှု ဖြစ်ပွား
05/12/2018
ထိုင်းပရိသတ်တွေ ရှေ့မှောက်မှာ အောင်ပွဲခံပြီး ၊ ဗိုလ်လုပွဲ တက်ရောက် သွားတဲ့ မလေးရှားအသင်း
==============
ထိုင်း အသင်းဟာ ဒီကနေ့ မှာတော့ ဂိုးသမား ဘုပွန်း ၊ နောက်တန်း မှာ ရိုလာ ၊ ဟမ်ဘီဘွန်း ၊ ဥဒွန်ရှီရီ ၊ ကာဒါအီ တို့ကို ပွဲထုတ်ခဲ့ပြီး ၊ ကွင်းလယ်မှာတော့ ပေါင်ချန် ၊ ကီဆာရတ် ၊ ဒီချန့် နဲ့ ရှေ့တန်းမှာ ဂျိုင်ဒတ် ၊ ကရာဆွန် ၊ တော့ဆာရွိုင် တို့ကို ထည့်သွင်း ကစားလာခဲ့ ပါတယ်။
မလေးရှား အသင်းကတော့ ဂိုးသမား မာလီယက် ၊ နောက်တန်း မှာ ဆာဖာရီ ၊ ဇာဖူရန် ၊ ဆာအက် ၊ ချီဟာဆင် တို့ကို ပွဲထုတ်ခဲ့ကာ ၊ ကွင်းလယ်မှာ ရာဆစ် ၊ မာဟီနန် ၊ အက်ဘာ ၊ ဆူမာရက် တို့က ဦးဆောင်ခဲ့ပြီး တိုက်စစ်ကိုတော့ အက်ဒါ ၊ နော်ရှာရူလ် တို့က တာဝန်ယူ လာခဲ့ ပါတယ်။
ပွဲစတာ နဲ့ ထိုင်းအသင်းဟာ သူတို့ရဲ့ ထုံးစံအတိုင်း ကစားကွက် မှန်မှန်နဲ့ ဘောလုံး ပိုင်ဆိုင်မှု အသားစီး ရယူကာ ကစားလာခဲ့ သလို ၊ မလေးရှား ကလဲ အဝေးကွင်း ဖြစ်တာကြောင့် ခံစစ်ကို အနည်းငယ် အားပြုက ပွဲကို စတင်လာခဲ့ ပါတယ်။
ထိုင်းကစားသမားတွေဟာ မလေးရှား ရဲ့ တန်ပြန်တိုက်စစ်ကို လျှင်လျှင်မြန်မြန် ပုံဖော် လာမှုကြောင့် ပြစ်ဒဏ်ဘောတွေ မကြာခဏ ကျူးလွန်းနေခဲ့ရပြီး ၊ ပထမပိုင်း တစ်ခုတည်းတင် ဖရီးကဒ် ကန်ခွင့် 10 ကြိမ်အထိ ပေးခဲ့ ရပါတယ်။ ပွဲချိန် 21 မီးနစ် မှာတော့ ထိုင်းအသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့ ပါတယ်။ ညာတောင်ပံ ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပေါင်ချန်က အနီးကပ် ခေါင်းတိုက် လိုက်စဉ်မှာ ၊ မလေးရှား နောက်တန်းက အာဖန် ဇာကာရီယာ နဲ့ ထိကာ ကိုယ့်ဂိုးကို ပြန်သွင်းမိသလို ဖြစ်သွားခဲ့ တာ ဖြစ်ပါတယ်။
အဲဒီနောက် ပေါင်ချန်ရဲ့ နောက်ထပ် ဂိုးကန်ချက် ကောင်းမွန်ခဲ့သော်လဲ မလေးရှား ဂိုးသမားက ထပ်မံ ကာကွယ် သွားခဲ့ ပါတယ်။ ပွဲချိန် 28 မီးနစ် မှာတော့ မလေးရှားတို့ ချေပဂိုး ပြန်လည် ရရှိသွားခဲ့ ပါတယ်။ ဒီဂိုးကို ဆာဖာရီ က အဝေးကန်ချက်နဲ့ အပြင်း ကန်သွင်းသွားခဲ့တာ ဖြစ်ပြီး ဂိုးသမားရဲ့ အပေါ်ထောင့်ကျဉ်းထဲကို တည့်တည့်မတ်မတ် ၀င်သွားခဲ့ကာ ၊ ဧည့်သည်တို့အတွက် ဗိုလ်လုပွဲ တက်ရောက်ဖို့ မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန် လာခဲ့ ပါတယ်။
မီးနစ် 30 နောက်ပိုင်းမှာတော့ ထိုင်းအသင်းဟာ နောက်ထပ် ဦးဆောင်ဂိုးတွေ ရယူဖို့ မလေးရှားကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး ထိုးဖောက် ကစားခဲ့သော်လဲ မလေးရှားရဲ့ ကျစ်လစ်တဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ် နိုင်ခြင်း မရှိခဲ့သလို ၊ တစ်ခါတရံ မလေးရှား ရဲ့ တန်ပြန်တိုက်စစ် ကိုတောင် အသည်းအသန် ကာကွယ် သွားခဲ့ ရပါတယ်။
ပထမပိုင်း အပြီးမှာတော့ နှစ်သင်းစလုံးဟာ အသာစီး ရယူနိုင်ခဲ့ခြင်း မရှိပဲ တစ်ဖက် တစ်ဂိုးစီ နဲ့သာ ပြီးဆုံး သွားရခဲ့ရပြီး ၊ ဒုတိယ ပိုင်းမှာ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာ စောင့်ကြည့် လိုက်ကြရအောင်ဗျာ။
Second Half
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ မလေးရှား အသင်းကပဲ ထိုင်းဂိုးပေါက်ကို စတင် ခြိမ်းခြောက် လာခဲ့ပါတယ်။ အာဖရိက နွယ်ဖွား ကစားသမား တစ်ဦးဖြစ်တဲ့ ဆူမာရက် ရဲ့ ဖန်တီးမှု ကနေ တဆင့် ၊ တိုက်စစ်မှုး နော်ရှာရူလ် ဟာ ဧရိယာထဲမှာ အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်ဟာ အံ့အားသင့် စရာ ကောင်းလောက်အောင် မိုးပေါ်ကို ထောင်တက် သွားခဲ့ပါတယ်။
မီးနစ် 50 ၀န်းကျင်မှာတော့ ထိုင်းအသင်းဟာ ပြန်လည် တိုက်စစ်ဆင် ကစားလာခဲ့ပြီး ဖရီးကစ်တွေ ထောင့်ကန်ဘောတွေ ကနေ ဦးဆောင်ဂိုး ရဖို့ ပြန်လည် ကြိုးစားလာခဲ့ပေမယ့် ၊ မလေးရှား ကလဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖျက်ထုတ် သွားခဲ့ ပါတယ်။
Goal!!
63 မီးနစ် အရောက်မှာတော့ အိမ်ရှင် ထိုင်းအသင်း ဦးဆောင်ဂိုး ပြန်လည် ရရှိသွားခဲ့ ပါတယ်။ ဧရိယာ အနားမှာ ရရှိလာတဲ့ ဖရီးကစ်ကို လူစားဝင် ကစားသမား ဆူမန်ရာက ကန်ပေးလိုက်ရ ကနေ တဆင့် ၊ နောက်တန်းလူ ပန်ဆာ ဟာဘီဘွန်းက ပိတ်သွင်းယူကာ ဦးဆောင်ဂိုး သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။
Goal!!
အိမ်ရှင် တို့ရဲ့ ဦးဆောင်ဂိုးဟာ 10 မီးနစ်တောင် မခံခဲ့ပါဘူး။ မလေးရှား အသင်းက ချက်ခြင်းဆိုသလို ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးစားလာရင်း ၊ ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှုး နော်ရှာရူလ် က အပိုင် ကန်သွင်းကာ ပွဲချိန် 71 မီးနစ် မှာ ဒုတိယ ချေပဂိုး ပြန်လည် ရယူ သွားခဲ့ ပါတယ်။
ချေပဂိုး ပြန်လည် ပေးလိုက်ရပြီး နောက်ပိုင်းမှာတော့ ထိုင်းအသင်းရဲ့ ကစားပုံဟာ အချိတ်အဆက် လုံးဝ မမိတော့ပဲ ၊ ကစားသမားတွေ စိတ်ထဲမှာလဲ ဖိအားတွေ ၀င်သွားခဲ့ ပါတယ်။ မလေးရှား ကတော့ အဝေးကွင်း ဂိုးစည်းမျဉ်းနဲ့ ဗိုလ်လုပွဲကို တက်ရောက် နိုင်ဖို့ အရေးပဲ ဦးတည်းက ထိုင်းအသင်းကို ထိန်းကစားနေခဲ့သလို ၊ ခံစစ်ကိုလဲ တစ်သင်းလုံး အားပြု ကစားလာခဲ့ ပါတယ်။
ပင်နယ်တီ!!!!
93+3 မီးနစ် အရောက်မှာ အိမ်ရှင် ထိုင်းအသင်း ဘက်ကို ဒိုင်လူကြီးက ပင်နယ်တီ ကန်သွင်းခွင့် ပေးလိုက်ပါတယ်။ မလေးရှား နောက်တန်းက ကစားသမား ဆူရာမီဟာ ဘောလုံးကို ဖျက်ထုတ်ရာမှာ လက်နဲ့ ထိတယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးလိုက်သလို ၊ ဆူရာမီကို လဲ နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ်လိုက်ပါတယ်။
ဒီပင်နယ်တီကိုတော့ ထိုင်းအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုး ကရာဆွန် က ကန်သွင်းခဲ့ပေမယ့် အပေါ်ထောင်ခဲ့ပြီး ကန်မိခဲ့တာကြောင့် နောက်ဆုံး စက္ကန့် အရောက်မှ ဗိုလ်လုပွဲကို တက်ရောက် နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော် သွားခဲ့ ပါတယ်။
မလေးရှား အသင်းကတော့ 2018 ဆူဇူကီး ဖလား ဗိုလ်လုပွဲကြီး ဆီကို အဝေးကွင်း ဂိုးစည်းမျဉ်းနဲ့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။
01/12/2018
“မြွေပွေးလိုလူမဖြစ်စေနဲ့”
================
ဘာကြောင့် ဒီလိုပြောပါလိမ့်နော့ ပြောပြမယ်နော့ ။ ကျွန်တော်တို့ ဖဒိုမြို့က ဈေးထဲမှာ မြွေသည်တွေအများကြီးရှိတယ်.။
စပါးရိတ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေ အခွေလိုက်ထည့်ထားတဲ့ လင်ဗန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းနေတဲ့
မိန်းကလေးတွေကို ဆောင်းဦးနံနက်ခင်းတိုင်း တွေ့ရတတ်တယ်..။ လင်းမြွေ ရေမြွေ မြွေပွေး အစုံပဲ..မြွေပွေးဆိုရင်တော့ ဈေးကြီးတယ်.
တစ်ကောင်ကို ၁သောင်း ၀န်းကျင်ပေးရတယ်.. လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ ရောင်းတာ..ဈေးသိပ်မရဘူး..။
ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးလိုက်ရှာပြီးဖမ်းတတ်တယ်..။
တစ်ညကို ၂ ကောင်လောက်ပဲရ.. နေ့တွက် ၂သောင်း စီသွားပြီလေ.. ကျွန်တော့်အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့ မြွေမုဆိုး
ကရင်ဖထီးကြီး တစ်ယောက်ရှိတယ်..။ တစ်နေကုန် အရက်လေးသောက်လိုက် အိပ်လိုက်နဲ့ ညကျမှ ၂ ခွမှိန်းလေးကိုင် ၊
ဝါးပလိုင်းလေးလွယ် ၊ ဓားမတိုလေးတစ်ချောင်း ခါးကြားထိုးပြီး ကွမ်းလေးတစ်ဖွီဖွီနဲ့မြွေလိုက်ဖမ်းတော့တာပဲ..။ သူ့ခြေထောက်တစ်ဖက်
က နဲနဲဆာတာတာနဲ့ဆိုတော့ လမ်းလျောက်ရင် သိပ်မလျောက်နိုင်ဘူး.. ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေ တောစီးဖိနပ်
သံတစ်ဂွက်ဂွက်နဲ့ သူအိမ်ပြန်တဲ့အသံကိုကြားရတယ်..။
ကရင်သီချင်းလေးခပ်တိုးတိုး ဆိုလာပြီဆို ကျိန်းသေတယ်.. မြွေပွေး ၂ ကောင်လောက်မိလာပြီ..
ခြေထောက်ဆာတာတာနဲ့ ဒီအတီးက အင်မတန်လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တ၀ါကို ဘယ်လိုဖမ်းလဲဆိုတာကျွန်တော်စိတ်ဝင်စားတယ်..။
ဒါကြောင့် တစ်နေ့တော့ ကျွန်တော်အဲ့ဒီအတီးအိမ်ကို သွားလည်ရင်း သူ့ကို အင်တာဗျူးရတာပေါ့..
“အတီး..အတီးက ခြေထောက်လည်း မသန်ဘဲနဲ့ ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ..”
“ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး..။ ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတယ်ကွ.
ဒါကြောင့်ငါမြွေပွေးပဲဖမ်းတယ်..” “အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ..” “မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ.. လူုကိုရန်
မူမယ်ဆိုပြီး အသင့်အနေအထားနဲ့ ငြိမ်နေတာ..။
သူ့မှာ အဆိပ်ပြင်းတယ်ပေါ့ကွာ..။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးပေါ့.. လာမထိနဲ့ သေသွားမယ်ပေါ့ကွာ..။
သူ့ကိုထိတာနဲ့ ဆတ်ခနဲ လှမ်းကိုက်တော့တာပဲဟေ့.. သူ့ကိုမထိသေးရင် မင်းကိုဘာမှမလုပ်ဘူး..
အဲ့ဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့အသာလေးကပ်သွားပြီး ထိလုထိခင်ကျမှ မှိန်း ၂ ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်ရင် ဒီကောင့်ကို
မိတာပဲ..ဟဲဟဲ….။ မြွေထဲမှာ အဆိပ်ပြင်းပါတယ်ဆိုတဲ့ မြွေပွေးက ဖမ်းလို့အလွယ်ဆုံးဟ..။ ဒီကောင်က အဆိပ်ပြင်းတယ်ဆိုပြီး
သူ့ကိုယ်သူ မာန်တတ်နေတာကိုး…” “အော်……” ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့ အတီးအိမ်က ပြန်လာခဲ့တယ်..။ အဆိပ်
မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ လွတ်မြောက်နိုင်တဲ့လမ်း ရှိသေးတာပါလား.. ငါအဆိပ်ပြင်းတာပဲဆိုပြီး မာန်
တတ်နေတဲ့ မြွေပွေးကတော့ မြွေမုဆိုးလက်ထဲမှာ သေတာပဲ..။
တကယ်က… အဆိပ်တည်းဟူသော မာန်မာန အမှားကြောင့် အဆိပ်တည်းဟူသော အားကိုးရာလက်နက်အမှားကြောင့်
သူတစ်ပါးကို အထင်သေးမိတဲ့အခါ မြွေမုဆိုးလက်မှာ သေပွဲဝင်ရရှာတာပါလား..။ ကျွန်တော် ဆက်စပ်ပြီး တွေးနေမိတယ်…
ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း လူမြွေပွေးတွေ အများအပြားပါလား..။ ဟင်း..ငါ့လာမထိနဲ့နော်..သေသွားမယ်..
ငါ့ကို ဘာကောင်ထင်နေလဲ.. ငါလုပ်လိုက်ရ မင်းဘ၀ပျက်သွားမယ် သားကြီး..။ ငါနဲ့ မငြိစေနဲ့..ဆိုတဲ့ အစွယ်တစ်ဖွေးဖွေး
လူမြွေပွေးတွေကို တွေ့တိုင်း ခြေထောက်တစ်ဖက်ဆာနေတဲ့ မြွေမုဆိုးကရင်ဖထီးကြီးကို ကျွန်တော် ပြေးမြင်ပြီး ပြုံးမိတယ်..။ ကို
ယ့်ကိုယ်ကိုလည်း ပြန်လည် ဆင်ခြင်ခဲ့တယ်..။ စီးပွားရေးလေး အဆင်ပြေလာတိုင်း လုပ်ငန်းတွေ တိုးတတ်လာတိုင်း နောက်ဆုံး..fb
မှာ follower တွေ တိုးလာတိုင်း ကိုယ့်ကို ချီးကျူးသံတွေ ညံလာတိုင်း “ငါကွ” ဆိုတဲ့ မာန်မာနတွေ တစ်ရိပ်ရိပ်တတ်လာနေခဲ့ပါလား..။
ကိုယ့်ခေါင်းပေါ်မှာ ဖထီးရဲ့ ခက်ရင်း ၂ ခွ မှိန်းကြီ; လာဝဲနေပြီဆိုတာ မသိဘဲနဲ့ ယစ်မူးသာယာနေတဲ့ မာန်မာန အဆိပ်တွေ..မာန်မာန
အစွယ်တွေ.. အိုး…..ရင်ထဲမှာ အသိဥာဏ်တစ်ချို့ လင်းလက်လို့သွားပါတယ်.မာန်တတ်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့ မှိန်းကြီးကိုင်
ထားတဲ့ဖထီးရဲ့ပုံရိပ်ကိုမြင်ယောင်မိပြီး ကိုယ့်ကိုယ် ကို ပြန်ဆုံးမတယ်..။
မိတ်ဆွေတို့ ခေါင်းပေါ်မှာရော.. ဖထီးရဲ့ မှိန်းကြီးရောက်နေပြီလား…မော့ကြည့်ကြစေချင်ပါတယ်..။
ကိုစိုးထိုက်(ဖဒို)
Photo crd
Click here to claim your Sponsored Listing.
Category
Website
Address
Yangon