ECG

ECG

Share

Photos from ECG's post 26/05/2024

#နှလုံးသွေးကြောဘာလို့ကျဉ်းတာလဲ
#နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်မှဘယ်လိုကာကွယ်နေထိုင်ကြမလဲ

Credit-

အရင်ဆုံး ကိုယ့်ဆီမှာ နှလုံးသွေး‌လွှတ်ကြောကျဉ်းစေတဲ့အချက်တွေထဲက ဘယ်အချက်တွေနဲ့ ညိနေလဲဆိုတာ အရင်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

#ဆီးချိုရောဂါ
အားလုံးထဲမှာမှ အန္တရာယ်အရှိဆုံးကတော့ ဆီးချို သွေးချိုရောဂါ ဖြစ်နေခြင်းပါ။ ဆီးချို သေချာမထိန်းနိုင်ရင် နှလုံးသွေးကြောကျဉ်းဖို့က ဗေဒင်ဆရာသွားမေးစရာတောင် မလိုတော့ပါဘူး။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်နဲ့ သုံးလအတွင်း ပျှမ်းမျှသကြားဓာတ် (HbA1C) ကို သေချာထိန်းထားပါ။

#သွေးတိုးရောဂါ
သွေးတိုးကို သေချာ မကုခြင်း၊ သွေးတအားတိုးနေခြင်းက လေဖြတ်ခြင်းကို ဖြစ်စေသလို နှလုံးသွေးကြောကျဉ်းစေတဲ့ အဓိကတရားခံလည်း ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိရင် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းထားဖို့ အလွန်အရေးကြီးပါတယ်။

#ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်မသောက်သူတွေထက် နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးဖို့ သုံးဆပိုဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်နေရင် အခုပဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ ဒီနေ့ ဆေးလိပ်ဖြတ်ရင် ဒီနေ့ စတင် အကျိုးခံစားရမှာပါ။

#သွေးတွင်းအဆီဓာတ်များခြင်း
သွေးတွင်း အဆီဓာတ်များနေခြင်းကလဲ နှလုံးသွေးလွှတ်ကြောနံရံတ‌လျှောက် အဆီများစုပုံ ပိတ်ဆို့မှုကို ဖြစ်စေပါတယ်။ အစားအသောက်မှာ အဆီအဆိမ့်ပါတာ လျှော့စားပါ။ သွေးတွင်း အဆီဓာတ်များနေပြီဆိုရင် သွေးတွင်းအဆီကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာသောက်သုံးပါ။

#မျိုးရိုးထဲမှာနှလုံးသွေးကြောကျဥ်းရောဂါရှိဖူးသူ
မိသားစု ဆွေမျိုးတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့သူ၊ နှလုံးသွေးကြောပိတ်လို့ ဆုံးပါးဖူးသူရှိရင် ကိုယ့်မှာလဲ နှလုံးသွေးကြောကျဉ်းဖို့ အခွင့်အရေး ပိုများနိုင်ပါတယ်။

#ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း
နောက်ဆုံးတစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ၊ အလုပ်ပင်ပန်းမှု ဒဏ်ခံရမှုတွေကလဲ ကြာလာရင် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။ အဲ့တာကြောင့် စိတ်ဖိစီးမှုမများအောင် နေထိုင်ပါ။ တရားထိုင်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးပါ။

Credit-

Photos from ECG's post 10/10/2023

်ဆေးရာတွင်_ဘာကြောင့်ဆီးတင်းရန်လိုအပ်ပါသလဲ

Credit-

ဗိုက်အား Ultrasound ရိုက်ခြင်းသည် ယနေ့ခေတ်တွင် ဆရာဝန်များမှ ညွှန်ကြားချက်ဖြင့်ဖြစ်စေ မိမိဆန္ဒအလျှောက်ဖြစ်စေ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ Ultrasoundစစ်ဆေးရာတွင် ပြီးပြည့်စုံသော အချက်အလက်များရရှိရန်အတွက် ဆီးတင်းရန်လိုအပ်ပါသည်။

ဆီးတင်းမှသာလျှင်
၁။ ဆီးအိမ်အားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၂။ အမျိုးသမီးများတွင် သားအိမ်ကြည့်ရန်အတွက် ဆီးတင်းရန် လိုအပ်ပါသည်။

၃။ အမျိုးသားများတွင် ဆီးကျိတ်ကြည့်ရန်အတွက် ဆီးတင်းရန် လိုအပ်ပါသည်။

Ultrasoundရိုက်ခါနီးမှ ရေသောက်ခြင်းဖြင့် ဆီးအိမ်တွင် ဆီးချက်ချင်းပြည့်မလာပါ။သောက်လိုက်သောရေသည် အစာအိမ်၊ အူလမ်းကြောင်းသို့ အရင်ရောက်ရှိပြီးမှသာ အူများမှ စုပ်ယူပြီး ကျောက်ကပ်မှတစ်ဆင့် ဆီးအိမ်သို့ ရောက်ရှိသည့်အတွက် အချိန်တစ်ခု ကြာမြင့်ပါသည်။

ရေအား တစ်ငုံချင်းသောက်ပါက ဆီးတင်းရန်အလွန်ပင် ကြာမြင့်ပါသည်။ အသက်ကြီးသောသူများတွင် ဆီးတင်းရန်ကြာမြင့်ပါသည်။

ဆီးအိမ်မတင်းပါက Ultrasound ရိုက်ခြင်းသည် ပြီးပြည့်စုံသော အချက်အလက်များ မရနိုင်ပါ။ ပြီးပြည့်စုံသော အချက်အလက်များ ရရှိလိုပါက ဆီးအိမ်တင်းရမည်ဖြစ်ပါသည်။
Ultrasound မလုပ်မီ ၃နာရီ မှ ၅နာရီအတွင်း ဆီးမသွားထားလျှင် ဆီးအိမ်တင်းနိုင်ပါသည်။ဆီးသွားထားပါက ရေတစ်လီတာအား ၅မိနစ်မှ ၁၀မိနစ်အတွင်း ကုန်အောင်သောက်ရန်(အနည်းဆုံး ၁နာရီကြာမှသာ ဆီးအိမ်တင်းသော အနေအထားရရှိနိုင်ပါသည်)။

Credit-

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon