ProAct Myanmar
ဘာတွေကို ပြန်လည် တည်ဆောက်ကြမလဲ ?
( လူတိုင်း အတွက် အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ် ! )
အမျိုးသားနိုင်ငံတော်များ ပြည်သူများ လူ့အဖွဲ့အစည်းများ မြို့ပြယဉ်ကျေးမှုများ ရဲ့ ဂုဏ်ဒြပ်နဲ့ အကျိုးစီးပွားများ အတွက် အလုပ်လုပ်မယ်လို့ ရွေးချယ်မိသူတွေတိုင်းနီးပါးက -
၁ ။ သမိုင်းကြောင်း နောက်ခံနှင့် ခေတ်ပြိုင် အခြေအနေများကို ဘာသာပြန် အနက်ဖွင့်ဆိုခြင်း
၂ ။ အခြေခံ စံနှုန်းများနဲ့ တန်ဖိုးများကို ရွေးချယ်သတ်မှတ်ခြင်းနဲ့ အနက်ဖွင့်ဆိုခြင်း
၃ ။ ရည်မှန်းချက်များနဲ့ ပန်းတိုင်များကို သတ်မှတ်ခြင်း
၄ ။ မဟာဗျူဟာများ နည်းဗျူဟာများ နည်းစနစ်များ ကို ရေးဆွဲတည်ဆောက်ခြင်း (Developing of Strategies, Tactics & Methodologies)
- များကို ပုံမှန် အားဖြင့် ပြုလုပ်မိရန် အနည်းနဲ့ အများ ကြိုးစားလေ့ ရှိကြပါတယ် ။
များသောအားဖြင့် တစ်စုံလုံး အမြင် (Macro-View) ကနေ စတင် ချဉ်းကပ်ဖို့ ကြိုးစားတတ်ပါတယ် ။
လူပေါင်း မြောက်များစွာဟာ တစ်ခုချင်း အဏုစိတ် အမြင် (Micro-View) ကနေ စတင်ပြီး မိမိကိုယ်ကို မိမိနဲ့ မိမိရဲ့ အလုပ်အဖွဲ့ အတွက် ကြိုတင်ပြင်ဆင်ဖို့ အရည်အချင်းများ တည်ဆောက်မြှင့်တင်ဖို့ကို မြန်မာနိုင်ငံ အပါအဝင် မအောင်မမြင် ဖြစ်နေတဲ့ နိုင်ငံတွေ ပြည်သူတွေ လူ့အဖွဲ့အစည်းတွေ မြို့ပြယဉ်ကျေးမှုတွေမှာ သိသာထင်ရှားစွာ ပျက်ကွက် သို့မဟုတ် ချို့ယွင်း သို့မဟုတ် အားနည်း သို့မဟုတ် ခေတ်နောက်ကျနေတတ်ပါတယ် ။
** အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ် **
၁ ။ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး (Mental Personality or Psycho-Personality)
၂ ။ အခြေခံသဘာဝ ဆင်ခြင်တွက်ချက်နိုင်စွမ်း ပင်ကိုယ်ညဏ်ရည် အိုင်ကျူ (IQ-Intelligence Quotient)
၃ ။ နှလုံးရည် အီးကျူ (EQ-Emotional Quotient)
၄ ။ နှလုံးရည်ပိုင်း ညဏ်ပညာ အီးအိုင် (EI-Emotional Intelligence)
၅ ။ နှလုံးရည်ပိုင်း ညဏ်ပညာဆိုင်ရာ စွမ်းဆောင်ရည် အီးအိုင်ကျူ (EIQ-Emotional Intelligence Quotient)
၆ ။ နှလုံးရည် ခေါင်းဆောင်မှု အရည်အချင်း အီးအယ်လ် (EL-Emotional Leadership)
၇ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း စွမ်းဆောင်ရည် အက်စ်ကျူ (SQ-Spiritual Quotient)
၈ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ညဏ်ပညာ အက်စ်အိုင် (SI-Spiritual Intelligence)
၉ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ညဏ်ပညာဆိုင်ရာ စွမ်းဆောင်ရည် အက်စ်အိုင်ကျူ (SIQ-Spiritual Intelligence Quotient)
၁၀ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ခေါင်းဆောင်မှု အရည်အချင်း အက်စ်အယ်လ် (SL-Spiritual Leadership)
ဆိုတဲ့ အခြေခံ အရည်အချင်း အမျိုးအစား ဆယ်ရပ်ကို လူတစ်ဦးချင်း နဲ့ အလုပ်အဖွဲ့ တစ်ခုချင်း အလိုက် မိုက်ခရိုအမြင် (Micro-View) တစ်ဦးချင်း အဏုစိတ် အမြင်နဲ့ ကြိုတင်ပြင်ဆင်ခြင်း တည်ဆောက်ခြင်း ဖွံ့ဖြိုးတိုးတက်စေခြင်း နဲ့ ထိရောက်စွာ အဆင့်မြှင့်တင်ခြင်းများကို လုပ်ဆောင်နိုင်မှသာလျှင်
- မှန်ကန်သော အခြေခံစံနှုန်းများနဲ့ တန်ဖိုးများ အတွက်
- မှန်ကန်သော ရည်မှန်းချက်များနဲ့ ပန်းတိုင်များ ဆီသို့ ဦးတည်ကာ
လက်တွေ့ အလုပ်လုပ်ဆောင်နိုင်ခြင်း နဲ့ ထိရောက်စွာ အကောင်အထည် ဖေါ်နိုင်ခြင်းများကို အထမြောက် အောင်မြင်ပြီးစီးစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။
လူမှုတော်လှန်ရေးတွေ လူမှုပြုပြင်ပြောင်းလဲရေးတွေ ကို ဆင်နွှဲရာမှာ ခေတ်သစ် စနစ်သစ် သမိုင်းသစ်တွေကို တည်ဆောက်ရာမှာ အမျိုးသားနိုင်ငံတော်တွေနဲ့ အမျိုးသားတပ်မတော်တွေကို ပြန်လည်စုစည်းပြီး နိုင်ငံတော် ပြန်လည်စည်းရုံးရေး ကို ဆောင်ရွက်တဲ့ နေရာမှာ -
ကိုယ့် တစ်ဦးချင်းနဲ့ ကိုယ့်အစုအဖွဲ့ရဲ့ မကျေနပ်ချက်တွေ နာကျည်းချက်တွေ စိတ်ဒဏ်ရာတွေ အမုန်းတွေ ရန်ညှိုးတွေ အာဃာတတွေ ကို ဖွင့်ထုတ် ရင်ဖွင့်နေရင်း အော်ဟစ် ကြွေးကြော်နေရင်း ညည်းတွားပြောဆိုနေရင်း ဖေါက်ခွဲသရုပ်ဖေါ်ပြနေရင်း ငြင်းခုန်စကားရည်လုနေရင်းနဲ့ -
အောင်မြင် တိုးတက်သွားတဲ့ -
အမျိုးသားနိုင်ငံတော်တွေ ပြည်သူတွေ လူ့အဖွဲ့အစည်းတွေ မြို့ပြယဉ်ကျေးမှုတွေ ဆိုတာမျိုးက ခေတ်ဟောင်း ခေတ်သစ် ခေတ်ပြိုင် သမိုင်းတွေမှာ ဘယ်တုန်းကမှ တစ်ခါမှ မရှိခဲ့ပါဘူး ။
နောင်လည်း ရှိလာမှာ မဟုတ်ပါဘူး ။
အထက်မှာ ရေးသားထားတဲ့ အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ်ကို ထိထိရောက်ရောက် တည်ဆောက် မြှင့်တင်ရင်းနဲ့ လက်တွေ့မှာ အများကြီး အလုပ်လုပ်ရပါတယ် ။
အလုပ်မဖြစ်တဲ့ အပို အလဟဿ ရုပ်အမှိုက် စိတ်အမှိုက် အတွေးအခေါ်အမှိုက် ဗဟုသုတအမှိုက်တွေ လူအမှိုက် အဖွဲ့အစည်းအမှိုက် အသိုင်းအဝန်းအမှိုက် ပတ်ဝန်းကျင်အမှိုက်တွေကို အဝေးဆုံးကို လွှင့်ပစ် စွန့်ပစ်လိုက်ပါ ။
တကယ်တမ်း အရေးကြီးတဲ့ အလုပ်တွေကိုသာ တကယ်တမ်း ဦးစားပေး အချိန်ပေး အလုပ်လုပ်ပါ ။
ရဲကျော်စွာ
Ye Kyaw Zwa
13th November 2020
လူတွေ ပြသာနာ အကျပ်အတည်းနဲ့ ကြုံတဲ့အခါ ==================
လူတွေကပြဿနာ အကျပ်အတည်းတစ်ခုခုကြုံတွေ့ရပြီး စိတ်ထွက်ပေါက်မရှိတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူကိုဖွင့်ဟပြောပြတာဟာစိတ်သက်သာရာရစေတဲ့နည်းလမ်းတစ်ခုပါပဲ။နောက်ထပ်စိတ်ကိုသက်သာရာရစေမယ့်နည်းလမ်းတွေလည်းရှိပါသေးတယ်။
_ဘဝမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေတွေ့ကြုံရပြီး ဆုံးရှုံးမှုကြီးမားတဲ့အခါစိတ်ခံစားချက်တွေပြင်းထန်ဖိစီးလာပါတယ်။သေချင်လောက်အောင်ခံစားရတာတွေ ကမ္ဘာလောကကြီးထဲကပျောက်ဆုံးသွားချင်တာတွေ လူသတ်ချင်စိတ်ပေါက်လာတာတွေ ယူကြုံးမရဝမ်းနည်းအားငယ်နိမ့်ကျမှုနဲ့ အသက်ဆက်မရှင်ချင်တော့တဲ့စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ လူမူရေး ပြဿနာတွေဟာ စိတ်ခံစားမှုကိုပိုပြီး အကျပ်အတည်းသောကရောက်စေနိုင်ပါတယ်။ ဖြစ်ရပ်ရဲ့အတိုင်းအတာပမာဏ အလေးအပေါ့အရ စိတ်ဒါဏ်ရာအထိ သက်ရောက်မှုရှိတာတွေလည်းတွေ့မြင်နေရပါတယ်။ လူတိုင်းမဟုတ်ပေမယ့် ကိုယ်တို့လူ့ပါတ်ဝန်းကျင်မှာ များသောအားဖြင့် စိတ်ဒါဏ်ရာ တစ်ခုခုရဖူးသူတွေမနည်းမနောပါပဲတဲ့။
နောက်ဆက်တွဲစိတ်ကိုပြန်လည်ထိန်းသိမ်းကုစားရတဲ့အခြေအနေ ထိမရောက်အောင် ဆိုးရွားတဲ့လူ့ဘဝအတွေ့အကြုံတွေကြုံတွေ့ရတဲ့အခါ____
၁။ယုံကြည်စိတ်ချရတဲ့ရင်းနှီးသူတစ်ဦးဦးကိုရင်ဖွင့်ပါ။
၂။တစ်ယောက်တည်းမနေပါနဲ့။ ကိုယ့်အနားမှာကိုယ်ချစ်ခင်တဲ့ ကိုယ့်ကိုလည်းချစ်ခင်တဲ့သူတစ်ဦး ဒါမှမဟုတ် တစ်ဦးမကနဲ့ အတူရှိပါစေ။
၃။ အကူအညီတောင်းဖို့ဝန်မလေးပါနှင့်။လိုအပ်ရင်အကူအညီတောင်းပါ။
၄။အချိန်တွေကိုဖြုန်းလို့ရတဲ့ ဝါသနာပါတာတခုခုလုပ်ပေးပါ။အားကစား၊ အနုပညာ၊ ပရဟိတ စသဖြင့်
၅။အရာရာက ခဏတာမျှသာပဲ။ဖြစ်ပြီးရင်ပျက်မယ်၊ခုလိုကိုယ်စိတ်ဆင်းရဲ စိတ်ဓါတ်ကျနေတာတွေဟာလည်း ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းသင့်တာဖြေရှင်းသွားရင် နောက် ၆လလောက်ကြာတဲ့အခါ အဆင်ပြေသွားမှာကိုယုံကြည်ပါ။
၆။ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက်ဖြစ်တဲ့အတွက် လူတွေကဲ့ပါးစပ်အပြောတွေ ဝေဖန်မှုတွေကို သွေးအေးအေးနဲ့သာ ရင်ဆိုင်ပါ(ဘယ်သူကမှ ပြည့်စုံနေတာမရှိပါဘူး)
၇။ဖြစ်နိုင်ရင် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။တရားထိုင်ပါ။
၈။အရက်သောက်တာ မူးယစ်ဆေးဝါးသုံးစွဲတာတို့ကိုစိတ်ထွက်ပေါက်အနေနဲ့ ရွေးချယ်ကြတာရှိပါတယ်။ အတိုင်းအတာ ပမာဏမများပဲ စိတ်သက်သာရာရဖို့အတွက် ကိုယ့်စိတ်ကိုနိုင်တယ်၊ နောက်လည်းအမြဲတမ်းသုံးစွဲနေတာမျိုးမဟုတ်ပဲ ခဏတာအတွက်အသုံးပြုတာမျိုးဆိုရင်လည်း အဲဒီနည်းလမ်းကိုရွေးချယ်လို့ရပါတယ်။
Myanmar
23/11/2020
ကျေးဇူးတင်လွှာ.....................
21.11.2020 ရက်နေ့တွင် ProAct Myanmar မှ
Applied Philosophy Talk ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်မှတ်စုများကိုလည်း တက်ရောက်သူများအားလုံးကို တစ်ပတ်အတွင်းမှာ ပို့ပေးသွားမှာဖြစ်ပါတယ်။
Applied Philosophy Talk ပွဲအားဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးခဲ့သူများနှင့် ပါဝင်ဆွေးနွေး
တက်ရောက်ပေးခဲ့ကြသူများအားလုံး တစ်ယောက်စီတိုင်းကို ProAct Myanmar မှကျေးဇူးအထူးတင်ရှိပါတယ်။
နောက်တစ်ပတ်မှာလည်း နောက်ထပ်စကားဝိုင်းရှိဉီးမှာမို့မကြာခင် ထပ်မံအသိပေးကြေငြာပေးသွားပါမယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (57), 4th Floor, Mingalar Street, Sanchaung Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |