Knowledge Sharing and Learning - Dr Yin Team

Knowledge Sharing and Learning - Dr Yin Team

Share

We work with you to define a strong, effective brand that will connect with your target customers
We create, powerful advertising and marketing campaigns and activities to continuously reach out to and engage with customers
We build data-driven mechanisms

13/07/2024

ပညာဆိုတာဘာလဲ
ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လိုက်တာ ...

အဲ့မှာစပြီးတော့ လွဲတော့တာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲ့တာက လူတိုင်းကိုပေတံတစ်ချောင်းနဲ့လိုက်တိုင်းတာမျိုးပါ။

အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ပိုဆိုးတယ် ပြောရမယ်။ ပညာတတ်ဆိုတာ ဘွဲ့တွေရ ကျောင်းတွေအများကြီးတက်တာကို တန်းပြီးမြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကိုး။

ဒါကြောင့် ဘွဲ့ရပြီး ပညာမတတ်တွေ အများကြီးပေါ်လာတာပေါ့ဗျာ။ ချမ်းသာတဲ့တိုင်းပြည်တွေ ကြည့်လိုက်မယ်ဆိုသူတို့မှာ ထူးခြားတာတစ်ခု ရှိတယ်။

အဲ့တာ တကယ်ပညာတတ်တဲ့သူတွေ အများကြီးရှိနေတာပဲ။ ဘွဲ့ဆိုတဲ့ အရာထက် အဆပေါင်းများစွာ ပိုတဲ့ အသိဉာဏ်ကြွယ်ဝခြင်းတွေ သူတို့မှာ ရှိနေကြလို့ပဲ။

ပညာဆိုတာ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့အရာလို့ ဆရာကြီးအောင်သင်း ပြောခဲ့ဖူးပါတယ်။

အသိပညာဆိုတာ သိပ်ကိုလေးနက်သလို လွယ်လွယ်နဲ့တန်ဖိုးဖြတ်လို့မရပါဘူး။ ပညာဆိုတာ သတ်မှတ်ထားတဲ့ ဘွဲ့သီးသန့်ချည်းမဟုတ်ဘူး။ ဒါကို လက်မခံချင်လည်း အမှန်တရားတွေမလို့ လက်ခံရမှာပဲ။

ဒါကြောင့် လောကမှာ ပညာတတ်ချင်ယောင်ဆောင်တဲ့ပညာမဲ့တွေ အများကြီးဖြစ်လာတာပေါ့ဗျာ။

ဒီစကားပုံလေးလိုပေါ့။

ပညာရှိတွေက ပြဿနာရဲ့ အဖြေကို ရှာနေတဲ့အချိန်မှာ ပညာတတ်အများစုက ဘယ်သူပါဆိုပြီး လက်ညှိုးဝိုင်းထိုးနေကြတာပေါ့။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon