Hoodie Express
09/08/2025
ကလေးငယ်တွေကြား ကူးစက်မှုနှုန်းမြန်နေတဲ့ HFMD (Hand, Foot and Mouth Disease) အကြောင်း 📌📌
အခုတလော ကလေးတော်တော်များများမှာ ဖြစ်နေကြတဲ့ ''HFMD'' ဆိုတဲ့ ရောဂါဟာ ကူးစက်ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပြီး များသောအားဖြင့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေမှာ ပိုမိုအဖြစ်များကြပါတယ်။
ဒီရောဂါဟာ ကလေးတွေကြားမှာ ကူးစက်မှုနှုန်း လွန်စွာမြန်ဆန်ပြီး လူသူထူထပ်တဲ့ နေရာတွေ၊ ကစားကွင်းတွေမှာဆို ပိုမိုကူးစက်ပြန့်ပွားလွယ်ကြပါတယ်။
ဒါ့ကြောင့် မိမိဟာ ကလေးရှိတဲ့သူ၊ ကလေးတွေနဲ့ နေ့စဥ်ထိတွေ့နေတဲ့သူဆိုရင်တော့ ဒီအချက်လေးတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။
၁။ ဒါဆို HFMD ဆိုတာ ဘယ်လိုရောဂါမျိုးလဲ 🔰🔰
HFMD ဆိုတာဟာ ''enteroviruses' လို့ ခေါ်တဲ့ ဗိုင်းရပ်စ်အုပ်စုတစ်ခုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး များသောအားဖြင့် Coxsackievirus A16 နဲ့ Enterovirus 71 (EV-A71) ဆိုပြီး နှစ်မျိုး ရှိပါတယ်။
အဓိကအားဖြင့် ငါးနှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပြီး တစ်ခါတစ်ရံ လူကြီးတွေကိုပါ ကူးစက်စေနိုင်ပါတယ်။
(ကောင်းတဲ့ တစ်ချက်ကတော့ ဒီရောဂါဟာ တစ်ပတ်ကျော်လောက်အကြာမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပါတယ်။)
၂။ ဘယ်လိုကူးစက်တတ်လဲ 🔰🔰
HFMD ဆိုတာဟာ ကူးစက်လွယ်ပြီး လျင်မြန်စွာ ပျံ့နှံ့လွယ်ပါတယ်။
✅နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အရည်ကြည်မှတစ်ဆင့်ဖြစ်စေ၊
✅ကူးစက်ခံထားရသူရဲ့ မစင်၊ နှာရည်၊ တံတွေးများအား ထိတွေ့မိ၍ဖြစ်စေ
✅အတူတူ မျှဝေသုံးရသော ပစ္စည်းများ(ဥပမာ- အရုပ်၊ တံခါးလက်ကိုင်၊ စားပွဲ)အား ကိုင်တွယ်မိ၍ ဖြစ်စေ
ကူးစက်နိုင်ပါတယ်။
၃။ လက္ခဏာတွေကရော ဘယ်လိုမျိုးလဲ 🔰🔰
တုပ်ကွေးလက္ခဏာနဲ့ ဆင်တူတဲ့
✅ဖျားတာ၊
✅လည်ချောင်းနာတာနဲ့
✅အားနည်းပြီး ပင်ပန်းလာတာ
စတဲ့ လက္ခဏာတွေကို ဦးစွာကြုံတွေ့ရပါမယ်။
နောက်ထပ် တစ်ရက်၊ နှစ်ရက်အတွင်းမှာတော့ ဒီလိုလက္ခဏာတွေ ပေါ်လာပါမယ်။
✅ပါးစပ်ထဲမှာ အဖုအပိမ့်တွေ ထွက်လာပြီး နာကျင်ရမယ်။
✅လက်ဖဝါး၊ ခြေဖဝါးနဲ့ တင်ပါးဆုံတစ်ဝိုက်မှာ အနီစက်နဲ့ အရည်ကြည်ဖုလေးတွေ ထွက်လာမယ်။
✅အခြားလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာ၊ အစာမစားချင်တာ၊ ခံတွင်းပျက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
၄။ HFMD ကို ကာကွယ်ကုသလို့ ရလား 🔰🔰
ဒီရောဂါအတွက် ကုသဖို့ ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမှာ ရောဂါကူးစက်ခံရသူကို သက်တောင့်သက်သာဖြစ်အောင်
✅ပူတင်း၊ ကိတ်မုန့်တို့လို (မစပ်တဲ့) နူးညံ့တဲ့ အစားအစာလေးတွေ ကျွေးပေးပါ။
✅ရေဓာတ်မခန်းခြောက်စေဖို့ ရေခဲမုန့်၊ ဒိန်ချဥ်တို့လို အအေးအစားအစာတွေ ကျွေးပါ။
✅ဓာတ်ဆားရည် တိုက်ပါ။
✅Paracetamol တို့လို့ အဖျားကျဆေးကိုလည်း တိုက်နိုင်ပါတယ်။ ဒါပေမယ့် Asprinကိုတော့ လုံးဝ မတိုက်သင့်ပါဘူး။
✅လက်ကို ခဏခဏဆေးခိုင်းပါ။
(ဒီရောဂါဟာ (၇)ရက်မှ (၁၀)ရက်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။)
၅။ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ 🔰🔰
ရောဂါကူးစက်မခံရအောင်
✅လက်ကို စက္ကန့် (၂၀) ခန့် ဆေးကြောပေးပါ။
✅ကလေးဆော့နေ၊ ကိုင်နေကျ အရုပ်တွေ၊ ပစ္စည်းတွေကို ပိုးသတ်ပေးပါ။
✅တံခါးလက်ကိုင်၊ အိမ်သာတို့လို့ အများသုံးနေရာများကို တစ်နေ့ (၂) ကြိမ် သန့်ရှင်းပေးပါ။
ရောဂါကူးစက်ခံထားရပါက
✅နှားစေး၊ ချောင်းဆိုးတဲ့အခါ တစ်လျှူးဖြင့် နှာခေါင်းအုပ်ပါ။ ပြီးလျှင် ချက်ချင်း အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
✅ကူးစက်ခံရသူ၏ ပန်းကန်၊ ဇွန်း၊ ရေခွက်တို့ကို သီးသန့်အသုံးပြုပါ။
✅ခေါင်းအုံးစွပ်များကို (၂) ရက်တစ်ကြိမ် လဲပေးပါ။
✅လူသူထူထပ်သော နေရာများကို ခေါ်မသွားပါနှင့်။
✅အခြားသော ကလေးများနှင့် မထိတွေ့မိစေဖို့ ဂရုပြုပါ။
✅ကလေးတွင် ဒဏ်ရာအနာတရတစ်ခုခုရှိတဲ့အခါ ကျောင်း၊ မူကြိုသို့ မပို့ပါနဲ့။
✅အိမ်မွေးတိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမျိုး ရှောင်ပေးပါ။
(သတိပြုစရာအနေနဲ့ ဒီရောဂါဟာ ပျောက်ကင်းသွားတယ်ဆိုရင်တောင် ကလေးရဲ့ ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးအနေနဲ့ (၂)ပတ်အထိ ဆက်ရှိနေနိုင်တာကြောင့် အထက်ပါအချက်တွေကို ဆက်လက်လုပ်ဆောင်ပေးပါ။)
အထက်ပါနည်းများကို သေချာစွာ လိုက်နာကျင့်သုံးတဲ့အခါ HFMD ကူးစက်ပြန့်ပွားမှုကို (၈၀%) အထိ လျှော့ချပေးနိုင်ကြောင်း WHO မှ ဖော်ပြထားပါတယ်။
#ကူးစက်ရောဂါ
08/10/2024
မိန်းမတစ်ယောက်...ယောက်ကျားဆုံးသွားရင်
သို့မဟုတ်ကွဲကွာလို့နေခဲ့ရရင်
ကျန်ခဲ့တဲ့ခလေးတွေကို..စောင့်ရှောက်နိုင်တယ်
စီးပွားလည်းရှာ...ခလေးတွေလည်းထိန်းကျောင်းနိုင်တယ်
အိမ်အလုပ်၊ခလေးတွေရဲ့ကိစ္စအဝဝကိုလည်းစီမံခန့်ခွဲပြီး...
ရပ်တည်နိုင်ကြတယ်...အမျိုးသမီးတော်တော်များများက
ဘာအလုပ်ပဲလုပ်ရလုပ်ရ...ရုန်းကန်ပြီးရှာကျွေးတယ်..ကျောင်းထားတယ်
ယောက်ကျားတစ်ယောက်... မိန်းမသေရင်သွားကြည့်
ခလေးတွေလည်း...မထိန်းနိုင်ဘူး..
အိမ်မူ့ကိစ္စဆိုဝေး သားသမီးအရေးထက်အိမ်ထောင်သစ်ထူထောင်ဘို့
ပြင်ဆင်တတ်ကြတယ် မဟုတ်ရင်လေလွင့်သောက်စား
နေရင်းဘဝပျက်တာများပါတယ်
👉( လုပ်နိုင်တဲ့သူတော့ ရှိတယ် ရှားပါတယ်။ )🤏
သေချာတာတစ်ခုကတော့...
ကျွန်မတို့အမျိုးသမီးတွေက.အမျိုးသားတွေထက်..
ပိုပြီးခံနိုင်ရည်ရှိတယ် ပိုအပင်ပန်းခံနိုင်တယ်...
ပိုပြီးထက်မြတ်တယ်.ဆိုတာပါပဲ
..တစ်ကမ္ဘာလုံးက..မေမေတွေကို..ဂုဏ်ပြုလိုက်ပါတယ်
တကယ့် မြန်မာမလေးအစစ် 😁
14/05/2024
ကလေးမွေးပြီးနောက်ပိုင်း
စိတ်ဖိစည်းမှု ပေါင်းများစွာကို
ကျော်ဖြတ်နေရတဲ့ မိခင်တွေကို
I see you.
I'm with you.
You're not alone.ဆိုပြီး
ခွန်အားပေးနားလည်ပေးတာ
အပေါ်ယံစာနာမှုမျိုးကြောင့်မဟုတ်ရပဲ
ကျမကိုယ်တိုင် ကျော်ဖြတ်လာတဲ့
စာနာမှုမျိုးကြောင့် ဒီနေ့အထိ
မိခင်တွေရင်ထဲကို ဝင်ကြည့်သလို
သိနားလည်နိုင်ခဲ့တာပါ။
စိတ်ဖိစည်းမှု နဲ့ ကြုံရတဲ့ အဓိက
အကြောင်းရင်းက
ကိုယ့်အနားကလူတွေရဲ့
အပြစ်တင်စကားတွေကြောင့်ရယ်
ကိုယ်ပိုင်ချိန်လုံးဝရှာမရတဲ့
ကိုယ်ခွဲမရှိတဲ့မိခင်ဘဝရဲ့ ၂၄နာရီက
အခက်ခဲတွေကို တစ်ယောက်တည်း
ရင်ဆိုင်ကျော်ဖြတ်နေတာရယ်
အနားယူချိန်မရှိပဲ
ခင်ပွန်းသည်ရဲ့ စာနာနားလည်မှုကို
လုံးဝမရတာရယ်ကြောင့်ဆိုပြီး
အကြောင်းရင်း အမျိုးမျိုးကြောင့် ရယ်
ဟော်မုန်းအပြောင်းလဲကြောင့်ဆိုတာ
ကလေးမွေးပြီးနောက်ပိုင်း
အလိုလိုငိုချင်နေရတာ
အပိုတွေလုပ်နေတာ မဟုတ်ရဘူးဆိုတာ
လူတစ်ချို့ကို သိစေချင်ရုံ
နားလည်ပေး ဖို့ အထူးလိုအပ်ကြောင်း
အဓိက က
ကိုယ့်ခွန်အားကိုယ်တိုင်တည်ဆောက်နိုင်ကြဖို့
အတတ်နိုင်ဆုံး ကိုယ်လုပ်ရမှာကိုပဲ
အာရုံစိုက်ပေးပါ။
ကိုယ့်ပန်းတိုင်က
ပျော်ရွင်ပြီး ကျန်းမာတဲ့မိခင်ဖြစ်ဖို့
သေခြာခဲ့ရင် ကိုယ့်ဘဝ ကိုယ့်စိတ်ကိုပဲ
အာရုံစိုက်ပေးပါ။
မိခင်ဘဝက မလွယ်ကူခဲ့ပါဘူး
ဒါပေမဲ့ ကိုယ့်နေ့ရက်ကို
အလှပဆုံးဖြစ်အောင် အရင်ဖန်တီးနိုင်မှ
ကိုယ်မွေးလာတဲ့ လူသားငယ်လေးအတွက်
အကောင်းဆုံး ကြိုးစားပေးနေတဲ့ မိခင်
ဖြစ်ခွင့်ရှိနေရင် အရယူထားကြစေချင်ပါတယ်။
မေတ္တာဖြင့် ✍❤ Mommy of 3
Crd Art
25/02/2024
ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။
အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ
ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လား
ခေတ်ဘုန်းသစ်
မေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။ အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။
ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ ကျွန်မတို့ လူတွေ ရဲ့ ဦးနှောက် ဟာ ဘယ်ဘက် နဲ့ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိပါတယ်။ ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ ၊၀မ်းနည်း တာ စတာတွေ ကို ခံစား တတ်တာတွေကိုလုပ်တယ်။ဒေါသထွက်ရင် မျက် နှာ ကွက်ကနဲပျက်တာ၊ ၀မ်းသာရင် မျက်နှာလေးက လင်း ကနဲဖြစ်သွားတာ စတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက် ခြမ်းပိုင်းကလုပ်ပါတယ်။ ဒေါသထွက်ရင် အသံကဒေါသသံပါလာတာ အသံမြန်လာစူးလာတာ၊ ပျော်ရင် အသံက ပျော်တဲ့ အသံ ပေါက်လာတာ (Tone of Voice) ဒါတွေကိုလည်း ဦးနှောက်ညာဘက်ခြမ်း ကလုပ်ပါတယ်။
ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း( Logical thinking)တွေးခေါ် စဉ်းစားတဲံ့အလုပ် ၊ နာမည် တပ်တဲ့ အလုပ် တွေကို လုပ်ပါတယ်။ ဒီလောက် ဆိုရင် ခံစားမှု နဲ ပါတ်သတ် ပြီးတော့ ဦးနှောက်နှစ်ခြမ်း မှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ် ဆိုတာကို မေမေ တို့အကြမ်း အားဖြင့် သဘော ပေါက် လောက်ပါပြီ။
ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက် အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက် အခြမ်းက ၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင် ဖွံ့ဖြိုးပါတယ်။ ဘယ်ဘက် အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။ ဒါကြောင့် သူတို့ ဟာ ဒေါသထွက်ရင် ဒေါသထွက် တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။ စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။ ပျော်ရင် ထခုန်မယ်။ ဒါ တွေကို အကနု့သတ် အဆီးတားမရှိသူတို့ လုပ်တတ်ကြပါတယ်။
ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့ တွေ့ရင် လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလား ဆိုတာကို သူတို့ ဘယ်လို မှ နားကို မလည် နိုင်သေးပါဘူး။ သူတို့ ပြောချင် ရင် ပြောမယ်။ မပြောချင် ရင် မပြောဘူး ။စိတ်ခံစားချက် အတိုင်း လိုက်တတ်ကြပါတယ်။ အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့ အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်၀င်စားတာကို တွေ့ရင် အကြာကြီးရပ်ကြည့်ချင် ကြည့်နေမှာပဲ။ အဲလို ရပ်ကြည့်နေလို့ သွားစရာ ရှိတာတွေ နောက်ကျကုန်မယ် လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။ အကျိုးအကြောင်းကို နာလည် နိုင်တဲ့ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလုိ့ပါပဲ။
ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေး နဲ့ တိုက်ရိုက် ပြသနာ ဖြစ်နိုင်တဲ့ အပြုမူ မျိုးကို လူကြီးက ရှောင်ရပါမယ်။ ဥပမာ- ကားနဲ့ ခရီး ကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ် စတာတွေကိုယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။ အဲလိုပဲ ကလေး ကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်း မနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကား တွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။ အရေးကြီးဆုံး အရာက ကလေး ဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေး ပျော် ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။ (ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လို ပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်း ဆိုတဲ့ နာမည် နဲ့ ကျွန်မ ရေးထားဖူးပါတယ်။ )
ကလေးတို့ ဟာ ဂျီ ကျလာပြီ။ အော်ဟစ်လာ ပြီ ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေး နဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး ၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ ၊ရိုက်နှက်တာ မျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်း ခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။ ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ ကိုပွေ့ဖက် ရပါမယ်။ သူတို့ ခံစား နေတာကို နားလည် တဲ့ အကြောင်းကို အထိအတွေ့ (ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း) နဲ့ စိတ်ပြေတဲ့ အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေး ချမ်းသွားတဲ့အ ထိ ချော့မြူပွတ်သပ်ပေးပါ။ ပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။ ဒါမှ မဟုတ် အာရုံလွှဲပေးရပါမယ်။
ကလေးတို့ဟာ မေမေ ဒါ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့် ကားက သွား တာလဲ။ ဘာကြောင့် ထမင်း က မဝါဘဲ ဖြူနေတာလဲ ဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီ ဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည် တဲ့အခြမ်း) ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ ရဲ့ ဦးနှောက် ဟာ မွေးကတည်း က ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး ။ ကလေးတို့ ဦးနှောက်ဖွ့ံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့် ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်အေ၇းကြီးဆုံးအရာ က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။
အခု လိမ်မာတယ် ၊ အသိရှိတယ် လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးက ဆိုရင် ဘယ် သူ့ကို မှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။ သူ့ကို ချစ်စရာလေး မို့လို့ ချစ်လို့ ကြည့်ရင် သူစိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သား တစ်မျက်နှာကို ပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။
ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ ဆိုတာဟာ ဘ၀တစ်သက်တာ လုံးအတွက် ကျွန်မတို့ က မျိုးစေ့ချပေး ရမှာပါ။ ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကို ကြောက်လို့ လိမ်မာ ရတဲ့။ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။ ကလေးတို့ရဲ့ စိတ် ပိုင်းဆိုင်ရာ ကို ထိခိုက်စေမယ့် အပြု အမူ၊ အပြောအဆိုမျိုး ကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ် ရှင်။ ကျွန်မ အနေနဲ့ကတော့ ဆိုးတဲ့ ကလေး ဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။ ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီး တွေက ၀င်မကြည့်၊ ၀င်မတွေး ပေးနိုင်ခြင်းဟာ ကလေး တွေကို ဆိုးတယ် လို့ ထင် ရတဲ့အကြောင်းရင်းပါ
ခေတ်ဘုန်းသစ်
Ref:The Whole Brain by Danial J Siegel
2.Family Discipline by Nancy Sander
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |