Life Insurance Advisor by Phyu Lay

Life Insurance Advisor by Phyu Lay

Share

02/03/2024

အာမခံ (Insurance) က ဘယ်အရာတွေကို ကာကွယ်ပေးတာလဲ။

- မသေဆုံးအောင်
- ရောဂါဘယတွေ မဖြစ်အောင်
- မတော်တဆထိခိုက်မှု မဖြစ်အောင်
- မီးမလောင်အောင်
- Car Accident မဖြစ်အောင်

ဒါတွေကို တစ်ခုမှ ကာကွယ်မပေးနိုင်ပါဘူး။ အာမခံမှ မဟုတ်ဘူး ... ခေတ်မီသိပ္ပံပညာရပ်တွေနဲ့တောင်မှ မတားဆီးနိုင်ပါဘူး။

ဒါဆို အာမခံက ဘာကို ကာကွယ်ပေးတာလဲ။
အထက်ပါ အချက်တွေ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရင် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးတာပါ။

📌 မသေအောင်လို့ မလုပ်ပေးနိုင်ဘူး...
သေဆုံးခဲ့ရင်တော့ ကိုယ့်ကို မီခိုနေရတဲ့ မိသားစုတွေ ငွေကြေးကြောင့် ဒုက္ခဆင်းရဲမဖြစ်အောင်၊ ခြေလွတ်လက်လွတ် မဖြစ်အောင်၊ သားသမီးအတွက် ရည်မှန်းချက်တွေ မပျက်သွားအောင် ကာကွယ်ပေးတယ်။

📌 ရောဂါဘယနဲ့ မတော်တဆမှု မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင်တော့ ဆေးကုသကုန်ကျစရိတ်အတွက် မပူပန်ရအောင်၊ စုဆောင်းထားတဲ့ငွေကြေးတွေ ထုတ်မသုံးရအောင်၊ ပိုမိုကောင်းမွန်တဲ့ ကုသမှုအစီအစဥ် ရွေးချယ်နိုင်အောင်၊ တစ်ပူပေါ် တစ်ပူမဆင့်ရလေအောင် ကာကွယ်ပေးနိုင်တယ်။

📌 မီးမလောင်အောင် မကာကွယ်ပေးနိုင်ဘူး။
ဒါပေမယ့် မီးလောင်ခဲ့လို့ ကြုံတွေ့ရမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်တယ်။ လုပ်ငန်းကို နောက်ဆံမတင်းရဘဲ လုပ်ကိုင်နိုင်တယ်။

📌 Car Accident မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင် ကားပြင်ဆင်စရိတ်အတွက် စုဆောင်းထားတာတွေ ထုတ်မသုံးရဘူး၊ လုပ်ငန်းကို အရှိန်မပျက် အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေတယ်။

အချုပ်ဆိုရရင် -
သင့်ရဲ့ ပိုင်ဆိုင်မှု ကြီးထွားအောင်၊ ဝင်ငွေတိုးလာအောင် သင့်ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒါပေမယ့် ဘယ်အရာမှ သေချာမှု မရှိတဲ့ လောကမှာ
ဘေးပယောဂတွေကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရှင်သန်မှုဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်ချေလည်း ရှိနေပါတယ်။

ဒါတွေကို ထိန်းထားနိုင်အောင်၊ အခြေမပျက်အောင်မိသားစုရဲ့ အနာဂတ်တွေ ပျက်စီးမသွားအောင် ငွေကြေးနဲ့ပဲ တည်ဆောက်ရတာမလို့ အထက်ပါ ငွေကြေးဆုံးရှုံးနိုင်မှုတွေကို အာမခံ အကာအကွယ်ပေးနိုင်ပါတယ်။

အာမခံ (Insurance) အကာအကွယ်ရှိထားခြင်းဟာ ငွေကြေးအကာအကွယ်အပြင် စိတ်အေးချမ်းမှု ရရှိစေခြင်း၊ နောက်ဆံမတင်းရခြင်း၊ စိုးရိမ်ပူပန်နေရမှု ကင်းခြင်း တို့ ရရှိစေလို့ ...
သင့်အနေနဲ့ အာမခံစနစ်ကို ဘယ်လို အသုံးချမလဲ ဆိုတာပဲ အရေးကြီးတာပါ။

29/08/2023
Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon