Barmos Myanmar Engineering
✓ Water and Wastewater Treatment Supply and installation
✓ Valves & Accessories supply and installation
✓ Landscaping Irrigation Supply and installation
✓ Automation Equipment Supply and installation
✓ Pump & Motor, agitator Supply and installation
22/05/2026
ဆရာ ဦးဝင်းနိုင် ဆီမှ ကူးယူဖော်ပြပါသည်။
📌 မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဒေသများ (ထူးကဲအပူပြင်းနိုင်ခြေ ၈၀% ကျော်) -
မြန်မာနိုင်ငံ နေရာအနှံ့အပြား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယနိုင်ငံ အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ တောင်ပိုင်းတို့တွင် အပူချိန် ပုံမှန်ထက် ပိုမိုမြင့်မားနိုင်ခြေ ၇၀% မှ ၈၀% အထက် (Above Normal - နီရဲသောဇုန်) အထိ အလွန်မြင့်မားစွာ ပြသနေပါသည်။ လာမည့် ဇွန်လမှ ဩဂုတ်လအတွင်း မိုးရာသီကာလ ဖြစ်သော်လည်း မိုးရွာသွန်းမှုနည်းပြီး စံချိန်တင် အပူဒဏ်လွန်ကဲမှု (Extreme Heatwaves) ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရနိုင်ကြောင်း ညွှန်းဆိုနေခြင်း ဖြစ်ပါသည်။
📌 ပင်လယ်ရေပြင် အပူချိန်လွန်ကဲမှု - မြန်မာနိုင်ငံနှင့် ထိစပ်နေသော ကပ္ပလီပင်လယ် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော် ရေပြင်တစ်ခုလုံးတွင်လည်း အပူချိန် ပုံမှန်ထက် ပိုမိုမြင့်မားနေမည် ဖြစ်သဖြင့် ပင်လယ်ရေငွေ့ပျံမှု ပုံစံများ ကမောက်ကမ ဖြစ်နိုင်ပါသည်။
🔸အကြံပြုချက်နှင့် သုံးသပ်ချက်
APCC ၏ အချက်အလက် ၃ ခုစလုံး (အယ်လ်နီညို သတိပေးချက်၊ မိုးနည်းနိုင်ခြေ မြင့်မားမှု၊ အပူချိန် ထူးကဲစွာ မြင့်မားမှု) က ကွင်းဆက်တစ်ခုကဲ့သို့ တညီတညွတ်တည်း ဦးတည်ပြသနေပါသည်။
📌 မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် - မိုးဦးနှင့် မိုးလယ်ကာလ (ဇွန် - ဩဂုတ်) အတွက် မိုးပြတ်တောက်မှုဒဏ်နှင့် ပုံမှန်ထက် သိသိသာသာ ပိုမိုပူပြင်းမည့် ဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အထူးသဖြင့် ဆန်စပါး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် ရေချွေတာရေးနည်းစနစ် (AWD) များနှင့် ရေအရင်းအမြစ် ကြိုတင်စုဆောင်းမှုများကို အမြန်ဆုံး အကောင်အထည်ဆောင်ရွက်သင့်ပါသည်။
#အယ်နီညို
Click here to claim your Sponsored Listing.
Category
Website
Address
No. 19B, Mae La Mu Pagoda Shophouse, Thudamar Main Road, North Okkalapa Township
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |