Manee Rattana Information And Technology College
08/11/2024
ထိပ်တန်း IT မေဂျာ (၈) ခု 🧑💻.
သင်က အိုင်တီနဲ့ ဘွဲ့ရဖို့စိတ်ကူးထားတဲ့သူတစ်ယောက်လား ?? ဒါဆို လစာအကောင်းဆုံးနဲ့ အနာဂတ်လိုအပ်ချက်များလာတဲ့ အိုင်တီမေဂျာ (၈) ခုအကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။
1️⃣ ကွန်ပျူတာသိပ္ပံ (Computer Science)
Programming၊ Algorithm နှင့် ဆော့ဖ်ဝဲလ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအာရုံစိုက်လေ့လာရတဲ့မေဂျာတစ်ခုဖြစ်ပြီး နည်းပညာဆိုင်ရာပြဿနာဖြေရှင်းခြင်းနှင့် ဆော့ဖ်ဝဲလ်အသစ်များကို တီထွင်ဖန်တီးလိုသူများအတွက်တက်ရောက်သင့်ပါတယ် ။
2️⃣ သတင်းအချက်အလက်နည်းပညာ (IT)
ကွန်ရက်ချိတ်ဆက်မှု၊ ဒေတာဘေ့စ်စီမံခန့်ခွဲမှုနှင့် အိုင်တီနည်းပညာပံ့ပိုးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရတဲ့ မေဂျာဖြစ်ပြီး IT နည်းပညာကိုစွယ်စုံရချင်သူများအတွက် တက်ရောက်သင့်ပါတယ် ။
3️⃣ ဆိုက်ဘာလုံခြုံရေး (Cybersecurity)
အဆင့်မြင့်ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများမှ နည်းပညာစနစ်များ၊ ကွန်ရက်များနှင့် ဒေတာများကို ကာကွယ်ရန်လေ့လာရတဲ့ မေဂျာတစ်ခုဖြစ်ပြီး ဒေတာများကိုလုံခြုံစ်ိတ်ချရအောင် ထိန်းသိမ်းလိုသူများအတွက် အထူးပြုတက်ရောက်သင့်ပါတယ် ။
4️⃣ ဒေတာသိပ္ပံ (Data Science)
အချက်အလက်များမှ ထိုးထွင်းသိမြင်နိုင်မှုများထုတ်ယူပြီး ဆုံးဖြတ်ချက်ချရန် ကွန်ပျူတာသိပ္ပံနှင့် စာရင်းအင်းများကို ပေါင်းစပ်လေ့လာရတဲ့ မေဂျာတစ်ခုပဲဖြစ်ပြီး ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ Machine Learning နှင့် AI တို့ကို စိတ်ဝင်စားသူများတက်ရောက်သင့်ပါတယ် ။
5️⃣ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ (Software Engineering)
ဆော့ဖ်ဝဲလ်စနစ်များ ဒီဇိုင်းဆွဲခြင်းနှင့် တီထွင်ခြင်းတို့ကိုအထူးပြုလေ့လာရတဲ့ မေဂျာဖြစ်ပြီး Developer ဖြစ်လိုသူများအတွက်တက်ရောက်သင့်ပါတယ်။
6️⃣ Artificial Intelligence (AI) and Machine Learning
ဒေတာများမှတစ်ဆင့် "သင်ယူလေ့လာ" နိုင်တဲ့ ဉာဏ်ရည်တုစနစ်များကို တီထွင်ဖန်တီးဖို့အတွက် လေ့လာရတဲ့မေဂျာတစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် AI နှင့် automation နည်းပညာကိုစိတ်ဝင်စားသူများအတွက်တက်ရောက်သင့်ပါတယ်။
7️⃣ Cloud Computing
အင်တာနက်ပေါ်တွင် ဒေတာ၊ အပလီကေးရှင်းများကို ရယူသိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့်အသုံးချခြင်းတို့ကို လေ့လာရသည့်မေဂျာတစ်ခုဖြစ်ပြီး Cloud ဝန်ဆောင်မှုများသည် ယနေ့နည်းပညာလောကတွင် မရှိမဖြစ်လိုအပ်လာပြီဖြစ်သောကြောင့် စိတ်ပါဝင်စားသူများတက်ရောက်သင့်ပါသည်။
8️⃣ စက်ရုပ်များ (Robotics)
အလိုအလျောက်လုပ်ဆောင်သောစနစ်များနှင့် စက်ရုပ်များကိုတီထွင်ဖန်တီးရန် AI နည်းပညာ၊ IT နှင့် အင်ဂျင်နီယာပညာရပ်တို့ကို ပေါင်းစပ် လေ့လာရတဲ့မေဂျာဖြစ်ပြီး အလိုအလျောက်စနစ်နှင့် ဉာဏ်ရည်တုနည်းပညာကို စိတ်အားထက်သန်သူများအတွက်အထူးပြုတက်ရောက်သင့်ပါတယ် ။
ကဲ...သင်ကရောဘယ်မေဂျာကို စိတ်ဝင်စားဆုံးလဲ ?? Comment မှာရေးခဲ့ပေးလို့ရပါတယ်နော် ။
ထပ်သိချင်တာတွေရှိရင်လည်း အသေးစိတ်ကို Page Messenger မှာ လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ခင်ဗျာ ။ ♥️
06/11/2024
🧑💻 အိုင်တီနှင့် နည်းပညာဆိုင်ရာပညာရေးနှင့် အခွင့်အလမ်းကောင်းများကိုရယူလိုသူများအတွက်
ကျွန်တော်တို့ MRVT College ၏ University Foundation Program Of IT Majors သည် အိုင်တီနှင့်နည်းပညာနယ်ပယ်များတွင် ခိုင်မာသောအခြေခံပညာရေးမှတစ်ဆင့် ထိုင်းနိုင်ငံနှင့်နိုင်ငံတကာတွင်အောင်မြင်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်အထိ တက်လှမ်းစေနိုင်ဖို့အတွက် အဓိကရည်ရွယ်ထားခြင်းဖြစ်ပါတယ် ။
သတင်းအချက်အလက်နည်းပညာ၊ ကွန်ပျူတာသိပ္ပံ 💻၊ ဒေတာသိပ္ပံနှင့် နောက်ဆုံးပေါ်ဉာဏ်ရည်တုနည်းပညာများနှင့် ဆက်စပ်နယ်ပယ်များကို စိတ်ဝင်စားသူတိုင်းအတွက် လိုအပ်သောသတင်းအရင်းအမြစ်များ၊ အရေးပါသောလမ်းညွှန်မှုများနှင့် မရှိမဖြစ်သော ကျွမ်းကျင်မှုများကို တစ်နေရာတည်းမှာစုစည်းရရှိနိုင်မှာပဲဖြစ်ပါတယ် ။
✅ သင်ရိုးညွှန်းတမ်း
ကျွန်တော်တို့၏ သင်ရိုးညွှန်းတမ်းများမှာလည်း ထိုင်းနိုင်ငံမှတရားအသိမှတ်ပြုထားသော နိုင်ငံတကာအဆင့်မှီသင်ရိုးများဖြစ်ပြီး၊ အနည်းဆုံး စနစ်ဟောင်း (၉) တန်း ၊ စနစ်သစ် G-12 အောင်ထားသူများအတွက် ထိုင်းနိုင်ငံတွင် IT Majors ဖြင့် တက္ကသိုလ်ဆက်တက်နိုင်ရန်နှင့် ဘွဲ့ရပြီးရင် 🧑🎓 နိုင်ငံတကာထိသွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် အဆင့်မြင့်ပညာရေးဖြင့် စဉ်ဆက်မပြတ်တိုးတက်စေဖို့အတွက် အဓိကထားခြင်းဖြစ်ပါတယ် ။
✅ သီအိုရီနှင့် လက်တွေ့လေ့လာမှုများ
သီအိုရီအရစာတွေ့သင်ကြားမှုနှင့် လက်တွေ့ လေ့လာမှုများပေါင်းစပ်၍ ပရိုဂရမ်ရေးဆွဲခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ သင်တန်းများအထိပါ ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
တိုးတက်မှုနှုန်းမြင့်မားလာသည့် အနာဂတ်နည်းပညာနှင့် IT နယ်ပယ်တွင် သင့် Career ကိုစတင်ဖို့အတွက် အခုပဲ Page လေးကို Like လုပ်ပြီး အဆက်မပြတ်စောင့်ကြည့်လိုက်တော့နော် ။ ♥️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kamayut
Yangon
11041