AYPA Myanmar
15/09/2024
May the beautiful soul of the faithful departed, Rest in Peace ✨
24/02/2024
အ.လ.င.သ စုပေါင်းဝတ် AYPA Combined Worship Service || Feb 24, 2024 @ 7PM
နေရာဒေသအသီးသီးရှိ အ.လ.င.သ ညီအစ်ကို မောင်နှမများအားလုံး Zoom ဖြင့် အတူတကွ ဝတ်ပြုစုပေါင်းလျက် မိတ်သဟာရဖွဲ့ ပါဝင်နိုင်ဖို့ရန် သခင်ခရစ်တော်၏ နာမတော်မြတ်၌ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။
23/10/2023
(၆၃) နှစ်မြောက် အလငသနေ့ အမှတ်တရ ဉာဏ်စမ်းပဟေဠိ
23/10/2023
ယောကျာ်းများအသင်း၊ သာသနာပိုင်ချုပ်နယ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) မှ (၆၃) နှစ်မြောက် အ.လ.င.သ နေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
========================
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်နယ်၊ အင်္ဂလီကန်လူငယ်များအသင်းသည် သက်တမ်းအားဖြင့် (၆၃)နှစ် ရှိခဲ့လေပြီ။
ဤကာလအတွင်း လူငယ်များအသင်း၏ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့မှုများသည် အသင်းတော်တွင် ဂုဏ်ယူဖွယ် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့သည်။ အမှုတော်ဆောင်များစွာကိုလည်း လူငယ်ထုအတွင်းမှ မွေးထုတ်ပေးနိုင်ခဲ့သည်။
လူငယ်များအသင်း စတင်တည်ထောင်စဉ်ကတည်းက မှန်ကန်သော ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့် လူငယ်များအသင်းလှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းပြဆောင်ပုဒ်တို့ကို ချမှတ်နိုင်ခဲ့ကြသည့် ကနဦးခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှု၊ ဆက်ကပ်မှုများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
နောင်လာမည့် အချိန်ကာလများတွင်လည်း အစဉ်အလာကောင်းသည့် လူငယ်များအသင်းအားဖြင့် ဘုရားသခင်ဘုန်းတော် ထင်ရှားနိုင်စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အမှုတော်မြတ်၌
အမှုဆောင်ကော်မတီ
ယောကျ်ားများအသင်း
သာသနာပိုင်ချုပ်နယ်
23/10/2023
ဓမ္မပညာနှင့်ပညာရေးဌာန၊ သာသနာပိုင်ချုပ်နယ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) မှ (၆၃) နှစ်မြောက် အ.လ.င.သ နေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
=======================
အင်္ဂလီကန်လူငယ်များအသင်း (အ.လ.င.သ) စတင်တည်ထောင်သည့်နေ့မှ စတင်ကာ (၆၃)နှစ်ပြည့်မြောက်သည်အထိ ခရစ်တော်နှင့်အသင်းတော်အတွက် စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခဲ့သည့် အ.လ.င.သ အတွက် ဝမ်းမြောက်ဂုဏ်ယူသကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း ချီးမွမ်းမိပါသည်။ ရှေ့အနာဂတ်တွင်လည်း အ.လ.င.သ လူငယ်များသည် သခင်ခရစ်တော်၏ သစ္စာတော်စောင့် သူရဲကောင်းများအနေဖြင့် ခရစ်ယာန်ပီသစွာနှင့် နိုင်ငံသားကောင်းပီသစွာ အသက်ရှင်ဆက်ကပ်ကာ အသင်းတော်နှင့် နိုင်ငံတော်အတွက် ကောင်းကြီးမင်္ဂလာယူဆောင်လာပေးသော အ.လ.င.သအသင်းနှင့် အ.လ.င.သ လူငယ်များဖြစ်နိုင်ပါမည့်အကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမှုတော်မြတ်၌
အမှုဆောင်ကော်မတီ
ခရစ်ယာန်ဓမ္မပညာနှင့် ပညာရေးဌါန
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
140 Pyidaungsu Yeiktha Road, Dagon
Yangon