Myanma Insurance Agent
13/07/2018
“ကျွီး……ဒုံး…….”
မိုးဖွဲဖွဲကျနေစဉ် လမ်းမတစ်နေရာမှာ ကားနှစ်စီးတိုက်မိကြလေသည်။ တက္ကစီ တစ်စီးမှ ရှေ့ကဇိမ်ခံကားအကောင်းစား ကိုတိုက်မိခြင်းဖြစ်သည်။
အတိုက်ခံရသောကားပေါ်မှ အမျိုးသမီးတစ်ဦး ဆင်းလာသည်။ ထို့နောက် သူ့ကားအနောက်ကို သွားကြည့်သည်။ အခြေအနေသိပ်မကောင်း။
တက္ကစီကားဆရာလည်း ဆင်းလာသည်။ အဖြစ်အပျက်များရဲ့ ရလဒ်ကို သူကြိုသိနေသည်။ ရင်ထဲသိပ်မကောင်း။
“တောင်းပန်ပါတယ်….အစ်မရယ်။ မိုးကရွာနေတော့ ဘရိတ်အုပ်လိုက်တာ စလစ်ဖြစ်ပြီး ချော်တိုက်မိသွားတာပါ။ ကျွန်တော်အားလုံး ပြန်လျော်ပေးပါ့မယ်။”
ကားဆရာလည်း ပြောတာပြောရတာ မျက်နှာမကောင်းချင်ဘူး။ သူလျော်ရမယ့် ကားအမျိုးအစားတန်ဖိုးကို သူကြိုသိနေတယ်လေ။ ကားအုံနာခတောင် မကြေသေးဘူး။ အခုကိစ္စကိုသူ အရင်ရှင်းရတော့မယ်။ အိမ်ကိုထောက်ပံ့ရမှာတွေ၊ ကလေးကျောင်းစရိတ်တွေကိုပါ ထည့်တွက်လိုက်ရင် သူ့အတွက် ကားလျော်ကြေးက ၀န်ထုတ်ဝန်ပိုးကြီး တစ်ခုပါပဲ။
အတိုက်ခံရတဲ့ကားပိုင်ရှင်ကတော့ ကားအခြေအနေတွေကို ဓာတ်ပုံတွေရိုက်နေပါပြီ။ ကားဆရာလည်း စိတ်ပျက်လက်ပျက်နဲ့ ကားပိုင်ရှင်ဆီဖုန်းဆက်တော့တာပေါ့။
“ဟယ်လို….. အစ်ကိုလား။ ဒီမှာ ကားစလစ်ဖြစ်ပြီး တစ်ခြားကားတစ်စီးကို ၀င်တိုက်မိတယ်။ အကို့ကိုအကြောင်းကြားတာ။ လျော်ရမယ့်ကားကလည်း နည်းနည်းတော့များတယ်။”
“စိတ်မပူနဲ့။ ကျွန်တော် ဒီကားကို ကားအာမခံထားထားတယ်။ အစ်ကို့ကို တိုက်မိတဲ့ကားပိုင်ရှင်နဲ့ ဖုန်းခဏလွှဲပေးပါ။”
တက္ကစီကားဆရာ၏မျက်နှာမှာ အပြုံးရိပ်သမ်းသွားသည်။ သူစိတ်သက်သာရာ ရသွားသည့်ပုံပေါ်သည်။ ထို့နောက် ကမန်းကတန်း တစ်ဖက်က အမျိုးသမီးကို ဖုန်းလွှဲပေးလိုက်တယ်။
“ဟယ်လို… အစ်မ။ ကားတိုက်မိတယ်ပြောတယ်။ ကျွန်တော်တို့ အကုန်ပြန်လျော်ပေးပါ့မယ်။”
အမျိုးသမီးလည်း သိပ်မယုံရဲဘူး။ သံသယမျက်လုံးနဲ့ကားဆရာကို ကြည့်တယ်။ ထိုအမျိုးသမီး ဆက်ပြောတယ်။
“ကုန်ကျစရိတ်ကတော့များမယ်။ ဘယ်လိုပြန်လျော်မှာလဲ။”
“ကျွန်တော် အဲ့ဒီကားကို အလုံးစုံမော်တော်ယာဉ်အာမခံထားထားပါတယ်။ အကုန်နဂိုမူရင်းအတိုင်း ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။”
“မင်းတို့ကားအတွက်ကတော့ ဟုတ်ပါပြီ။ အစ်မကားက အာမခံမလုပ်ထားဘူးလေ။”
“ကျွန်တော်တို့ကားက ကားအာမခံထားထားတဲ့အတွက် ကျွန်တော်တို့ကားကြောင့် ထိခိုက်တဲ့ တခြားကားကိုလည်း လျော်ကြေးငွေပေးပါတယ် အစ်မ။”
ထိုအမျိုးသမီးရင်ထဲပေါ့သွားသည်။ ကားဆရာလည်း မျက်နှာအပြုံးမပျက်ပဲ ကားပိုင်ရှင်ပေးလိုက်သော ဖုန်းနံပါတ်ကိုကောက်ဆက်လိုက်သည်။
တီ တီ တီ တီ
“ဟယ်လို IKBZ Insurance ကပါလား ခင်ဗျာ။”
တစ်ခါတစ်လေ မခန့်မှန်းနိုင်သော မတော်တဆလေးတွေက စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ရောက်ရောက်လာပါတယ်။ သိတဲ့အတိုင်း ဒုက္ခဆိုတာ ဘယ်တော့မှာ တစ်ယောက်တည်းမလာပါဘူး။ မတော်လို့ဖြစ်လာတဲ့အခါ စိတ်ညစ်စရာတွေ တစ်လုံးတစ်ခဲရောက်လာတက်ပါတယ်။ သင့်ရဲ့သောကတွေကို လျော့ချပေးဖို့ အာမခံသည် အသက်ဝင်လှုပ်ရှားလျက်ရှိပါတယ်။
ကျွန်တော်တို့ IKBZ Insurance မှလည်း အလုံးစုံမော်တော်ယာဉ်အာမခံကို အကာအကွယ်ပေးလျက်ရှိပါတယ်။ သင့်ရဲ့မော်တော်ယာဉ် ထိခိုက်မှုကြောင့်ဖြစ်စေ၊ အသုံးပြုမှုနှင့် ဆက်စပ်ပြီးတော့ပဲဖြစ်စေ၊ လူမှုရေး၊ စီးပွားရေးနစ်နာဆုံးရှုံးမှုတွေကို ငွေရေးကြေးရေးနှင့်ဖြစ်စေ၊ အရင်အတိုင်းဖြစ်အောင် ပြန်လည်ကုစားပေးပါတယ်။
တစ်စုံတစ်ရာ ချွတ်ချော်မှုကြောင့် မတော်တဆဖြစ်စဉ်တွင် တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုအတွက် ကျသင့်သော ပြင်ဆင်စရိတ်အထိ ပေးလျော်မှာဖြစ်ပါတယ်။ လုံးဝဆုံးရှုံးမှုအတွက်ဆိုလျှင် အာမခံထားသောယာဉ်၏ အာမခံထားသောပမာဏအထိ ပေးလျော်မှာဖြစ်ပါတယ်။
ဒါ့အပြင်တစ်ပါးသူ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ သူတစ်ပါးပိုင် ပစ္စည်းပျက်စီးခြင်း၊ ယာဉ်ဆွဲယူစရိတ်၊ တရားရုံးစရိတ် စသည်တို့အတွက် လျော်ကြေးငွေများကိုလည်း IKBZ Insurance မှ ပေးလျော်မှာဖြစ်ပါတယ်။
“ယုံကြည်အားထား IKBZ အာမခံစွမ်းအား”
“IKBZ Insurance you can rely on”
10/04/2018
"မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှု ပိုမိုခေတ်စားလာပြီး အာမခံထားရှိရမည့် ယာဉ်ပိုင်ရှင်များ သတိပြုရမည့်အချက်များ သိရှိထားရန်လိုအပ်"
Credit- ကြေးမုံသတင်း
13/12/2017
အသက်အာမခံ (Life Insurance)
အသက်အာမခံဆိုသည်မှာ လူ့အသက်အတွက်ထားရှိသော အာမခံစာချုပ်အရ ဆုံးရှုံးမှုဖြစ်ပေါ်ပါက အာမခံငွေထုတ်ပေးရန် တာဝန်ယူခြင်းဖြစ်ပါသည်။
FNI က လက်ခံဆောင်ရွက်လျှက်ရှိသော အသက်အာမခံလုပ်ငန်းများမှာ
(၁) စုပေါင်းအသက်အာမခံ (Group Life Insurance)
(၂) ငွေပင်ငွေရင်းအသက်အာမခံ (Endowment Life Insurance)
(၃) မြွေအန္တရာယ်အသက်အာမခံ (Snake Bite Life Insurance)
(၄) အားကစားသမားအသက်အာမခံ (Sportsmen Life Insurance)
(၅) တောင်သူလယ်သမားအသက်အာမခံ (Farmer Life Insurance)
(၆) ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance)
တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် စုပေါင်းအသက်အာမခံအကြောင်းအား မိတ်ဆက်ပေးမည်ဖြစ်ပါသည်။
(၁) စုပေါင်းအသက်အာမခံ (Group Life Insurance)
ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် စက်ရုံများမှ ဝန်ထမ်းများနှင့် အလုပ်သမားများအတွက် ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှဖြစ်စေ စုပေါင်းထားနိုင်သော အသက်အာမခံအမျိုးအစားဖြစ်ပြီး မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်မည့် စုပေါင်းအသက်အာမခံ (Group Life Insurance) နှင့် မိတ်ဆက်ပေးလိုပါသည်။
စုပေါင်းအသက်အာမခံထားခွင့်ရှိသူ
- အသက် (၁၈) နှစ်မှ (၆၀) နှစ်အထိ သူများ
- အနည်းဆုံး (၅) ဦး (သို့မဟုတ်) (၅) ဦးနှင့်အထက် ရှိရပါမည်။
အာမခံထားငွေ
- တစ်ဦးလျှင် အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ်သိန်း (၅၀) အထိ ထားရှိနိုင်ပါသည်။
စုပေါင်းအသက်အာမခံသက်တမ်း
- (၁) နှစ် ထားရှိနိုင်ပြီး
စုပေါင်းအသက်အာမခံကြေး (Premium) ကို
- အာမခံထားငွေ၏ (၁%) ကောက်ခံပါသည်။
စုပေါင်းအသက်အာမခံထားခြင်းအားဖြင့် ရရှိနိုင်သော အကျိုးခံစားခွင့်များ
အာမခံထားသူတစ်ဦးထိခိုက်ဒဏ်ရာရလျှင် အောက်ပါအချိုးအစား (အာမခံထားငွေပေါ်တွင်) အတိုင်း လျော်ကြေးရရှိမည်ဖြစ်ပါသည်။
(၁) ထာဝစဉ်မသန်စွမ်း၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း (၁၀၀%)
(၂) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း (၅၀%)
(၃) လက်တစ်ဖက်လုံးဝပြတ်ခြင်း (၅၀%)
(၄) ခြေတစ်ဖက်လုံးဝပြတ်ခြင်း (၅၀%)
(၅) နားတစ်ဖက်လုံးဝပင်းခြင်း (၂၅%)
(၆) လက်တစ်ဖက်ကျိုးခြင်း (၂၅%)
(၇) ခြေတစ်ဖက်ကျိုးခြင်း (၂၅%)
(အထက်ဖော်ပြပါဒဏ်ရာများမှအပ အခြားထိခိုက်ဒဏ်ရာများအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် ပေးလျော်မည်ဖြစ်ပါသည်။)
စုပေါင်းအသက်အာမခံနှင့် ပတ်သက်၍ အသေးစိပ်သိရှိလိုပါက FNI ၏ Hot Line ဖုန်းနံပါတ် - 01 8610661 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စုပေါင်းအသက်အာမခံအတွက် FNI နှင့် အတူလက်တွဲလုပ်ကိုင်လိုသော အာမခံကိုယ်စားလှယ်များ၊ မိမိဝန်ထမ်းများနှင့် အလုပ်သမားများအတွက် စုပေါင်းအသက်အာမခံထားပေးမည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် စက်ရုံလုပ်ငန်းရှင်များကို ဝမ်းမြောက်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI
24/11/2017
ယခင်အသုံးပြုနေသော ဧရာမြန်မာအာမခံ၏ Claim Hotline - 09 49305224 မှ ယခုအခါ Claim Hotline ဖုန်းနံပါတ်အသစ်ဖြစ်သည့် 09-429305224 အား ပြောင်းလဲခေါ်ဆိုနိုင်ပါရန် ဧရာမြန်မာအာမခံ၏ မိတ်ဟောင်းမိတ်သစ်မိဘပြည်သူများအား အကြောင်းကြားအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon