Computer Engineering and Information Technology Department, YTU
09/09/2020
Congratulations Dr. Thanda Win!
International webinar
The 59th Anniversary of Sam Ratulangi University
Science and Technology for better life
The role of science and technologies in supporting the sustainability of educational activities during Covid-19 pandemic
9 September 2020
08/09/2020
APT Young Professionals and Students Programme 2020 Myanmar
Innovative Robot Project Competition ပြိုင်ပွဲကျင်းပမည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပမည့် “Innovative Robot Project Competition” ပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ နည်းပညာတီထွင် ဆန်းသစ်မှုများ၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ၊ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ စနေနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းက ကြီးမှူး၍ "Innovative Robot Project Competition" ပြိုင်ပွဲကို ရန်ကုန်မြို့၊ MICT Park ၊ Conference Hall တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။
APT Young Professionals and Students Programme 2020 အခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူများ၊ သိပ္ပံနှင့်နည်းပညာအသစ်အဆန်းများအား လေ့လာသူများ၊ ICT ဆိုင်ရာသင်တန်းကျောင်းများ၊ ပညာရေးနယ်ပယ်မှ သင်တန်းကျောင်းများနှင့် အစိုးရပညာရေးဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများမှ လာရောက် လေ့လာ နိုင်ပါသည်။
APT Young Professionals and Students Programme 2020 Innovative Robot Project Competition ပြိုင်ပွဲတွင် အမျိုးအစားများ အနေဖြင့် Categories (၂) မျိုး သတ်မှတ်ထားပါသည်။
Junior Innovative Robot Project Competition
Senior Innovative Robot Project Competition
27/05/2020
မြန်မာနိုင်ငံရှိကျောင်းသား/သူများ ASEAN Data Science Explorer Competition 2020 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ လိုအပ်သောData Analysis များပြုလုပ်နိုင်စေရန် SAP analytic cloud အသုံးပြုနည်းများကို 21.5.2020 ရက်နေ့နှင့် 27.5.2020 ရက်နေ့များတွင် ကွန်ပျူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာဌာနမှ Online Training သင်ကြားပေးခဲ့ရာတွင် စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါသော ရန်ကုန်နည်းပညာတက္ကသိုလ်မှကျောင်းသားကျောင်းသူ (၃)ဦး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ(၇)ဦး၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှကျောင်းသားကျောင်းသူ(၂)ဦး၊နည်းပညာတက္ကသိုလ်(မှော်ဘီ)မှကျောင်းသားကျောင်းသူ(၃)ဦး၊ဆေးတက္ကသိုလ်မှကျောင်းသူ(၁)ဦး နှင့် Info Myanmar University မှ ကျောင်းသားကျောင်းသူ(၄၅)ဦး စုစုပေါင်း (၆၁)ဦး စိတ်ပါဝင်စားစွာတက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်၍National Final ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ပြီး ASEAN Level ပြိုင်ပွဲ သို့ တက်ရောက်ယှဉ်
ပြိုင်နိုင်ကြပါစေရန် တိုက်တွန်းရင်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည့်ကျောင်းသား/သူ များ အားလုံးကိုချီးကျူးဂုဏ်ပြုအပ်ပါတယ်။
12/03/2020
International Girls in ICT day အထိမ်းအမှတ်ဟောပြောပွဲအား CEIT ဌာန ရန်ကုန်နည်းပညာတက္ကသိုလ်တွင် (၁၂.၀၃.၂၀၂၀) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက် ဟောပြောပေးပါသော ID Myanmar Co.ltd မှ ဒေါ်မူမြအေးအား နှင့် တက်ရောက်ပေးကြပါသော ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများအား ကျေးဇူးအထူးတင်ရှိပါသည်။
26/02/2020
SAP Analytics Cloud Enablement Training 2020 has been successfully finished!
Thank you very much trainer, staff from CEIT dept., participants, ASEAN foundation and SAP!
Click here to claim your Sponsored Listing.
Category
Website
Address
Insein,Gyogone
Yangon