The Content Code
အခု ဈေးရောင်းသူ အတော်များများ ပို့စ်တင်လို့ မရဘဲ အကောင့် လော့ကျနေကြတယ်လို့ ပြောနေကြပါတယ်။
အဲဒါက သက်ဆိုင်ရာ ပေ့ခ်ျတွေ ဂရုတွေက ဘန်းနေတာ မဟုတ်ပါဘူး။
ဇူကာဘတ်ရဲ့ လက်ချက်ပါ။
Facebook ကို လူတိုင်းကို အခမဲ့ သုံးစွဲခွင့် ပေးထားပါတယ်။ ဒါဆို သူတို့က ဘယ်ကပိုက်ဆံတွေနဲ့ လည်ပတ်နေလဲဆိုရင် ကြော်ငြာကရတဲ့ ဝင်ငွေနဲ့ပါ။
ဒီတော့ Facebook ဟာ ကုန်ပစ္စည်း ရောင်းလိုသုတွေကို Page ထောင်ခိုင်းပြီး ရောင်းစေပါတယ်။
ကိုယ့် Page မှာ ကိုယ့် ရောင်းကုန်လေးတွေ တင်ရောင်းလို့ရပါတယ်။ ပိုက်ဆံမပေးရပါဘူး။
ဒါပေမဲ့ ဒီလို ကိုယ့် စီးပွားရေး Page မှာ ပို့စ်တင်ဈေးရောင်းတဲ့အခါ Facebook ဟာ လူအများကြီးဆီကို အဲဒီ ဈေးရောင်း ပို့စ်ကို ပြမပေးပါဘူး။
လူအများဆီကို ကိုယ့်ပို့စ်လေး ရောက်စေချင်ရင် Facebook ကို ငွေပေးရပါတယ်။ ဒါကို boost လုပ်တ်ာလို့ ခေါ်ပါတယ်။
ဒီလို စီးပွားရေး ကြော်ငြာတွေကို Boost လုပ်ပေးခြင်းကနေ Facebook ဟာ တနှစ်တစ်နှစ် ဒေါ်လာ ဘီလျံပေါင်းများစွာ ဝင်ငွေ ရှိနေတာမို့ သူ့စားခွက်ကို ပုတ်ချသလို ဖြစ်စေတဲ့ လုပ်ရပ်မှန်သမျှကို မနှစ်မြို့ပါဘူး။
ဥပမာ Facebook ပေါ်မှာ အကြောင်းတမျိုးမျိုးနဲ့ နာမည်ကြီးလာပြီး ဖော်လိုဝါတွေ များလာတဲ့ ဆယ်လီတစ်ယောက်က သူ့အကောင့်ကနေ ကုန်ပစ္စည်းတွေ ကြော်ငြာပေးတာကို Facebook ရဲ့ စည်းကမ်းကို ဖောက်ဖျက်တယ်လို့ သတ်မှတ်ပါတယ်။
စကားပြန်ကောက်ရရင် အခု ရွက်လှ ဂရုတွေ ပန်းဂရုတွေ ပေ့ခ်ျတွေဟာ အပျော်သဘော ဝါသနာရှင်တွေ စုစည်းရာ အဖြစ် တည်ထောင်ထားတာမို့ ပန်းပုံလေးတွေ လာတင်တာက ပြဿနာ မရှိပါဘူး။
ဒါပေမဲ့ ဒီဂရုတွေ ပေ့ခ်ျတွေမှာ ဈေးလာရောင်းတာကိုတော့ သူတို့ လက်မခံပါဘူး။
ဒါကြောက့် အခုတလော ဈေးရောင်းသူတွေကို သူတို့ လော့ချနေကြတာပါ။
ဈေးရောင်းမှန်း ဘယ်လိုသိလဲဆိုတော့ အသိဉာဏ်တု AI နည်းပညာအရ Keywords တွေကို သူတို့အသုံးပု့ပါတယ်။
ဥပမာ ဈေးနှုန်းရေးတာ၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်စသည်၊ ကော်မန့်တွေမှာ ဘ်ာလောက်လဲ မေးတာ ဘာညာကနေ သူတို့ ခြေရာခံပါတယ်။
ဇူကာဘတ်ဟာ ကမ္ဘာ့တတိယ အချမ်းသာဆုံးအဆင့်ထိရောက်ခဲ့ပြီးမှ အခုဆို အဆင့် ၁၆ အထိ ကျဆင်းသွားတဲ့အတွက် သူ့ပိုင်ဆိုင်မှုတွေရော Facebook ရဲ့ ဝင်ငွေရော အတော်ကျဆင်းသွားတဲ့အတွက် သူ့စားခွက်ကို ပုတ်ချနေတဲ့ Facebook account တွေ၊ Page တွေ Group တွေ၊ အခကြေးငွေ ယူပြီး ကှောငြှာပေးနတေဲ့ ဆယ်လီတွေကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။
အတိတ်ကာလတွေတုန်းကလည်း ဆယ်လီတွေရဲ့ ပို့စ်တွေကို လူအများဆီ မရောက်အောင် Reach လျှော့ချတာမျိုး၊ ကြော်ငြာ Page တွေရဲ့ Organic Reach (ငွေမပေးဘဲ အလကား ကြော်ငြာတာမျိုး) ကို လျှော့ချတာမျိုး (ဒါမှ လူအများဆီ ရောက်အောင် သူ့ဆီ ပိုက်ဆံပေးပြီး Boost လုပ်မှာကိုး) တွေ လုပ်ခဲ့ပါတယ်။
ခုတခါကတော့ Page တွေမှာ လူစည်လာတာကို အကြောင်းပြုပြီး ဈေးရောင်းနေကြတာဟာ သူ့ဆီ တပြားမှ ငွေမဝင်တဲ့အတွက် လိုက်ပိတ်ပင်နေတာပါ။
အနှစ်ချုပ်ကတော့ Facebook ကို အပျော်အနေနဲ့ အလကား သုံးလို့ရပါတယ်။
ဈေးရောင်းမယ်ဆိုလည်း စီးပွားရေးလုပ်တဲ့ Page ထောင်ပြီး တင်ရောင်းလို့ ရပါတယ်။ ပိုက်ဆံမပေးရပါဘူး။ ဒါပေမဲ့ သူက ဘ်ာလို ညစ်ထားလဲဆိုတော့ ကိုယ့် Page မှာ ကိုယ့်ပစ္စည်း တင်ရောင်းတာကို လူနည်းနည်းလေးပဲ မြင်ရအောင် လုပ်ထားပါတယ်။ လူများများ မြင်ရစေချင်ရင် သူ့ကို ငွေပေးရပါမယ်။
ဒါကြောင့် အပျော်ထောင်ထားပြီး လူစည်လာတဲ့ Page တွေမှာ ဈေးရောင်းကြတာဟာ ဇူကာဘတ်ရဲ့ စီးပွားရေးကို တုတ်နဲ့ ထိုးသလို ဖြစ်စေပါတယ်။ ဒီအတွက် သူတို့က ဈေးရောင်းသူတွေကို အကောင့်လော့ချပြီး အရေးယူတယ်ပေါ့လေ။ ဒါပါပဲ။
..
👋 Hello Everyone Neo Boost And Promote Service မှကြိုဆိုပါတယ်......
🙆🏻ကျနော် Page စဖွင့်တဲ့အနေနဲ့ customer တွေအတွက်
ပထမဆုံးအလုပ်လာအပ်တဲ့ 10ယောက်ကို 10% disscount ပေးပါမယ်နော်
🙆🏻ဒီ Discount Plan မှာပါဝင်ချင်ရင်တော့
1. Page ကို like and follow လုပ်ပေးပါ
2. ဒီ Post ကို react ပေးပါ
3. ဒီPost ကို Public နဲ့ shareပေးပါ
4. Shareထားကြောင်း CommentမှာS creenshotလေးနဲ့တကွမန့်ပေးပါ
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
N0(278) Kyaikasan Road Tamwe
Yangon
11211