Mechanic Auto Parts
01/07/2026
တိုယိုတာ COROLLA AXIO အကြောင်း
TOYOTA မှ COROLLA AXIO ဆိုတဲ့ brand တခုကို 2006-2007 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့တိုင် ထုတ်လုပ်နေတဲ့ မျိုးဆက်တခုဖြစ်ပါတယ်
စတင်ထုတ်လုပ်ခဲ့တဲ့ 2006 မှ 2012 အထိကို 1st generationအဖြစ်ထုတ်လုပ်ခဲ့ပြီး Engineကိုတော့ 1500cc & 1800cc ဆိုပြီး ၂မျိိုးထုတ်လုပ်ခဲ့ပါတယ်။
2012 နောက်ပိုင်း 2nd generation မှာတော့ 1800cc Engineအစား 1300cc ကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
အလွယ်မှတ်ထားရမှာက 1300cc ဆိုတာနဲ့ 2012 အထက်ဖြစ်ပြီး 1800ccဆိုတာနဲ့ 2012အောက်လို့ မှတ်ထားရပါမယ်။
2015 လမြင့်မှ ယနေ့ထိကို 3rd generationအဖြစ် ထုပ်လုပ်ခဲ့ပြီး ရုပ်ထွက် အနည်းငယ်ပြောင်းလဲ လာခဲ့ပါတယ်။
မိခင်ကုမ္ပဏီTOYOTA ရဲ့ လက်ခွဲ COROLLA ကနေပြီးထုတ်လုပ်ထားတာဖြစ်တာကြောင့် မာကြောမှု့အနေနဲ့ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ တချိန်က ဘုရင်ဖြစ်ခဲ့ဖူးတဲ့ superroof van ဆိုတာ လူတိုင်းနီးပါး သိပါတယ်။
ခေတ်ကာလ ပြောင်းလဲလာပေမယ့်လည်း အားမရတဲ့အပိုင်းလေးကတော့ Axio ရဲ့ Engineခန်းပါပဲ၊ တခြားကားတွေနဲ့ယှဉ်လိုက်ရင် Engineခန်းဟာ ဟိုးရှေးရှေးတုန်းက ဖင်ကောက်တို့လိုမျိုးပဲ ရိုးရှင်းပြီး ဆွဲဆောင်မှု နည်းပါတယ်၊(မိမိအမြင်သာ ရေးထားတာပါ)
Axio ကို 2wd နဲ့လာသလို 4wd နဲ့လည်း လာပါတယ်။Chassis လေးတွေ အကြမ်းဖျင်းသိထားရင် မိမိကားက 2wd လား 4wd လားဆိုတာသိရမယ်၊ 1300cc လား 1500cc လား 1800ccလားဆိုတာတွေပါ အလွယ်တကူ သိရှိနိုင်ပါတယ်။
ZRE142- 1800cc 2wd ( Hybrid ) ( 1st Gen )
ZRE144- 1800cc 4wd ( Hybrid ) ( 1st Gen )
NZE141 - 1500cc 2wd ( 1st Gen )
NZE144- 1500cc 4wd ( 1st Gen )
NZE161 - 1500cc 2wd ( 2nd Gen )
NZE164- 1500cc 4wd ( 2nd & 3rd Gen )
NKE165- 1500cc 2wd ( Hybrid )( 2nd & 3rd Gen )
NRE160- 1300cc 2wd ( 3rd Gen )
NRE161 - 1500cc 2wd ( 3rd Gen )
Grade ခွဲတွေအနေနဲ့ကတော့ များများစားစားမရှိပါဘူး။
X / X-HID / X-HID Limited / G ဆိုပြီးရှိပါတယ်။
X Grade ....အခြေခံ grade ဆိုတဲ့အတိုင်း ထွေထွေထူးထူး ဘာမှ မပါ ပါဘူး။Air-con ခလုပ်တွေက လက်လှည့်နဲ့ပေါ့၊ Key Startနဲ့ပဲ ဖြစ်ဦးမယ်၊ ရှေ့မီးကြီးကလည်း ရိုးရိုး မီးအဝါပဲ ဖြစ်ဦးမယ်၊
X-HID ....ဒီgradeကြတော့ Xထက်ပိုတာတွေရှိလာပါတယ်၊Air-con ကDigital တွေဖြစ်လာပြီး Push start ဖြစ်လာပါပြီ။ ရှေ့မီးကြီးက HID မီးဖြူ မြန်မာအခေါ်( ကြောင်မျက်လုံး )နဲ့ ဖြစ်လာပါပြီ။
X-HID Limited ကတော့ X-HID grade ကိုမှ နောက်မှန် ဝိုင်ဘာ ( နောက်ဒုတ် ) ပါလာပါပြီ။
G....သူကတော့ အမြင့်ဆုံး grade ပေါ့နော်၊ဘက်မှန် မီးချောက်တွေ၊ ထိုင်ခုံ လက်တက်တွေ ပါလာ ပါပြီ။
Grade အားလုံးမှာ option အနေနဲ့ ရှေ့နှင်းခွဲမီး ၊ Original TV & back camera တို့က ပါလာတတ်ပါတယ်။
Generation တခုကနေ Generation တခု အပြောင်းမှာ ရှေ့ဘမ်ဘာ၊ နောက်မီးတို့ သိသိ သာသာ ပြောင်းလဲ လာခဲ့ပါတယ်။
2008 မှ 2009 အပြောင်းမှာ နောက်မီးခွက်တွေ သိသာစွာ ပြောင်းလဲလာပါတယ်၊2012 လနိမ့်မှ 2012 လမြင့် အပြောင်းမှာလည်း ရှေ့ ရှဲလ်၊နောက်မီးတွေ ဘမ်ဘာတွေ ပြောင်းလဲ လာခဲ့ပြန်ပါတယ်။
2015 လနိမ့်မှ 2015 လမြင့် အပြောင်းမှာတော့ COROLLA AXIO ဟာ လုံးဝဆန်းသစ်သော design အဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။
မိမိသိသလောက်သာ ချပြထားသောကြောင့် လိုအပ်ချက်များ ၊ အမှားယွင်းများ ပါခဲ့ပါက ဖြည့်စွက် နားလည်ပေးပါရန်၊
© Original Writer
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
01/07/2026
🔋ကားဘထ္ထရီအိုးကိုသက်တမ်းတိုစေတဲ့အကြောင်းရင်း
ဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတခုပါ
ကားဘထ္ထရီအိုးနဲ. အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာ
သွားရင်းလာရင်း ဘထ္ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ ။
ဒါပေမယ့် ကားဘထ္ထရီအိုးတလုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ် ၊
မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘထ္ထရီသက်တမ်း တိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ် ။
ဒီနေ.တော့
ကားဘထ္ထရီနဲ. ပတ်သတ်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို.ကို ဝေမျှချင်ပါတယ် ။
ကျနော်တို.လက်ရှိအိမ်စီးကား တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘထ္ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ် ။
ဘထ္ထရီအိုးနာမည်တွေနဲ. ဘထ္ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမယ့် အဓိက အခြေခံတွေကတော့ တူညီပါတယ် ။
အဓိက တူညီတာတွေကတော့ 12 V DC အမျိုးအစားကို အသုံးပြုတာရယ် ၊
♂️အိုးစို ( Destilled water -မိုးရေ နဲ. အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား) ၊
♂️အိုးခြောက် (maintenance free) အမျိုးအစား သုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ် ။
12V ကားဘထ္ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် ( Positive Terminal ) ၊ အနှုတ်ငုတ် (Negative Terminal ) ရှိပြီး အခန်း 6 ခန်းနဲ.ဖွဲ.စည်းတည်ဆောက်ထားပါတယ် ။
အခန်း 1 ခန်းကို 2.1 V ရှိပါတယ်
အဲဒီအခန်း 6 ခန်းကို အပေါင်း( + ) နဲ. အနှုတ် ( _ ) Series ချိတ်ဆက်ထားခြင်းဖြင့် 12 V ရအောင်ဖန်တီးထားတာပါ ၊
အတိအကျဆိုရင်တော့ 12.6 V ရှိရပါမယ် ။
ကားမှာပါတဲ့ ဘထ္ထရီအိုးကို မှီခိုနေတဲ့ ကားရဲ. အခြားအရေးပါတဲ့ စနစ်တွေကတော့
🔹Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
🔹Lighting System ဆိုတဲ့ ကားရှေ.နောက် အချက်ပြ ၊ အတွင်းခန်းမီးစတဲ့ စနစ်
🔹Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
🔹Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
🔹Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့ စနစ်
🔹Audio System ဖြစ်တဲ့ TV , Radio နဲ. Sound Box တွေအသုံးပြုတဲ့စနစ်
🔹Security System ဖြစ်တဲ့ Power Window , Door Lock
ECU ( Engine Control Unit ) စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘထ္ထရီအိုးတလုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ ။
🔺ဘထ္ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ ?
ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကိုတော့ 60 အိုး 70 အိုး 100 အိုး အစရှိသဖြင့် ဘထ္ထရီအိုးရဲ. ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ် ။
တကယ့်ဆိုလိုရင်းကတော့ 60 Ah , 70 Ah , 100 Ah ကိုဆိုလိုတာပါ ၊
Ah ဆိုတာ (Ampere-Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘထ္ထရီအားကုန်သည်အထိ သုံးစွဲနိုင်တဲ့ (Current ) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ ။
တနည်းအားဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်နိုင်စွမ်းအားကို ၀န်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ ။
ဥပမာအားဖြင့် 60 Ah အိုးတလုံးဟာ 60 Ampere current ဆွဲတဲ့ ပစ္စည်းတခုခု (Load) တခုသုံးစွဲမယ်ဆိုရင် ဒီဘထ္ထရီအိုးကိုလုံး၀အားကုန်သည်အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ ။
ဒီလိုိဆိုရင် 70 Ah , 100 Ah အစရှိသဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်မှု စွမ်းအားမြင့်လေလေ ၀န်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ ။
အခုနောက်ပိုင်း ဘထ္ထရီအိုးတွေကိုတော့
46B24L
70D23L
80D23R
90D31L
115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ. ဖော်ပြလာကြပါပြီ ၊
အဲ့ဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့
ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင်
ရှေ.ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲ့ဘထ္ထရီအိုးရဲ. ဘထ္ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ ၊
B ဆိုတာကတော့ ဘထ္ထရီအိုးရဲ. အနံနဲ. အမြင့်အတွက် သတ်မှတ်ကုဒ်တခုပါ ၊
24 ဆိုတာကတော့ အဲ့ဒီဘထ္ထရီအိုးရဲ. အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ.ဖော်ပြထားတာပါ ၊
L ကတော့ ဘထ္ထရီအိုးမှာရှိတဲ့ Negative Terminal ( _ ) အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း ( Left ) မှာရှိတယ်လို.ဖော်ပြထားတာပါ ။
ခုနောက်ပိုင်း
ဘထ္ထရီအိုးတွေမှာ ဒီလို ကုဒ်နံပါတ်တွေနဲ. ဘထ္ထရီအိုးရဲ. ဆိုက်အရွယ်အစား ဘထ္ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ. တည်နေရာ တွေကို အတိအကျလာတာမို. တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘထ္ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို. အဆင်ပြေမှာဖြစ်ပါတယ် ။
🔻🔻ကားဘထ္ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့ ..
🔸ကားစက်စ နှိုးလိုက်ချိန်မှာ ဘထ္ထရီ၀ပ်ပြီး မှစက်နှိုးသွားမျိုး ၊
🔸Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘထ္ထရီကျလာပြီ ၊ ဘထ္ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချက်ပါ ။
ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို.မရတာမျိုးကလည်း ကားဘထ္ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ ။
ကားမောင်းနေရင် အားလုံးအိုကေ ၊
ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး ၊
ဘထ္ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘထ္ထရီမကောင်းတော့တဲ့ လက္ခဏာပါ ။
ဘထ္ထရီအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ ၊
ပူနေတာကလည်း ဘထ္ထရီအိုးမကောင်းတဲ့ လက္ခဏာပါ ။
ဘထ္ထရီအိုး ဗိုက်ပူလာတာ ၊ ဖောင်းလာတာမျိုးကလည်း ဘထ္ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ ။
နောက်တမျိုး ကားဘထ္ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့
ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.60 V လောက်ပျမ်းမျှရှိပြီး ၊
ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Voltage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။
ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။
ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။
11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ္ထရီ၀ပ်စရာ မရှိနိုင်ပါ ။
အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။
ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။
ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊
ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။
ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။
ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။
❗ကားဘထ္ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့..
✴️1. ဘထ္ထရီ အပေါင်းအနှုတ်ခေါင်း ( Terminal ) တွေကို သေချာမကြပ်ထားတာပါ
ဒီလို ဘထ္ထရီခေါင်းတွေကို သေချာမကြပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ.ရပါတယ် ၊
ကားဘထ္ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ. Electrical ပစ္စည်းတွေကနေ ၀န်အားဆွဲတဲ့အခါမှာ ကားဘထ္ထရီအားဆွဲတချက် လွတ်တချက်မို. ဘထ္ထရီအိုးကို နာစေပါတယ် ။
ဘထ္ထရီအိုးကို ဒိုင်နမို ( alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ် ။
ဒီလိုနဲ.ရက်ပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဘထ္ထရီအိုး ရဲ. Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘထ္ထရီအိုးကိုသက်တမ်းတိုစေပါတယ် ။
✴️2. ဘထ္ထရီအိုး အထိုင်သေချာမငြိမ်တာ
ကားဘက်ထရီအိုး အထိုင်ကို တည်ငြိမ်အောင်မထားတာ ၊
ဘထ္ထရီအိုးကို ရှေ.နောက် ဘယ်ညာ ယိမ်းထိုးစေတာ မျိုးကလည်း ဘထ္ထရီအိုးရဲ. အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ လှုပ်ရှားစေမို. ကားဘထ္ထရီသက်တမ်းကို တိုစေပါတယ် ။
ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘထ္ထရီအိုးတည်ငြိမ်ဖို. ဘထ္ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ.တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ် ။
✴️3. ဘထ္ထရီအိုးအားကုန်အောင် ခဏခဏ သုံးမိတာ
တချို.ကားမောင်းတဲ့သူတွေရှိပါတယ် ၊ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ ၊
Silent မီးတွေဖွင့်ထားခဲ့မိတာ ကားသော့ကို Acc မှာထားမိတာ ၊
တချို.ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘထ္ထရီကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ် ။
အဲ့လို ဘထ္ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘထ္ထရီအိုးရဲ. သက်တမ်းကို တိုစေပါတယ် ။
✴️4. Starter Motor အကြီးတွေသုံးတာ
တချို. ကားဆရာတွေက ကားစက်နှိုးလို. လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ် ။
ကားစက်နှိုးရတာ ပိုမြန်တယ် ၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘထ္ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ် ။
ဘာကြောင့်ဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး ၊ မလိုဘဲ အပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘထ္ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ ။
✴️5. ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ
တချို.ကားမောင်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေရှိပါတယ် ၊
ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ.မီးကြီးတွေဖွင့် တဲ့ အကျင့်တွေရှိပါတယ် ၊
အဲ့ဒါမျိုးက တခါတရံဆို ပြဿနာမရှိပေမယ့် အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘထ္ထရီကို ဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ် ။
✴️6. ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ
ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ် ၊ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ ၊
အတွင်းပိုင်း Audio ပိုင်းတွေ ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို တိုစေတတ်ပါတယ် ။
✴️7. Alternator မကောင်းတာ
ဘထ္ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ. ဘထ္ထရီအားသွင်းစနစ် Under Charge အားသွင်းဗိုစ့်အားနည်းတာ ၊
Over Charge အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ် ။
✴️8. Short ကျပြီး Load ဆွဲတာ
ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ.သက်ဆိုင်တဲ့ ပစ္စည်းတခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ်ရပ်ထားချိန် Amp ( Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘထ္ထရီအားကုန်တာမျိုးတွေကလည်း ကားဘထ္ထရီကို သက်တမ်းတိုစေတတ်ပါတယ် ။
ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘထ္ထရီအိုးအသစ်လဲရုံနဲ.မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကို ရှာမှ ဘထ္ထရီပျက်စီးတာ ရပ်တန်.မယ်ဖြစ်ပါတယ် ။
ဒီအချက်တွေက
အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘထ္ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ ။
ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘထ္ထရီသက်တမ်း ၁နှစ် အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခမျာ ။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။
မူရင်းရေးသားသူ အားလေးစားစွာ creditပေးပါသည်
ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
28/06/2026
သတိထားစစ်ဆေးရမည့် CV Joint (သို့) မော်တော်ကားရဲ့ ဒူးဆစ်...
မော်တော်ကားတစ်စီးကို အောက်ပိုင်းစစ်ဆေးပေးတဲ့ အခါမှာ မေ့နေတတ်တဲ့ အရာတစ်ခုက CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကို စစ်ဆေးပေးဖို့ပါပဲ....
ဘာဖြစ်လို့ သတိထားစစ်ဆေးရမလဲဆိုတော့.....
👉CV Joint ဆိုတာဘာလဲ....? ဘာလုပ်ပေးတာလဲ... ?👈
ရှေ့ ယက်ကားတွေ (Front Wheel Drived car)နဲ့ ဖိုးဝီးကား (Four Wheel car) တွေမှာ မဖြစ်မနေသုံးရတဲ့ ပစ္စည်းပါ။ အချို့ သော နောက်ယက်ကားဖြစ်တဲ့ Crown၊ Mark II စတဲ့ (Rear Wheel Drived car) တွေမှာလဲ သုံးတတ်ပါတယ်။ CV ဆိုတာ Constant Velocity ရဲ့ အတိုကောက်လေးပါ။ ကားတစ်စီးရွေ့ လျားဖို့ဆိုရင် အင်ဂျင်လည်ရပါမယ်... နောက်ဂီယာတစ်ခုခုရှိရပါမယ်... အဲဒီဂီယာနဲ့ချိတ်ဆက်ပြီး ကားဘီးတွေကို လည်ပေးလိုက်မှ ကားက သွားလာလို့ရပါမယ်။ Transaxle လို့ခေါ်တဲ့ ဂီယာဘောက်ကနေ လည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေက လိုက်ပြီး လည်ပတ်ရပါတယ်။ ဘီးဟာ အတည့်ဖြစ်ဖြစ်၊ ကွေ့နေလို့ပဲဖြစ်ဖြစ်၊ ဘီးက ချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ ဘီးက ကမူပေါ်မှာ ရောက်နေလို့ပဲဖြစ်ဖြစ် Transaxle ရဲ့ လည်နှုန်းအတိုင်း လိုက်ပြီး လည်ပေးရပါမယ်။ (ဒါကြောင့် Constant Velocity လို့ခေါ်တာပါ။) ဒါတွေရဲ့ အလုပ်ကို CV axle လို့ခေါ်တဲ့ ဒူးဆစ်ရှပ်တန်းကြီးက လုပ်ဆောင်ပေးပါတယ်။ ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီး ဒူးဆစ်(၂)ခုရှိပါတယ်။ (ပုံမှာကြည့်ပါ) ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။ အဲဒီဘောလေးတွေက မြောင်းတွေထဲမှာ အထိုင်ကျနေပြီး လိုသလို အထက်အောက် ဘေးဘယ်ညာ ကစားလို့ရပါတယ်။ အဲဒီဘောလေးတွေက CV Joint ရဲ့ အရေးပါဆုံးပါပဲဗျာ...
👉CV Joint မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ... ?👈
ကားက ဂီယာထိုးပေမဲ့ မရွေ့ တော့ပါဘူး။ ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကို ကားထွက်သွားတာ၊ အတွင်းကို ဝင်သွားတာတွေဖြစ်နိုင်ပါတယ်။ အရှိန်နဲ့ သွားလာနေတဲ့အခါမှာ တကယ်ကို အန္တရာယ်များပါတယ်။
ဒီလိုတွေဖြစ်နေရင်တော့ CV Joint (ဒူးဆစ်)ကို စစ်ဆေးပြီး လဲလှယ်ဖို့ လိုအပ်ရင် လဲရပါမယ်....
🔅 ဒူးဆစ်သဲကာတွေ ပေါက်ပြဲနေရင် (သို့) ဒူးဆစ် အမဲဆီတွေ အပြင်ကိုထွက်နေရင် (ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိက အကြောင်းရင်းပါ)
🔅 စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင် တောက်တောက် ဆိုပြီး အသံထွက်နေရင်(ဒါက first step ပါ)
🔅 စီယာရင်ကို အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်... ဒီအဆင့်ဆိုရင်တော့ တအားကို အန္တရာယ်များသွားပါပြီ.. အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။
အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။ ဒီနေရာမှာ ဒူးဆစ် (CV Joint)အတွက် အမဲဆီက Extreme Pressure Moly ပါတဲ့ အမဲဆီကို သုံးစွဲရမှာဖြစ်ပါတယ်။ ဘောတွေမကောင်းတော့ဘူးဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကို လဲလှယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိထားစစ်ဆေးဖို့👀 ဆန္ဒပြုတိုက်တွန်းရင်း....
လေးစားစွာဖြင့်....ကား-Car အကြောင်းစုံ (ပြန်လည်မျှဝေခြင်းဖြစ်ပါသည်)
Credit original writer
Credit photo
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
27/06/2026
မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှ မော်တော်ယာဉ်အားကျော်တတ်မည်ဆိုပါကလိုက်နာရမည့် အချက် (3) ချက်
နံပါတ် (1) နောက်မှ လိုက်ပါနေသော မော်တော်ယာဉ်သည် မိမိအား ကျော်တတ်ရန် ပြင်ဆင်နေခြင်းရှိမရှိကို ဂရုပြုရမည်။
နံပါတ် (2) မိမိကျော်တတ်လိုသော မော်တော်ယာဉ်သည် ယင်း၏ရှေ့ရှိ မော်တော်ယာဉ်အားကျော်တတ်ရန် ပြင်ဆင်နေခြင်းရှိမရှိကို ဂရုပြုရမည်။
နံပါတ် (3) ကျော်တတ်ရာတွင် မိမိအသုံးပြုမည့် ယာဉ်ကြောသွားလာမှု ရှင်း မရှင်း ဂရုပြုရမည်။
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ်450 ခေမာသီလမ်းမကြီးပေါ် ညရပ်ကွက် မဥကလာ
Yangon