Mee Panyar

Mee Panyar

Share

05/06/2026

[English translation in the comment]

ကမ္ဘာကြီးကတော့ အချက်ပြနေပါပြီ။ ရာသီဥတုတွေဖောက်ပြန်လာတယ်။ အပူချိန်တွေ တရိပ်ရိပ်နဲ့ပိုတက်လာတယ်။ သစ်တောတွေပြုန်းတီးကုန်တယ်။ ဒါတွေကိုဖြေရှင်းဖို့ အချိန်တွေက သိပ်မကျန်တော့ပါဘူး။

ဒီ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေထဲက ဆိုလာစွမ်းအင်ကို အစားထိုးသုံးစွဲခြင်းဟာ လက်လှမ်းအမှီဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဆိုလာစွမ်းအင်စနစ်တစ်ခုဟာ ပတ်ဝန်းကျင်အပေါ်ကို အကျိုးသက်ရောက်မှုများစွာရှိပါတယ်။

-လောင်စာမလို၊ ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိ၊ ဆူညံသံမပါဘဲ လျှပ်စစ်ဓာတ်အားရရှိနိုင်တယ်။
-ဒီဇယ်မီးစက်တွေကို အစားထိုးနိုင်တယ်။
-လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီးခိုးတွေကို လျှော့ချနိုင်တယ်။
-အိမ်တွင်းလေညစ်ညမ်းမှုလျော့ပါးသွားစေတယ်။
-လျှပ်စစ်မီးမရတဲ့ ဝေလံခေါင်ဖျားဒေသတွေမှာ မီးအလင်းနဲ့ -လျှပ်စစ်ဓာတ်အားရရှိဖို့ ထင်း၊ မီးသွေးလိုအပ်မှုတွေကို နည်းပါးအောင်ကူညီပေးနိုင်တယ််။​ တစ်နည်းအားဖြင့် သစ်တောပြုန်းတီးမှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်တယ်။
-နှစ်ပေါင်းများစွာ နေအလင်းရောင်ရှိရုံနဲ့ ရေရှည်လျှပ်စစ်မီးလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တယ်။​

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမရရှိတဲ့ ဒေသအများစုဟာ ဒီဇယ် ဓာတ်ဆီသုံး မီးစက်တွေကို မှီခိုနေရဆဲပါပဲ။ ဆိုလာစွမ်းအင်ပြောင်းလဲမှုဟာ ရေရှည်မှာကုန်ကျစရိတ်များစွာသက်သာစေမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်မှာဖြစ်ပါတယ်​။​

၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မီးပညာဟာ ဆိုလာစွမ်းအင် ပညာရှင် အယောက် ၈၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး လူ ၇၅၀၀ ကျော်အတွက် ဆိုလာစွမ်းအင်အခြေခံတဲ့ လျှပ်စစ်မီးရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစနစ်တွေ ရေရှည်မပျက်မစီးဘဲ ဆက်လက်လည်ပတ်နိုင်ဖို့ ဒေသခံတွေကို လေ့ကျင့်ပေးခြင်းနဲ့ နည်းပညာစွမ်းရည်ခြင်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒီနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် အထိမ်းအမှတ်နေ့မှာ မီးပညာအနေနဲ့ ဆိုလာစွမ်းအင်ကို လက်လှမ်းမီရရှိနိုင်ဖို့ ရေရှည်ထိန်းသိမ်းပေးနိုင်တဲ့ ပညာရှင်တွေကို လေ့ကျင့်ပေးဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ထပ်မံဆန္ဒပြုလိုပါတယ်။​

03/06/2026

[English translation in the comment]

RE:Build project လေးကို မှတ်မိကြသေးရဲ့လား။

RE:Build project လေးဟာ ငလျင်ဘေးသင့်ဒေသတွေမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် solar energy sytems တွေကို တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီ project လေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပဲခူးတိုင်း တောင်ငူမြို့အခြေစိုက် Show Your Kindness (SYK) အတွက် solar energy စနစ်တစ်ခုအောင်အောင်မြင်မြင်နဲ့ တပ်ဆင်ပြီးဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးချင်ပါတယ်။

ဒီ solar စနစ်ဟာ Show Your Kindness အဖွဲ့အစည်းက ဦးစီးတည်ထောင်ထားတဲ့ Community learning center ကို အဓိက မီးပေးနိုင်မှာဖြစ်ပါတယ်။ လူငယ်တွေ အဓိက ဦးစီးတဲ့ သင်တန်းကျောင်းလေးဟာ ကလေး၊ လူငယ်၊ အမျိုးသမီးတွေအတွက် ဒစ်ဂျစ်တယ်တတ်မြောက်ရေး (digital literacy), ခေါင်းဆောင်မှုစွမ်းရည် (leadership skills), အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း (life skills) တွေအပြင် ငလျင်ဒဏ်ကြောင့် အသက်မွေးဝမ်းကြောင်း ထိခိုက်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက်ပါ အသေးစားစီးပွားရေးစီမံခန့်ခွဲမှုသင်တန်းတွေကိုပါ ပို့ချပေးနေပါတယ်။

လျှပ်စစ်မီးမှန်မှန်ရရှိတာဟာ Show Your kindness သင်တန်းကျောင်းအတွက် အကျိုးအများကြီးရှိပါတယ်။ အချိန်ဇယားအတိုင်း သင်တန်းတွေပို့ချနိုင်မယ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာစတဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း အပြည့်အဝ အသုံးချနိုင်မှာပါ။ မီးစက်မှာ ထည့်သွင်းရတဲ့ ဒီဇယ်ဆီစရိတ်ကိုလည်း ၃၀-၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်တာကြောင့် ပိုလျှံလာတဲ့ငွေကြေးတွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ ပိုပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်မီးပုံမှန်ရရှိတာကြောင့် SYK ရဲ့နေ့စဥ်လုပ်ငန်းချိန် ၂ နာရီခန့်၊ သင်တန်းချိန် ၄၀% နဲ့ သင်တန်းသား ဦးရေ ၂၀-၃၀% ခန့် တိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။

Solar energy စနစ်ကတော့ တစ်ခုတည်းပါ။ ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ဖြစ်ပါတယ်။

RE:Build project ရဲ့ နောက်ဆက်တွဲ project area တွေအကြောင်းကိုလည်း ဆက်လက်ဝေမျှသွားပါဦးမယ်။

13/04/2026

မင်္ဂလာသင်္ကြန်အခါသမယမှာ ဘေးဘယာကင်းကွာ ကျန်းမာရွှင်လန်းပါစေကြောင်း Mee Panyar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Mee Panyar wishes you a healthy and prosperous Thingyan holidays.

26/03/2026

[English translation in the comment]

ဒီနေ့အတွက် Meet Women in Solar Energy ကဏ္ဍမှာ Multicultural energy organization တစ်ခုရဲ့ Business Development Manager တစ်ဦးဖြစ်တဲ့ မဇင်မီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဇင်မီက ၂၀၁၇ ထဲက solar energy ကဏ္ဍထဲမှာ အလုပ်လုပ်နေပြီးတော့ ၉ နှစ်ကြာ experience ရှိသူတစ်ဦးဖြစ်ပါတယ်။

“အကျိုးအမြတ်တစ်ခုထဲအတွက်မဟုတ်ဘဲ ပတ်ဝန်းကျင်အတွက်ပါကောင်းတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အလုပ်လုပ်တာ ပိုအားတက်ရပါတယ်။”

အမ ဒီ လမ်းကြောင်းကို စဝင်လာတဲ့ လွန်ခဲ့တဲ့ ၉ နှစ်၊ ၂၀၁၇ တုန်းကဆို solar energy ဆိုတာ မြန်မာနိုင်ငံမှာ new technology လို့တောင် ပြောလို့ရတယ်။ အမကျောင်းပြီးခဲ့တဲ့ Materials Science major က မြန်မာနိုင်ငံမှာ career option အများကြီးမရှိတဲ့အတွက် ဒီလမ်းကြောင်းကို ဘာမှသိပ်မသိသေးပဲ စဝင်ခဲ့တာပေါ့နော်။

အမ စစချင်းတွေ့ခဲ့ရတဲ့ boss ကအများကြီးလက်တွဲခေါ်တယ်။ Support လဲကောင်းကောင်းရခဲ့တယ်။ အကျိုးအမြတ်တစ်ခုထဲအတွက် အလုပ်လုပ်ရတာမျိုးမဟုတ်ဘဲ ကိုယ်လုပ်တဲ့အလုပ်က ပတ်ဝန်းကျင်အတွက်လည်း အများကြီး အကျိုးပြုတာကို မြင်ရတော့ အလုပ်ကိုပိုပြီးစိတ်ဝင်စားလာရင်းကနေပဲ ဆက်လုပ်ဖြစ်ခဲ့တာပါ။

---

“အမျိုးသမီးတွေပေးတဲ့ feedback နဲ့ယှဥ်ရင် အမျိုးသားတွေပေးတဲ့ feedback က ပိုအလေးထားခံရတာမျိုးလည်းကြုံဖူးတယ်။”

အမကိုယ်တိုင်ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေကို ဝေမျှပေးရမယ်ဆိုရင် Customer တွေနဲ့ first meeting တွေကို တစ်ယောက်တည်းသွားတဲ့အခါ မေးတဲ့မေးခွန်းတွေကို ဖြေနိုင်ပါ့မလား၊ technical knowledge တကယ်ရှိပါ့မလား၊ convince လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိတယ်။

Design ပိုင်းနဲ့ပတ်သက်ပြီး အကြံဉာဏ် တွေပေးရင်လည်း မိန်းကလေးတယောက်မို့ သိပ်အလေးမထားတာလည်း ကြုံဖူးပါတယ်။

ဒါမျိုးက ဒီ sector မှာ လုပ်နေတဲ့ တခြား အမျိုးသမီးတွေလည်း ကြုံရမှာပါ။ အရင်တုန်းကဆို traditional ဖြစ်တဲ့ စက်ရုံပိုင်ရှင်တွေက မိန်းကလေးတွေကို ခေါင်မိုးပေါ်မတက်စေချင်ကြမျိုးတောင်ကြုံခဲ့ဖူးတယ်။ အဓိကတော့ မိန်းကလေးဖြစ်တဲ့အတွက် technical skills နဲ့ပတ်သက်ပြီး အမတို့ပြောတာကို သိပ်မယုံတာမျိုး၊ နောက်ပြီးတော့ အမျိုးသားတွေပေးတဲ့ feedback ကိုပိုပြီး အလေးထားတာမျိုးပေါ့နော်။

---

“ကိုယ်တကယ်ဖြစ်ချင်တာကိုပဲ ဦးတည်ထားပါ။”

ဒီအလုပ်ကို စလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် Social norms တွေကို သိပ်ဂရုမစိုက်ဖို့ပေါ့နော်။ ကိုယ်က installation ပိုင်း လုပ်ချင်တာလား၊ project engineer ဖြစ်ချင်တာလား၊ sales engineer လား၊ design and solution ပေးချင်တာလားဆိုတာ ကိုယ်တိုင်သတ်မှတ်ပြီး အဲ့ဒါကိုပဲ တစိုက်မတ်မတ်လုပ်ပါ။

လူတိုင်းရဲ့အတွေးအမြင်တွေကို လိုက်ပြောင်းပေးလို့မရတဲ့အတွက် ကိုယ့်လမ်းကြောင်းကိုပဲ အဓိက focus ထားပါလို့ပြောချင်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon