TNS Life Insurance
27/05/2024
အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျိုး
- အမ်းငွေထုတ်ယူခြင်း (Surrender Value)
- ချေးငွေယူခြင်း (Policy Loan)
- ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)
1️⃣ အမ်းငွေထုတ်ခြင်း (Surrender Value)
အာမခံပေါ်လစီကို ရပ်စဲပြီး သွင်းထားတဲ့ ပရီမီယံငွေကို သက်တမ်းပြည့်တဲ့ထိ မစောင့်ဘဲ ပြန်လည်ထုတ်ယူတာ ဖြစ်ပါတယ်။
အရေးပေါ် ငွေကြေးလိုအပ်မှသာ ရွေးချယ်သင့်ပါတယ်။ အမ်းငွေအနေနဲ့ ပြန်ထုတ်ရမှာက ပေးသွင်းပြီးသား ငွေပမာဏအတိုင်း အပြည့်ရမှာ မဟုတ်ပါ။ စာချုပ်သက်တမ်းမပြည့်မီ ထုတ်တာဖြစ်လို့ (တနည်း) ရှုံးပါလိမ့်မယ်။ သွင်းထားတဲ့ ပရီမီယံသက်တမ်း ရင့်ရင်တော့ အရှုံးသက်သာပါလိမ့်မယ်။ ပေါ်လစီရပ်သွားလို့ အာမခံအကာအကွယ်လည်း ပြီးဆုံးပါလိမ့်မယ်။
သက်တမ်းမပြည့်ခင် ပေါ်လစီ ဖျက်သိမ်းပြီး အမ်းငွေထုတ်ရင် ဘာကြောင့် အပြည့်မရရတာလဲဆိုတော့ ...
တစ်ဖက်ကကြည့်ရင် ..
ယခု အသက်အာမခံများဟာ ငွေကြေးစုဆောင်းခြင်းနဲ့ Protection အာမခံအကာအကွယ် ပေါင်းစပ်ထားတာဖြစ်လို့ ... လက်ခံတဲ့ အာမခံကုမ္ပဏီဘက်မှာလည်း Risk အနည်းနဲ့အများ ထမ်းပေးထားရပါတယ်။ (ဥပမာ- အာမခံထားသူက ပရီမီယံကြေး ၇၀,၀၀၀/- ပမာဏလောက်ကို ၃ လလောက်သွင်းပြီးချိန်မှာ မမျှော်လင့်ဘဲ ဆုံးပါး (သို့) မသန်စွမ်း ဖြစ်ခဲ့သည်ရှိသော် အာမခံကုမ္ပဏီဘက်က သိန်း ၃၀၀ လောက် အကျိုးခံစားခွင့် ပေးရဖို့ တာဝန်ယူပေးထားရပါတယ် ... ပရီမီယံကြေးများရင် များသလို သိန်း ထောင်ချီ တဲ့ အကျိုးခံစားခွင့်မျိုးတွေ ထုတ်ပေးခဲ့ရတာတွေ ရှိပါတယ်)။ ဒီလို လက်ခံထားတဲ့ Risk ကို အာမခံသက်တမ်းတလျှောက်လုံး ထမ်းပေးထားရပါတယ်။ ဒါ့အပြင် Management Cost, Agent Commission နဲ့ အခြား Overhead Cost များ ရှိပါတယ်။
ဆိုတော့ (သက်တမ်းမပြည့်ခင် ပြန်ထုတ်ခြင်း) က ပေးသွင်းလာတဲ့ နှစ်သက်တမ်းတိုသေးရင် များများနှုတ်ဖြတ်ပြီး၊ သွင်းလာတဲ့သက်တမ်း ရှည်လာရင် နည်းနည်းပဲ ဖြတ်ပါတယ်။ နိုင်ငံတကာ အသက်အာမခံစနစ်မှာလည်း ဒီလိုပဲ ကျင့်သုံးပါတယ်။ Product တစ်ခုနဲ့တစ်ခုတော့ အမ်းငွေပြန်ရတဲ့ ပမာဏချင်း မတူကြပါဘူး။
2️⃣ ချေးငွေယူခြင်း (Policy Loan)
ကိုယ်က
- အမ်းငွေထုတ်ယူသလိုမျိုး မရှုံးချင်ဘူး
- လတ်တလောမှာ အရေးပေါ် ငွေလိုနေတယ်
- ရေရှည်မှာတော့ အာမခံသက်တမ်းပြည့်တဲ့ထိ ပုံမှန် ဆက်သွင်းစုဆောင်းသွားဖို့ ဆန္ဒလည်း ရှိတယ်
- မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်လည်း ရှိနေစေချင်သေးတယ်... ဆိုရင်
အမ်းငွေမထုတ်ဘဲ ချေးငွေယူလို့ ရပါတယ်။ အမ်းငွေတန်ဖိုး (Surrender Value) ရဲ့ ၉၀% လောက်ထိ ချေးယူလို့ ရနိုင်ပါတယ်။ အတိုးနှုန်းက တစ်နှစ်အတိုးနှုန်း 8% p.a နဲ့ 15% p.a ကြားလောက် ရှိပါတယ်။ (အာမခံအမျိုးအစားပေါ် ပြောင်းလဲနိုင်)
သွင်းနေကျ ပရီမီယံကတော့ ပုံမှန်အတိုင်း ဆက်သွင်းသွားရုံပါပဲ။ ချေးယူထားတဲ့ငွေကတော့ အနည်းဆုံး ၆ လ ယူထားရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အဆင်ပြေတဲ့ချိန် တစ်လုံးတည်း ပြန်ဆပ်လို့ရသလို ခွဲဆပ်လို့လည်း ရပါတယ်။ (အာမခံအမျိုးအစားပေါ် မူတည်)
အကယ်၍ မဆပ်ဖြစ်ရင်လည်း အာမခံသက်တမ်းပြည့်တဲ့ချိန်ကျရင် ချေးယူထားတဲ့ပမာဏကို ခုနှိမ်ပြီး အာမခံထားငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။
3️⃣ ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)
အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံပေးသွင်းဖို့ အဆင်မပြေဘူး... ဒါပေမယ့် လတ်တလော ငွေတော့ မလိုအပ်သေးဘူးဆိုရင် စာရင်းပိတ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းကတော့ မရှုံးပါဘူး.. သွင်းထားပြီးတဲ့ ပရီမီယံသက်တမ်းရင့်ရင် အမြတ်လည်း ရှိနိုင်ပါတယ်။ စာရင်းပိတ်ထားတဲ့ငွေကိုတော့ ချက်ချင်းထုတ်လို့ရမှာ မဟုတ်ဘဲ အာမခံသက်တမ်းပြည့်တဲ့ချိန်မှသာ ထုတ်ရမှာ ဖြစ်ပါတယ်။
မှတ်ချက်။ ။
ဒီနည်းလမ်း ၃ မျိုးလုံးဟာ ပေါ်လစီ စတင်အသက်ဝင်ပြီး (Policy issued) နောက် (အနည်းဆုံး တစ်နှစ် သွင်းပြီးမှသာ ... အချို့ Product တွေဆို သုံးနှစ် သွင်းပြီးမှသာ) လုပ်လို့ရမှာ ဖြစ်ပါတယ်။
အသက်အာမခံအမျိုးအစားအလိုက် မတူညီတဲ့ အချက်အလက် အသေးစိတ် တချို့ကိုတော့ မိမိထားရှိထားတဲ့ အသက်အာမခံကုမ္ပဏီ (သို့မဟုတ်) အသက်အာမခံကိုယ်စားလှယ်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
ငွေကြေးစုဆောင်းခြင်း ပါဝင်တဲ့ ငွေပင်ငွေရင်းအသက်အာမခံတွေဟာ အာမခံသက်တမ်း ၅ နှစ်ကနေ နှစ် ၂၀ ကြားမှာ ရှိကြပါတယ်။ အသက်အာမခံ ထားတယ်ဆိုတာ ကိုယ့်ရဲ့ ပုံမှန်ဝင်ငွေတစ်ခုပေါ် အခြေခံပြီး တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို ခွဲဝေပြီး မိသားစုနောင်ရေးအတွက် ငွေကြေးအကာအကွယ်မျိုးနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးပါ။
ဒါကြောင့် ခုလို ကိစ္စရပ်မျိုးတွေ အတက်နိုင်ဆုံး မဖြစ်ရလေအောင် အသက်အာမခံ မထားခင်မှာတည်းက အာမခံသက်တမ်း၊ လစဥ်/နှစ်စဥ် သွင်းရမယ့် ပရီမီယံကို ကိုယ့်အတွက် ရေရှည်အဆင်ပြေတာမျိုးရွေးချယ်ဖို့ ... ထားမယ့်သူတွေကို အကြံပြုရတာပါ။
တချို့တွေက Inflation ငွေတန်ဖိုးကျတာတွေ၊ ရှုံးတာ မြတ်တာတွေ ဦးစားပေး ထည့်ပြောကြပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်တဲ့ စီးပွားလုပ် Investment လုပ်ပါ။ အဲ့တာတွေက တိုးပွားဖို့အရေးပါ။ အသက်အာမခံကတော့ ကာကွယ်ဖို့အရေး လုပ်တာပါ။ အာမခံဆိုတာ Financial Planning, Financial Protection လုပ်ဆောင်ချက်တစ်ခုပါ။ အာမခံအတွက် သုံးရမယ့် လစဉ် (သို့) နှစ်စဉ် ပရီမီယံငွေကို အာမခံ မဝယ်ဘဲ ကိုယ့်ဘာသာ ရည်မှန်းထားတဲ့ ဒီ ငွေကြေး Amount တစ်ခုအတိုင်း ပြည့်မြောက်အောင် စုဖြစ်ပါ့မလား။ မဟုတ်ရင်လည်း ကိုယ် စားလိုက် သုံးလိုက်တဲ့ထဲ ပါသွား ပျောက်သွားမယ့် ငွေကြေးပမာဏတစ်ခုကို အသုံးပြုလိုက်တဲ့ နေရာ (အာမခံ) ဘက်ကို ပြောင်းသုံးလိုက်ခြင်းအားဖြင့် ... စိတ်အေးလုံခြုံစေမှုတစ်ခုကို ရရှိစေနိုင်ပါတယ်။
အသက်အာမခံထားခြင်းဟာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအနာဂတ်အတွက် လုံခြုံစိတ်အေးရစေတဲ့ အစီအစဥ်၊ ငွေကြေးအကာအကွယ် ပေးထားခြင်း ဖြစ်တာမို့ ခဏတာ အခက်အခဲအချို့ကို ကျော်လွှားပြီး သက်တမ်းပြည့်တဲ့ထိ ရှိစေချင်ပါတယ်။ ဒီကြားထဲကမှ မဖြစ်မနေ အခြေအနေမျိုး ကြုံလာခဲ့သော် ခုပြောပြတဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေရာ ဆုံးဖြတ်ရွေးချယ်လို့ ရပါတယ်။
အာမခံအကျိုးခံစားခွင့်ငွေတွေ ရှိလို့ စိတ်သက်သာရာ ရခဲ့ကြတဲ့ မိသားစုပေါင်းလည်း မနည်းပါဘူး။ မမျှော်လင့်ထားတဲ့ အရေးပေါ်အဖြစ်အပျက်မျိုးတွေ ကြုံလာတဲ့ အခါမျိုးမှာ မိသားစု ရှေ့ရေး ကောင်းကောင်းခရီးဆက်နိုင်ဖို့ ငွေကြေးအတွက်နဲ့ အပူအပင်မရှိစေဘဲ စိတ်အေးချမ်းသာရစေပါတယ်။
Planning ဆိုတဲ့ ကြိုတင်စီမံမှုဟာ စီးပွားရေးမှာဆိုလည်း အရေးကြီးပြီး ... ဘဝအရေး (သားရေး သမီးရေး မိသားစုအရေး) ဆိုရင်တော့ Financial Planning နဲ့ Financial Protection ကို ပိုပြီး ဂရုတစိုက် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။
အာမခံမထားခင်မှာဖြစ်ဖြစ်၊ ထားပြီး ခုလိုကိစ္စတွေမှာဖြစ်ဖြစ်၊ လျော်ကြေးတောင်းခံခြင်းတွေမှာဖြစ်ဖြစ် အသက်အာမခံကိုယ်စားလှယ် (Insurance Agent) တွေနဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ အာမခံအကြံပေးကိုယ်စားလှယ်အနေနဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လို့ ရပါတယ်။
26/02/2024
အာမခံတစ်စောင်ထားရှိဖို့ အချိန်ဘယ်လောက်ကြာသလဲ ???
👉အခုခေတ်မှာ အာမခံကုမ္ပဏီတွေဟာ
digital platform စနစ်နဲ့ ကျင့်သုံးကြပါတယ်။
အားလုံးကို online ကနေပဲ
အပြီးအစီးဆောင်ရွက်လို့ရပါတယ်။
👉အာမခံ ထားဖို့ အရင်လို အိမ်ထောင်စုဇယားတွေ အလုပ်အကိုင်အထောက်အထားတွေ ဘဏ်ငွေသွင်းချလံတွေနဲ့ စာရွက်စာတမ်းတွေကို ဖိုင်တွဲကြီးနဲ့သယ်ပြီး အာမခံရုံးကိုသွားစရာ မလိုတော့ပါဘူး။
👌 မိမိအိမ်ကနေပဲ လွယ်လင့်တကူ အကာအကွယ်ယူဖို့ policy တင်လို့ရနေတဲ့အခြေအနေဖြစ်နေပါပြီ။
ပထမဆုံး သိရှိနားလည်အောင် လေ့လာစဥ္းစားရာတွင်
🍀မိမိနဲ့ကိုက်ညီမှုရှိတဲ့အာမခံအမျိုးအစား
🍀မိမိဘက်ဂျက်နဲ့နိုင်တဲ့ငွေပမာဏနဲ့
🍀အကာအကွယ်ယူမယ့် အာမခံရဲ့ခံစားခွင့်တွေကိုနားလည်ဖို့ဆွေးနွေးတဲ့အဆင့်မှာပဲ အချိန်အနည်းငယ် ကြာတတ်ပါတယ်။
👍အဲဒီအဆင့်တွေကျော်ဖြတ်ပြီးသွားရင်
အာမခံအတွက်လိုအပ်တဲ့အထောက်အထားတွေကို
messenger ကနေဖြစ်စေ၊ Viber ကနေဖြစ်စေ၊
telegram (or) Email ကနေပဲဖြစ်စေ အာမခံအကြံပေးကို ပေးပို့ရပါမည်။
👌မိမိ သွင်းရမယ့် အာမခံနှစ်စဥ္ကြေးကျသင့်ငွေကိုလည်း pay တခုခု သို့မဟုတ် online banking တို့နဲ့လည်း အာမခံ ထားသူကိုယ်တိုင် ပေးသွင်းလို့ရပါတယ်။
✅ဒါဆိုရင် အာမခံအတည်ပြုပေးတဲ့အဆင့်ကို
ရောက် ရှိမှာဖြစ်ပါတယ်။
🚛အဲဒီနောက်မှာတော့ ဘယ်မြို့မှာနေနေ
အိမ်တိုင်ရာရောက် အာမခံထားရှိသူထံသို့ စာချုပ်လာပို့မှာဖြစ်ပါတယ်။
#ဆေးစစ်ရတဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုရင်
အထောက်အထားအပြည့်အစုံပြနိုင်ရင်
အာမခံတစ်စောင်ရဖို့ လွယ်ကူမြန်ဆန်ပါတယ်။
ဒီနည်းလမ်း digital system ကို နိုင်ငံတကာမှာလည်း ဒီအတိုင်းကျင့်သုံးနေကြတာဖြစ်ပါတယ်။
✅ဒါ့ကြောင့် ဆွေးနွေးပါ မေးမြန်းပါ
✅အချိန်တစ်နာရီလောက်ပေးပါ
✅မိသားစုလုံခြုံဖို့ အာမခံမဖြစ်မနေထားရှိပါ
👉စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ။👌
💯သင်နဲ့ သင့်မိသားစုဘဝနောင်ရေးစိတ်အေးရအောင် Manulife Myanmar မှာ အာမခံ အကာအကွယ်ယူကြပါစို့ 🤝
Thin Nwe Soe
09899304472
[email protected]
13/02/2024
မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။
နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊
ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့
ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့်လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ(၅)ခု ရှိပါ
တယ်။
🔖 Government-owned (1)
☑ မြန်မာ့အာမခံ
🔖 Local Companies
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI Life
☑ EFI Life
☑ FNI Life
☑ GLI
☑ KBZ Life
☑ Young
🔖 Joint Venture (JV) Companies (3)
☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life
🔖 Foreign Companies (5)
☑ Manulife
☑ AIA
☑ Chubb
☑ Dai-ichi
☑ Prudential
အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။
အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။
ကုမ္ပဏီတွေအားလုံးရဲ့ သတင်းအချက်အလက်တွေ ဝန်ဆောင်မှုတွေ သိရဖို့ အာမခံထားလိုသူကိုယ်တိုင် စုံစမ်းမေးမြန်းမယ်ဆို အချိန်ကာလတစ်ခု ပေးရပါလိမ့်မယ်။
အာမခံနဲ့ မပတ်သက်ဖူးတဲ့ သူတွေအနေနဲ့ဆိုရင် အာမခံကုမ္ပဏီများအကြောင်းနဲ့ အာမခံဝန်ဆောင်မှုတွေအကြောင်းကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ဖို့ဆိုတာ ပိုပြီး ခက်ခဲလှပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ အာမခံဝန်ဆောင်မှုတွေဟာ အသေးစိတ်ကျပြီး အချက်အလက်တစ်ခုမှားတာနဲ့ နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုတွေများစွာကို ကြုံတွေ့ရနိုင်ပါတယ်။
အသက်အာမခံပေါ်လစီတစ်စောင် မဝယ်ယူခင်မှာ
သိသင့်သိထိုက်တာတွေကို သေချာသိရှိထားဖို့ လိုပါတယ်။
ဒီလိုပြဿနာတွေကို အဓိကဆွေးနွေးပေးပြီး
လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်တာကတော့
Insurance Advisor အာမခံအကြံပေးကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။
FRD ငွေရေးကြေးရေး ကြီးကြပ်စီစစ်ရေးဌာန၊IBRB အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ရဲ့တရားဝင် လိုင်စင်ရ အာမခံကိုယ်စားလှယ်တွေက အခမဲ့ မေတ္တာဖြင့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးပါလိမ့်မယ်။
အာမခံကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ အာမခံကိုယ်စားလှယ်တွေဟာ
အာမခံဝန်ဆောင်မှုတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ၊ လျော်ကြေးပေးချေမှုတွေ၊
သက်တမ်းတိုးကိစ္စရပ်တွေ၊ Endorsement တွေကို ကောင်းမွန်စွာသိရှိနားလည်ကြပြီး အာမခံထားလိုသူတွေကိုလည်း ဘယ်လိုအာမခံအမျိုးအစားတွေက မိမိအတွက် သင့်တော်ကောင်းမွန်ပြီး ဘယ်အာမခံကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေက တိကျမြန်ဆန်လဲ၊ ဘယ်အာမခံကုမ္ပဏီက မိမိအတွက် အဆင်ပြေမလဲ ဆိုတာကို အချိန်ကာလတစ်ခုအတွင်း နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ပါတယ်။
ဒါ့အပြင် အာမခံကိုယ်စားလှယ်များ မှတစ်ဆင့်အာမခံဝန်ဆောင်မှုလုပ်ငန်းတွေကို ရယူမယ်ဆိုရင် အပိုကြေး လုံးဝထပ်ပေးစရာမလို ၊ အချိန်ကုန် အလုပ်ပျက်ခြင်းမရှိသည့်အပြင် မိမိနဲ့အဆင်ပြေမယ့် အာမခံကုမ္ပဏီကိုလည်း ရွေးချယ်လို့ ရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းဟာ အာမခံဝန်ဆောင်မှုကို ရယူတော့မယ်ဆိုရင် အာမခံကိုယ်စားလှယ်တစ်ယောက်တော့ ရှိသင့်ပြီး
ထိုကိုယ်စားလှယ်ဆီကနေ အကြံဉာဏ်ယူပြီး ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါတယ်။
ဒါကြောင့် မိတ်ဆွေရဲ့ အာမခံကိစ္စအဝဝအတွက် ဆွေးနွေးမေးမြန်းခြင်း၊ အာမခံထားရှိခြင်း တို့အတွက် ...
အာမခံကိုယ်စားလှယ် တစ်ဦးဦးနှင့် ဦးစွာ ဆက်သွယ်ပြီး အကြံဉာဏ်ယူ ဆောင်ရွက်ပါလို့ တိုက်တွန်းမျှဝေလိုက်ပါတယ်။
Credit -to original
Thin Nwe Soe
09899304472
07/01/2024
လက်ရှိ Insurance market မှာ
👉 အာမခံအကာအကွယ် အမြင့်မားဆုံးပေးတဲ့ Product ဖြစ်ပြီး ၊ 👌နှစ်ပြည့်စုဆောင်းငွေပြန်လည် ရရှိတဲ့ Manulife ရဲ့ own product ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon