Fav List
ကိုယ်တိုင်က ဆူးလို ဖြစ်မနေဖို့လိုတယ်။
ကိုယ်တိုးကပ်လိုက်မိတဲ့ အခါ
တစ်ဖက်လူ နာကျင်ရတာဖြစ်ဖြစ်
ကိုယ့်ဆီ တိုးကပ်လာတဲ့အခါ
အဲ့လူဒဏ်ရာရသွားတာ ဖြစ်ဖြစ်ပေါ့။
ထွက်သွား ပေးနိုင်ရမယ်။
ဒါမှ မဟုတ်ရင် ထွက်သွားခွင့်ပေးနိုင်ရမယ်။
ဘယ်သူ့ကိုမှ ကိုယ်ဟာနာကျင်စေတဲ့လူ
မဖြစ်စေလိုဘူး။
- Lionel Sn
နေနိုင်တယ်တော့
ဘယ်ဟုတ်မလဲ
ဒီလိုပဲ ငါလဲခံစားနေရတာပေါ့
အချစ်မှာ "နှိုင်းယှဉ်တယ်" ဆိုတာမရှိပါဘူး
တချို့ပြောကြတယ်မလား
"ဘယ်သူနဲ့ပဲ ယှဉ်ယှဉ် မင်းကိုပဲ ရွေးချယ်မှာ" ဆိုတဲ့စကားလေ
တကယ်ချစ်တဲ့သူက မင်းကို ဘယ်တစ်စုံတစ်ဦးနဲ့ မနှိုင်းယှဉ်ပါဘူး
ဘာလို့လဲဆိုရင် မင်းက သူ့အတွက် အရာရာပဲ။
မင်းကသာ သူ့အတွက်
အကောင်းဆုံး လူတစ်ယောက်ဖြစ်နေလို့
မင်းကသာ သူ့အတွက်
နှိုင်းယှဉ်စရာမလိုအောင် ပြည့်စုံနေလို့
မင်းကသာ သူ့အတွက်
စိတ်လုံခြုံမှုအပေးနိုင်ဆုံး လူတစ်ယောက်ဖြစ်နေလို့
အချစ်က သိပ်ကိုရိုးရှင်းပါတယ်
စကားလုံးလှလှလေးတွေ သုံးပြတိုင်း အချစ်မဟုတ်သလို၊ Surprise လက်ဆောင်ကောင်းတွေ ပေးတိုင်းလည်း အချစ်မဟုတ်ပါဘူး
တကယ်အချစ်စစ်က မင်းတစ်ယောက်တည်းကသာ သူ့အတွက် အကောင်းဆုံးလူတစ်ယော
က်ဖြစ်တယ်ဆိုတဲ့အတွေးက သူ့နှလုံးသားတိုင်းမှာ အမြဲရှိနေခြင်းပါပဲ
16/09/2023
#ဂျူး
#အမှတ်တရ
မိုးတွေရွာတိုင်း ကျွန်တော်တို့ဟာ
အဲ့မိုးကို အကြောင်းပြုပြီး
တစ်စုံတစ်ယောက်ကို
ပိုလွမ်းတတ်ကြပါတယ်။
- မိုးတွေရွာတိုင်း // Division -
ချစ်သူဘဝတုန်းက ပျော်ရွှင်ဖွယ်
ညနေခင်းများက ပျိုနဲ့အတူ လွင့်ပါ
ပျောက်ကွယ်သွားလိမ့်မယ်လို့
မောင်ဘလိုလုပ်ပီး ထင်ခဲ့မှာလဲ ...
မိုးတွေ အေးနေတဲ့
အချိန်မာ မင်းပေးတဲ့
အနွေးထည်လေး ဝတ်နေရတာလောက်
နွေးတာမရှိဘူး ပျိုရယ်....
Click here to claim your Sponsored Listing.
Category
Website
Address
Yangon