Mr. Hein Pyi

Mr. Hein Pyi

Share

Photos from Mr. Hein Pyi's post 05/10/2016

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်က ပူတာအိုမြို့လေး အကြောင်း...

ပူတာအိုမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ဖျားတွင် တည်ရှိသော မြို့လေးတစ်မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၁၄၂၉ တွင် တည်ရှိပြီး မြစ်ကြီးနားမြို့နှင့် မိုင် ၂၁၈ မိုင် နှင့် ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၁၁၂၇ မိုင်ဝေးကွာသည်။ ပူတာအိုမြို့သည် ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုခရိုင် ရုံးစိုက်ရာ မြိုလည်းဖြစ်သည်။ လမ်းပန်ဆက်သွယ်သွားလာရေးမှာ အလွန်ခက်ခဲပြီး မြစ်ကြီးနား-ပူတာအိုကားလမ်းမှာ နွေရာသီအတွင်းသား 4-wheels ကားများဖြင့်သွားလာနိုင်ပြီး ကျန်ရာသီများမှာ လေယာဉ်ဖြင့်သာ အဓိက အားကိုးနေရသော မြို့လေးတစ်မြို့ဖြစ်သည်။ ပူတာအိုမြို့စတင်ဖြစ်ပေါ်လာသည်မှာ ပူတာအိုမြို့၏ မြောက်ဘက်အနီးရှိ ပူတောင်းကျေးရွာ ကလေးမှ စတင်ခဲ့သည်။ “ပူတောင်း” ဟူသော အဓိပါယ်မှာ ရှမ်းဘာသာစကားအရ “ပူ-အဘိုး” ၊ “တောင်း-မျှော်သည်၊စောင့်သည်” “ “အဘိုးမျှော်သည်နေရာ” အဘိုးမျှော်သည်မြို့ ဟု အဓိပါယ်ရသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့ ပူတောင်းကျေးရွာကို သိမ်းပိုက်ပြီး ၁၉၁၄ ခုနှစ်တွင် ပူတောင်းကျေးရွာအနီးစခန်းချ နေထိုင်ခဲ့ကျသည်။ ၁၉၁၆ ခုနှစ်တွင့် မြေပုံအညွှန်း (အင်တီ-၀၁၈၅)သို့ ပြောင်းရွေ့ခဲ့ပြီး ပူတာအိုဒေသကို ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ခရိုင်ဝန်မှာ “မစ္စတာဟတ်ဇ်” ဖြစ်သည်။ ခရိုင်ဝန် မစ္စတာဟတ်ဇ် နေခဲ့သောခံတပ်ကို အစွဲပြု၍ “ဖိုဒ်ဟတ်ဇ်ခံတပ်မြို့“ ဟုလည်း ခေါ်တွင်ခဲ့ကြသည်။ ပူတောင်း အမည်ကို အင်္ဂလိပ်ဘာသာဖြင့် “Putao” ဟု ရေးရာမှာ မြန်မာအသံထွက် “ပူတာအို” ဖြစ်သွားသည်ဟု ဆိုပါသည်။ ထိုအချိန်မှစ၍ ပူတောင်းမြို့ကို ပူတာအိုမြို့ဟူ၍ ဖြစ်လာသည်။ မစ္စတာဖို့ဟတ်ဇ်သည် ၁၉၁၈ ခုနှစ်တွင် တိုင်းရင်းသားတို့၏ လုပ်အားကို အဓမ္မရယူ၍ ခံတပ် တစ်ခုကို တည်ဆောက်ခဲ့သည်။ ထိုခံတပ်ကို ဖို့ဟတ်ဇ်ခံတပ် ဟူ၍ ခေါ်တွင်ခဲ့သည်။အဆောက်အဦးမှာ အင်္ဂလိပ် အက္ခရာ (L) ပုံသဏ္ဍန်ဖြစ်သည်။ ခံတပ်သည် အလျားပေ ၁၀၀ ခန့် ရှည်၍ ပူတောင်းကျေးရွာဘက်ကို မျက်နှာမူထားပြီး တည်ဆောက်ထားသည်။ ယခုအခါ လက်ရှိထိုနေရာကို ပူတာအိုခရိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများအဖြစ် ဖွင့်လှစ်ထားရှိသည်။ ပူတာအိုမြို့နယ်တွယ် ရ၀မ်တိုင်းရင်းသားများ၊ လီဆူးတိုင်းရင်းသားများ၊ ခန္တီးရှမ်းတိုင်းရင်းသားများ၊ ဂျိမ်းဖော့တိုင်းရင်းသားများ အများစုနေထိုင်ကြသည်။ ပူတာအိုမြို့နေရာတစ်ဝိုက်သည် ရေခဲတောင်တန်းတောင်စွယ်များ၊ စိမ်းလန်းသော သစ်တောကြီးများ၊ ချောင်း၊ရေအိုင်များ စသည့် သဘာစအလှအပတို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ ဖြစ်လေရာ ကမ္ဘာကျော် ရုက္ခဗေဒပါရဂူ မက်ကင်းဒမ်းဝါဒ်က “မြန်မာပြည်က ဆွစ်ဇာလန်ကလေး” ဟု တင်စားခဲ့ရသော ပူတာအိုမြို့မှာ အဖိုးမျှော်သော ပူတောင်းမြို့ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲတောင်များပေါများရာ နယ်မြေဒေသ တစ်ခုဖြစ်သလို့ အရှေ့တောင်အာရှတွင် အမြင့်ဆုံး ပေ ၁၉၃၁၅ မြင့်သော ခါကာဘိုရာဇီရေခဲတောင်ကြီးသည် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် တည်ရှိသည်။ ပူတာအိုမြို့တွင် ရာသီကောင်းမွန်၍ ကောင်ကင် တိမ် မြူများ ကင်စင်နေလျှင် ပူတာအိုမြို့ပေါ်မှာ သင် ၏ မျက်စိတခွင်တွင် ငွေရောင်တောက်ပနေသော ရေခဲတောင်များ ပူတာအိုမြို့ကို ပတ်လည်ဝန်းရံထားသည်ကို အဲ့သြရှုမောဖွယ် မြင်တွေ့နိုင်သည်။ ဖုန်ကန်ရာဇီ၊ ဖုန်ညှင်းရာဇီ၊ ဖန်ဂရမ်ရာဇီ၊ မဒွယ်ရာဇီ၊ လန်ခရွန်မာဒီ စသည့်စသည့် ရေခဲတောင်ပေါင်း မြောက်မြားစွာတည်ရှိနေသည်။ ဖုန်ကန်ရာဇီရေခဲတောင်သည် ပူတာအိုမြို့နှင့် ၅၃ မိုင်သာ ဝေးပြီး အထက်ရှန်ခေါင်ထိသာ ကားလမ်းပေါက်ပြီး ကျန်ခရီးကို ခြေလျင်ခရီးဖြစ်သာ သွားလာနိုင်သည်။ ပူတာအိုမြို့နယ်တွင် နေထိုင်ကျသော လီဆူး၊ ရ၀မ်၊ ဂျိန်းဖော့နှင့် ကျန်တိုင်းရင်းသားအများစုမှာ ခရစ်ယာန်ဘာသာဝင်များအများစုဖြစ်ပြီး၊ ဗုဒ္ဓဘာဘာသာကို ခန္တီးရှမ်းတိုင်းရင်းသားအများစုကကိုးကွယ်ကြပြီး နတ်ကိုးကွယ်မှုများလည်းကျန်ရှိနေသေးသည်။ ပူတာအိုမြို့နှင့် အနီးတ၀ိုက် အထင်ကရသွားရောက်လည်ပတ်ရန်နေရာများမှာ ပူတာအိုမြို့မဈေး၊ အာဆီယံယဉ်ကျေးမှုအမွေအနှစ်ပြခန်း၊ပန်းလှိုင်ရွာက မဟာမုနိကြေးသွင်းဘုရား၊ ရ၀မ်အမျိုးသားယဉ်ကျေးမှုပြခန်း၊ ရ၀မ်မနောကွင်း၊ မူလာရှီးဒီလီဆူးကျေးရွာ၊ မူလာရှီးဒီကြိုးတံတား၊ မူလာချောင်း၊ ကောင်းမှုလုံကြိုးတံတား၊ကောင်းမှုလုံဘုရား၊နမ်းခမ်းကျေးရွာ၊မချမ်းဘောမြို့ ဂူဘားရိပ်သာ၊ကျောက်နဂါး၊ မလိခမြစ်ပေါ်မှာတည်ရှိသည့် နတ်ကျွန်း နှင့် ပူတာအိုအနီးတ၀ိုက်ရှိ တိုင်းရင်းသားသွေးချင်းတို့၏ ကျေးရွာများ စသည့်နေရာများကို လည်ပတ်နိုင်သည်။ ခရီးစဉ်များအနေဖြင့် စက်ဘီးစီးခြင်း၊ ကျေးရွာများသို့ သွားရောက်လည်ပတ် လမ်းလျှောက်ခြင်း၊ ဇီယာဒမ်းနောက်ဆုံးရွာသို့ တောလမ်းခရီးလမ်းလျှောက်ခြင်း၊ ရေခဲတောင်တက်ခြင်း၊ မူလာချောင်းနှင့်မလိခမြစ်တွင် စွန့်စားလေထိုးဖောင်(Rafting) ခရီး စသည့် မိမိဝါသနာပါရာ ခရီးစဉ်မျိုးစုံကို ပြုလုပ်လည်ပတ်နိင်သည်။ ပူတာအိုမြို့ကို လေယာဉ်ဖြင့် ရန်ကုန်မှသော်လည်းကောင်း၊ မန္တလေးမှသော်လည်းကောင်း၊ မြစ်ကြီးနားမှသော်လည်းကောင်းသွားရောက်လည်ပတ်နိုင်သည်။ လေကြောင်းလိုင်းများမှာ Golden Myanmar Airways၊ Myanmar National Airlines နှင့် Yangon Airways လေးကြောင်းလိုင်း တို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

တတ်သိသလောက် ရေးထားသဖြင့်..အမှားများပါလျှင် ပြင်ပေးခဲ့ကြပါခင်ဗျာ....

စာရေးသူ - ဟိန်းပြည့်
မှီငြမ်းကိုးကား - မြန်မာပြည်မြောက်ဖျားက ရ၀မ်သွေးချင်းများ (မြတ်ဝေတိုး)
- အင်တာနက်
- ခရီးသွားကိုယ်တွေ့အတွေအကြုံ

Kayin State 29/07/2016

at Mt. Zwekabin, Hpa An, Kayin State, Myanmar.

Kayin State 28/07/2016

Sunrise at Kanthayar Lake, Hpa-An, Kayin State, Myanmar.

Bagan 21/07/2016

cocktail လေး သောက် ပြီး... .ကမ္ဘာမှာ ကျော်ကြားလှတဲ့ ပုဂံ နေ၀င်ချိန်ကို ခံစားကြည့်ရှုရတာ........

အရမ်းကျေနပ်စရာ ကောင်းပါတယ်..ဗာ်...ငိငိ

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon