The Library by Hazel
03/04/2026
အဓိပ္ပါယ်ရှိသောဘဝ🍁
#ကြိုက်နှစ်သက်လျှင်မှာယူနိုင်ပါတယ်
#စာပြန်ချိန်မနက်10မှည10
02/04/2026
💜💜
24/01/2026
"အေး.. မင်းလိမ္မာသလောက်
မင်းအမေ မို,က်လုံးကြီးနေတော့တာပဲ၊
အဲဒါ ဘာဖြစ်လို့လဲ သိသလား၊
မင်းအမေဟာ စာမတတ်ဘူးကွ၊
ဒါကြောင့် ဒီလောက်ဆိုးနေတာ "
"မေမေဟာ စာမတတ်လို့ဆိုးတာ မို,က်တာဆိုတော့ ဒေါသကြီးတာလည်း စာမတတ်လို့ပေါ့နော် "
"အေးပေါ့ကွ "
"ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော စာမတတ်လို့ပဲလားဟင် "
-------
သာဓု ၊ အတာ
ရင်ထဲ နင့်နေအောင် ခံစားရပါတယ် ။
ကလေးလေး တစ်ယောက်ဟာ ဒီလောက်တောင် သဘောထားကောင်းပြီး သည်းခံနိုင်အောင် ဘယ်လိုများတွေးနေသလဲပေါ့ ။
" အတာ " ဆိုတဲ့ ကလေးလေးအပေါ် သူ့အမေအရင်းဟာ နှိ,ပ်စက်ခဲ့တယ်။
ပထမ အိမ်ထောင်မှာ သူတို့မိသားစု စားဝတ်နေရေးကြပ်တည်းတဲ့အပြင် မောင်နှမနှစ်ယောက်မှာ အကြီး ဖြစ်တဲ့ အတာ ဟာ ချူခြာလို့ သူ့ကြောင့်ပဲ
ပိုက်ဆံအများကြီး ကုန်နေရပါတယ်။
အဲဒီတော အတာပထမဆုံး အသိထဲ ဝင်လာတဲ့ သူ့အမေရဲ့စကားသံဟာ
"ေသနာလေး ေသကိုမေသနိုင်ဘူး "တဲ့ ...
နောက်အိမ်ထောင်ကျတော့ အတာကပဲ အဖွားနဲ့ မနေဘဲ သူ့အမေနဲ့ ရန်ကုန် လိုက်သွားတယ်။
ဘယ်လိုနှိ,ပ်စစက်သလဲဆိုရင် သူ့ယောင်္ကျား နဲ့ ညနေစာ အပြင်ထွက်စားတိုင်း
သူ့ကို တစ်မူး ဒါမှမဟုတ် နှစ်ပြားကို ပစ်ချပေးခဲ့ပြီး ည ဆယ်နာရီလောက်မှ ပြန်လာတယ် ။
အဲဒီကာလမှာ နှစ်ပြားနဲ့ ဆန်ပြုတ်ရေကြဲ သွားသောက်ပြီး အိပ်ရတဲ့ ကလေးလေးဟာ အတာပေါ့ ။
ဒါကိုတောင် သူ စိတ်မဆိုးရှာဘူး ။
ကျောင်းတက်ချင်လွန်းလို့ အဲဒီ နှစ်ပြားကို စုထားပြီး ရေသောက်အိပ်တဲ့ ကလေးလေး ။
သူတို့ အိမ်ငှားပြီး ထပ်ခိုးမှာနေရတာ ... တစ်ခြား မိသားစုက အစ်မ တွေကလည်း သူ့ကိုဆို သနားပြီး ဝိုင်းချစ်ကြတယ် ။ သူ့အမေအရင်းကို မိထွေးလို့ ခေါ်ကြတယ်။
သူ့ ဖထွေးက ရုံးစာရေး ... ရသမျှ ဝင်ငွေ မိန်းမဆီအပ်တယ်။ အတာကို ကျောင်းထားပေးဖို့ ပြင်ဆင်ပေးနေတာ သူ့အမေ မဟုတ်ခဲ့ဘူး သူ့ ဖထွေးတဲ့လေ။
အတာလေးဟာ ကျောင်းတက်ဖို့ ပုဆိုးနဲ့ အင်္ကျီဝယ်ပေးမယ်လို့ ဖထွေးက ပြောထားတာမို့ ရုံးကအပြန်ကို စောင့်နေပေမဲ့ ဈေးသွားရောင်းနေတဲ့ အမေက နေ့လည်ကို ပြန်လာပြီး ဖထွေးရုံးက ပြန်လာရင် ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး တစ်လုံးမှ မဟရဘူး ဟ လို့ကတော့ ငါ့အကြောင်းသိမယ် ဆိုတာနဲ့တင် မျက်နှာငယ်ကလေးနဲ့ သူ့အမေ မြင်းပွဲလော-င်းလိုက်ပြီမှန်း နားလည်တတ်နေခဲ့တယ်။
အတာ ကျောင်းအပ်ဖို့ ပိုက်ဆံကို ဖထွေးက စုထားပေးပေမဲ့ အမေရင်းက မြင်းေလာင်းလိုက်သတဲ့ ။
အဲဒါပဲလား ဆိုတော့ မဟုတ်သေးပါဘူး။
ပိုက်ဆံချေးပြီး ကျောင်းထားပေးပြန်တယ် ။ အဲတော့ အမေရင်းက စိတ်ဆိုးပြီး ဆူပူသတဲ့ ။
စာကို အရမ်းတတ်ချင်တော့ အတန်းထဲမှာ စာတော်တဲ့ ကလေးမို့ ဆရာမက ချစ်တယ် ။ သူဟာ ကျောင်းမှာ အတန်းခေါင်းဆောင် ဖြစ်တဲ့အထိ တက်ကြွတယ်။
သူ့အဖေ အလုပ်ပြုတ်တော့ ကျောက်သမားလုပ်ဖို့ ပညာသင် တစ်ခြားမြို့ကိုသွားတဲ့အချိန် အမေဆီမှာ ထားခဲ့ဖို့ ဖထွေးက စိတ်မချနိုင်ဘူး တဲ့။
သူ့ ကျောင်းလခကို အမေကမပေးတော့ ဆရာမက " ဒီတစ်လ မမစိုက်ပေးပါ့မယ် နောက်တစ်လတော့ ရအောင်တောင်းခဲ့ပေါ့ " ဆိုတော့ မျက်ရည်ကျပြီး ဦးသုံးကြိမ်ချခဲ့တဲ့ အတာ ...
မြင်းပွဲနဲ့ ၃၆ကောင်ကို ကျတော့ တစ်နေ့ ဆယ့်လေးငါးကျပ်ေလာင်းတဲ့ အမေဆီက ကျောင်းလခနှစ်ကျပ်ကို မပြောနဲ့ ကျောင်းမုန့်ဖိုးကိုတောင် အသံကျယ်ကျယ်မတောင်းရဲရှာတဲ့အတာ...
ကျောင်းက ဆရာမပြောင်းတော့ မျက်နှာထားမာမာနဲ့ စိတ်မထားတတ်တဲ့ဆရာမနဲ့တွေ့တယ်။ သူကျောင်းသွားရတာမပျော်တော့ဘူး ။ ကျောင်းလခ တောင်းတဲ့နေ့ဆို သူငေးငိုင်နေရှာတာ ။
မတော်တဆ တစ်ခုကြောင့် ဆရာမရဲ့မောင်လေး နဖူးေပါက်စေခဲ့မှုနဲ့ ဆရာမ အငြို းထားတာခံရတော့ အတာဟာ အိမ်မှာလည်း နာကျင်မှု ကျောင်းမှာလည်း နာကျင်မှု ။ ဒါကြောင့် သူကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ် ။
သူ့အမေ ပြန်ပြောတာက
"ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့ ။
ဒီစာအုပ်မှာ ကလေးတစ်ယောက်ရဲ့ ပေါက်ပေါက်ရှာရှာအတွေးကလေးတွေ ရယ် စာရေးဆရာရဲ့ တိကျပြီး လိုရင်းတိုရှင်းအရေးအသားရယ်ကြောင့် ရင်ထဲထိစေမှာပါ ။
တစ်ချို့ကပြောကြတာက ဒီအဖြစ်အပျက်ဟာ ပုံပြင်ဆန်လွန်းတယ်လို့ ပြောကြပါတယ် ။ကိုယ်လည်း ဖတ်ကြည့်တော့ မဖြစ်နိုင်ဘူး လို့ တွေးမိသေးတယ်။
စာရေးဆရာက ဒါဟာ သူ့ဘဝအကြောင်း ၉၀% ရေးထားတဲ့ ဝတ္ထုပါ တဲ့ ...
Review by - May Be Kristen
(ခွင့်ပြုချက်ယူပြီး)❣
#အတာ
#ဆရာသာဓု
စာအုပ်ကိုသဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်📖💙
23/01/2026
နေ့တိုင်းဖတ်ရန် ❝မိတ်တဗလဋီကာ❞
(၁) ပြုံးပါ။
(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃) တစ်ဖတ်သား၏ အယူအဆကို
အလေးဂရုပြုပါ။
(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန်
လေးလေးနက်နက် ၀န်ခံပါ။
(၆) ချိုချို သာသာနှင့် စကား စ,ပြောပါ။
(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖတ်သားကို သူပြောချင်တာ
၀,အောင် ပြောပါစေ။
( ဂရုတစိုက်နှင့် နားထောင်ပါ )
(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု
အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ။
(ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီးစေမည့် မေးခွန်းများမေးပါ။
(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို
တစ်ဖက်သားအား
၀မ်းမြောက် ၀မ်းသာစွာနှင့်
လုပ်ချင်အောင် ခိုင်းပါ။
(၁၅) အခြားသူများပေါ်တွင်
အဟုတ်အဟတ် စိတ်၀င်စားပါ။
(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို
မှတ်သားထားပါ။
(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ
အထင်ကြီးလာအောင် လုပ်ပေးပါ။
(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။
(၁၉) တစ်ဖက်သားကို
ကြင်နာယုယပါ။ (ရိုသေလေးစားပါ)
(၂၀) တစ်ဖက်သားဘက်မှ နေ၍
အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင်
စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတတ်ပါစေ။
(၂၂) "အကြင်သူသည်
ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊
ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊
အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊
ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ ''
အထက်ပါ စာကြောင်းလေးများသည်
အကျဉ်းချုပ်၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။
နေ့စဥ်လူအများနှင့်ပြောဆိုဆက်ဆံရာ၌စကားအရာကြွယ်ဝပြီးဆရာတစ်ဆူဖြစ်စေဖို့လူ့သဘောလူ့မနောကို
ခန့်မှန်းတတ်သူဖြစ်ဖို့ဒီစာအုပ်ကလမ်းပြပေးနိုင်ပါတယ်
ဦးနု
မိတ္တဗလဋီကာ
တန်ဖိုး....14000
(စျေးလေးပြောင်းသွားပါတယ်)
ဦးနု၏အခြားစာအုပ်များကိုလည်းမှာယူနိုင်ပါတယ်။
#မိတ္တဗလဋီကာ
#ဦးနု
#စာအုပ်လေးတွေဟာလှပတဲ့ကမ္ဘာသစ်လေးကိုငေးမောကြည့်နိုင်မဲ့ပြတင်းတံခါးလေးတွေပါ
21/01/2026
#ပြိုကွဲသွားခဲ့တဲ့ မိသားစုဘဝမျိုးနဲ့ ကြီးပျင်းခဲ့ရသလို၊
ကြမ်းတမ်းခက်ခဲတဲ့ ငယ်ဘဝသင်္ခန်းစာများစွာကို ရင်ဆိုင်ခဲ့ရပြီး၊
ကြိမ်ဖန်များစွာ ကြိုးစားပေမဲ့ အလွဲများစွာကြောင့် ရှေ့မရောက်နိုင်ဘဲအမြဲပြုတ်ကျခဲ့ရသလောက်၊
နည်းနည်းလေးမှ တွန့်ဆုတ်သွားတာမျိုး မဖြစ်ဘဲ အရဲစွန့် ကြိုးစားအားထုတ်နိုင်ခဲ့လို့ -
မရှိဆင်းရဲ ဘဝကနေ သိန်းသန်းကုဋေ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကျော်သူဌေးကြီး ဖြစ်အောင်
ကိုယ်ထူကိုယ်ထ
ကိုယ့်အားကိုယ်ကိုး
ကိုယ့်နည်းကိုယ့်ဟန်
တိုးတက်ဖွံ့ဖြိုးနိုင်အောင် အားထုတ်ကြိုးစားဖော်ဆောင်နိုင်ခဲ့တဲ့ဘဝသက်
သေရှင် စွန့်စားစီးပွားရေးလုပ်ငန်းရှင်ကြီး Naval Ravikant ရဲ့ -အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ ရှုမြင်သုံးသပ်ချက်တွေ၊ အဆိုအမိန့်တွေ၊ စီးပွားရေးဆိုင်ရာ သဘောထားမူဝါဒတွေ၊ လက်ခံကျင့်သုံးပုံတွေကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စွန့်စားစီးပွားရေးနယ်ပယ်ထဲ အနေအထားတခုအထိ ရောက်ပြီးဖြစ်နေသူတွေ၊
အခုမှ စပြီး စထွက်အနေနဲ့ အသင့်ဖြစ်အောင် ကြိုးစားနေသူတွေ၊
အလုပ်တော့ လုပ်နေပါရဲ့ နောင်ရေးအတွက် ဘာဆက်လုပ်ရမလဲ မသဲကွဲဘဲ ဝေလည်လည်ဖြစ်နေရသူတွေ
ဘဝရှေ့ရေးအတွက် ရတက်မအေးနိုင်သလို နောက်ဆံတင်းစရာ အကြောင်းကိစ္စများစွာကြောင့် #ကျဉ်းထဲကြပ်ထဲရောက်သလို ခံစားနေရသူတွေ
ပိုက်ဆံတော့ ရှိပါရဲ့ ဒါပေမဲ့ မပျော်နိုင်၊ ပျော်တော့ ပျော်နေသလို ဖြစ်နေပါရဲ့ ဒါပေမဲ့ မချမ်းသာ၊ရှာတော့ ရှာနေပါရဲ့ မလောက်ငှနိုင်ဘဲ၊လျှောက်နေ
သလောက် ခရီးမပေါက်၊ ပျော်ချင်လျက်နဲ့ မပျော်နိုင်ရတဲ့ ဘဝအကြောင်း
တရားတွေကို ရှင်းလင်းစွာ သိမြင်တွေးခေါ်နိုင်မယ့် လက်တွေ့အသုံးကျ ဘဝခရီးလမ်းညွှန်စာအုပ်ဖြစ်ပါတယ်။
#လူသာ #အတွေးအမြင် #စာရိပ်မြိုင်
စာအုပ်အမည် #သိန်းသန်းကုဋေ
စာရေးသူ #လူသာ(အတွေးအမြင်)
စာအုပ်တိုက် - စာရိပ်မြိုင်စာပေ
စာအုပ်ဒီဇိုင်း - မောရိသျှအလင်း
ပုံနှိပ်မှတ်တမ်း - ၂၀၂၆ခုနှစ် ၊ဇန်နဝါရီလ ၊ ပထမအကြိမ် ၊ အုပ်ရေ ၁၀၀၀ ၊ စာမျက်နှာ ၂၀၈/စက္ကူအမျိုးအစား 60g , ခေါက်ဖုံး
ဖြန့်ချိရေး - စာရိပ်မြိုင်စာပေ
Crd
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 21:00 - 18:00 |
| Saturday | 21:00 - 18:00 |