CB Life Insurance
16/05/2026
◾သွေးတိုးရောဂါဆိုတာ သတိမထားမိခင်မှာ ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အရာပါ။
ဒါကြောင့် ဆေးသောက်ရုံတင်မကဘဲ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပြီး စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
မိမိကိုယ်ကို ဂရုစိုက်ခြင်းက မိသားစုအတွက် စိတ်အေးချမ်းမှု ပေးနိုင်တာမို့ အောက်ပါအချက်လေးတွေကို CB Life မှ မျှဝေလိုက်ပါတယ်...
(၁) အစားအသောက်ဖြင့် ထိန်းညှိခြင်း (DASH Diet)
စားသောက်မှုပုံစံက သွေးတိုးကျဖို့အတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
- အငန်ဓာတ် (Sodium) ကို တင်းကျပ်စွာလျှော့ချပါ: ဟင်းချက်ရာတွင် ဆားလျှော့ရုံတင်မကဘဲ ငပိ၊ ငံပြာရည်၊ အချိုမှုန့်နှင့် တာရှည်ခံအောင် လုပ်ထားသော အစားအစာများကိုပါ ရှောင်ကြဉ်ရပါမယ်။
- အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ပိုစားပါ: ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနွယ်နဲ့ ပဲအမျိုးမျိုးကို စားသုံးပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
- အဆီအဆိမ့် လျှော့စားပါ: တိရစ္ဆာန်အဆီနဲ့ ဆီကြော်မုန့်တွေအစား အစေ့အဆန်နဲ့ အခွံမာသီးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားမှုဖြင့် နှလုံးကို အားဖြည့်ခြင်း
ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးခြင်းက သွေးကြောတွေကို ပိုမိုပျော့ပျောင်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
- တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) ခန့် လမ်းသွက်သွက် လျှောက်ပေးပါ။
- စက်ဘီးစီးခြင်း၊ ရေကူးခြင်း သို့မဟုတ် အေရိုးဗစ် လေ့ကျင့်ခန်းများက နှလုံးကျန်းမာရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုကို လျှောချခြင်း
စိတ်ဖိစီးမှုက သွေးပေါင်ချိန်ကို ရုတ်တရက် တက်စေတတ်တဲ့ အခြေခံအကြောင်းရင်းတစ်ခုပါ။
- အလုပ်များကြားထဲကနေ မိမိဝါသနာပါတဲ့ အလုပ် (ဥပမာ- စာဖတ်ခြင်း၊ ပန်းစိုက်ခြင်း) အတွက် အချိန်ပေးပါ။
- တစ်နေ့ကို အနည်းဆုံး ၅ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးခြင်း သို့မဟုတ် တရားထိုင်ခြင်းက စိတ်ရောကိုယ်ပါ ငြိမ်းချမ်းစေပါတယ်။
(၄) အိပ်စက်ခြင်းနှင့် အနားယူခြင်း
အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
- တစ်နေ့ကို အနည်းဆုံး (၇) နာရီမှ (၈) နာရီအထိ နှစ်ခြိုက်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။
- အိပ်ရာမဝင်ခင် ဖုန်းကြည့်ခြင်းကို လျှော့ချပြီး အနားယူမှုကို အာရုံစိုက်ပါ။
(၅) ပုံမှန်စစ်ဆေးမှု ပြုလုပ်ခြင်း
သွေးတိုးက လက္ခဏာ မပြဘဲ တက်နေတတ်တာမျိုး ရှိတဲ့အတွက် -
- အိမ်မှာ သွေးပေါင်ချိန်စက် ဆောင်ထားပြီး ပုံမှန်တိုင်းတာ မှတ်တမ်းတင်ထားပါ။
- ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း ဆေးကို မှန်မှန်သောက်ပြီး တိုင်ပင်ဆွေးနွေးမှုကို ပုံမှန်ပြုလုပ်ပါ။
◾သွေးတိုးရောဂါဟာ လူနေမှုပုံစံ ပြောင်းလဲရုံနဲ့တင် သိသိသာသာ သက်သာစေနိုင်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ မိမိကို ချစ်ခင်ရသူတွေအတွက် အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။
◾ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝနဲ့အတူ စိတ်ချရတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ CB Life က အမြဲအနားမှာ ရှိနေမှာပါ။
15/05/2026
❐ အာမခံတွေနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် သိပြီးကြပြီလဲ❓
အောက်ကမေးခွန်းလေးကို ဖြေကြည့်လိုက်ကြရအောင်နော်။
❐ ကျန်းမာရေးအာမခံကို ဘယ်အသက်အရွယ်မှာစပြီး ထားလို့ရနိုင်ပြီလဲ❓
အဖြေ - ( ၂နှစ် ၊ ၆နှစ် ၊ ၁၀ နှစ် ၊ ၁၄နှစ် )
❐ အဖြေမှန်ကို မေလ ၂၂ ရက်နေ့ အခုပို့စ်ရဲ့ ကော့မန့်မှာ ပြန်လည်ဖြေကြားသွားပါ့မယ်။
❐ ကိုယ့်နဲ့ ကိုယ့်မိသားစုကို အကာအကွယ်ပေးနိုင်တဲ့ အာမခံအကြောင်းနဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတရဖို့ ရည်ရွည်ပြီး အခုလို Q & A Quiz အစီအစဉ်လေး မကြာခဏတင်ဆက်ပေးသွားမှာမို့
CB Life Insurance page ကို Like n' Follow လုပ်ပြီး စောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
02-10, Union Financial Center, Corner Of Mahabandula Road & Thein Phyu Road, Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |