Aether Solar Engineering
29/05/2026
Solar Panel မှန်တွေရဲ့ (Glass-Backsheet vs Double Glass)
*********************************************************
Solar Panel ဝယ်ယူတဲ့အခါ "Mono-facial က ပိုခိုင်တယ်၊ Bi-facial ရဲ့ Double Glass က ကွဲလွယ်တယ်" ဆိုတဲ့ နားလည်မှုလွဲမှားချက်တွေ ရှိနေတတ်ပါတယ်။ လက်တွေ့မှာ နည်းပညာဦးဆောင် Tier-1 Brand တစ်ခုဖြစ်တဲ့ Jinko Solar ရဲ့ နောက်ဆုံးထွက် N-Type Bi-facial Module တွေကို အခြေခံပြီး Engineering ရှုထောင့်ကနေ တိတိကျကျ ရှင်းပြပေးပါမယ်။
၁။ Structure ကွာခြားချက် (Glass-Backsheet vs Double Glass)
Mono-facial Modules (Glass-Backsheet): အရှေ့ဘက်မှာ Front Glass (၁) ချပ်သုံးပြီး၊ အနောက်ဘက်ကို Polymer Backsheet နဲ့ ပိတ်ထားတာ ဖြစ်ပါတယ်။ ပေါ့ပါးပေမယ့် ရေရှည်မှာ UV Degradation နဲ့ အပူဒဏ်ကြောင့် Backsheet Aging ပိုဖြစ်တတ်ပါတယ်။
Bi-facial Modules (Double Glass): အရှေ့ရော အနောက်ပါ Dual Glass (2.0mm + 2.0mm) နဲ့ Sandwich လို ညှပ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရေရှည်မှာ Humidity၊ UV ဒဏ်၊ PID (Potential Induced Degradation) နဲ့ Corrosion တို့ကို သာမန် Backsheet ပြားတွေထက် အဆပေါင်းများစွာ ပိုမိုကာကွယ်ပေးနိုင်ပါတယ်။
Engineering Fact: Double Glass Structure သည် Moisture Ingress (အစိုဓာတ်ဝင်ရောက်မှု) ကို အလွန်မြင့်မားစွာ လျှော့ချပေးနိုင်ခြင်း ဖြစ်ပါတယ်။ Edge Seal များနှင့် Junction Box အပိုင်းများ ရှိသဖြင့် 100% Impermeable (လုံးဝမဝင်နိုင်) ဟု မဆိုနိုင်သော်လည်း သာမန် Backsheet Modules များထက် ရေရှည် Reliability အများကြီး ပိုမိုသာလွန်ပါတယ်။
၂။ မှန်အမျိုးအစားနှင့် ခိုင်ခံ့မှု (Tempered Glass vs Heat-Strengthened Glass)
Jinko ရဲ့ Datasheet အရ Front Side မှာ Anti-Reflection Coating ပါဝင်ပြီး၊ Back Side မှာ Heat-Strengthened Glass ကို အသုံးပြုထားပါတယ်။ ဒီနေရာမှာ ခိုင်ခံ့မှုကို အပိုင်းနှစ်ပိုင်း ခွဲခြားနားလည်ရပါမယ်။
Impact Strength (ကျောက်ခဲ၊ မိုးသီးထိမှန်မှု): သီးသန့်မှန်တစ်ချပ်ချင်းစီရဲ့ သိပ်သည်းဆအရ 3.2mm Tempered Glass က ပိုမိုခံနိုင်ရည်ရှိပါတယ်။
Structural Rigidity (ကွေးညွတ်မှု၊ လေတိုက်အား): Jinko ရဲ့ Technical Analysis အရ 2.0mm + 2.0mm Double Glass Structure စနစ်တစ်ခုလုံးအနေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ Wind Load နဲ့ Dynamic Mechanical Load ဒဏ်တွေကို ပိုမိုတောင့်တင်းစွာ ခံနိုင်ရည်ရှိပါတယ်။
ဒါကြောင့် "ဘယ်မှန်က ပိုခိုင်လဲ" ဆိုတာထက် "Double Glass Structure တစ်ခုလုံးအနေနဲ့ ပိုမိုတောင့်တင်းပြီး ရေရှည် Reliability ပိုကောင်းတယ်" လို့ မှတ်ယူရပါမယ်။
၃။ Mechanical Load Rating ခံနိုင်ရည်
Jinko Dual Glass Modules အများစုဟာ ကမ္ဘာ့စံချိန်စံညွှန်း Certified ဖြစ်ထားပြီးသား ဖြစ်ပါတယ်။
Front Load (Max Static Load) = 5400 Pa (Snow Load, အလေးချိန်ဖိအားနှင့် မိုးသီးဒဏ်ကို မြင့်မားစွာ ခံနိုင်ရည်ရှိခြင်း)
Rear Load (Max Static Load) = 2400 Pa (နောက်ဖက်ကနေ ဆွဲထုတ်မယ့် Wind Suction ဒဏ်ကို ခံနိုင်ရည်ရှိခြင်း)
၄။ Anti-Reflective (AR) Coating ရဲ့ လုပ်ဆောင်ချက်
ဒါဟာ မှန်အမျိုးအစား မဟုတ်ဘဲ Front Glass ပေါ်မှာ သုတ်လိမ်းထားတဲ့ Optical Coating ဖြစ်ပါတယ်။ နေရောင်ကျရောက်တဲ့အခါ Reflection Loss (အလင်းပြန်လွင့်သွားမှု) ကို လျှော့ချပေးပြီး Solar Cell ထဲကို အလင်း ပိုမိုစုပ်ယူပေးနိုင်လို့ Panel ရဲ့ Power Output (Efficiency) ကို ပိုမိုတိုးတက်စေပါတယ်။
(Handling & Transportation)
Jinko 625~650W Class Double Glass ပြားတွေဟာ မှန်နှစ်ဖက်ပါဝင်လို့ Weight 34 kg ဝန်းကျင် ရှိပါတယ်။ သာမန် Mono Backsheet ပြားတွေထက် ပိုလေးတဲ့အတွက် သယ်ယူပို့ဆောင်ချိန်နဲ့ တပ်ဆင်ချိန်တွေမှာ မတော်တဆ ထောင့်တိုက်မိခြင်း၊ ပစ်ချခြင်းမျိုး Handling Error မဖြစ်အောင် ပိုမိုဂရုစိုက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။
Conclusion
Jinko ရဲ့ လက်ရှိ N-Type Bi-facial Modules တွေဟာ 2.0mm + 2.0mm Double Glass၊ Heat-Strengthened Glass၊ Anti-Reflection Coating၊ 5400Pa Mechanical Load ခံနိုင်ရည် နဲ့ 30-Year Power Warranty စတဲ့ အဆင့်မြင့်နည်းပညာတွေကို ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံလို ပူပြင်းစိုစွတ်တဲ့ ရာသီဥတုမျိုးမှာ ရေရှည်နှစ်ပေါင်းများစွာ ယုံကြည်စိတ်ချစွာ အသုံးပြုဖို့အတွက်ဆိုရင် သာမန် Glass-Backsheet Mono Panels တွေထက် ရေရှည် Reliability ပိုမိုမြင့်မားတဲ့ အကောင်းဆုံး Module အမျိုးအစား ဖြစ်ပါတယ်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။
အသေးစိတ်သိလို ပါက
Kyaw Oo
AETHER Solar (Since 2017)
📞 095017382
2017 ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရဆုံး စွမ်းအင်အဖော်မွန်အဖြစ် ရပ်တည်လာခဲ့တဲ့ AETHER Solar Engineering ရဲ့ ကမ္ဘာ့အဆင့်မြင့် High-Efficiency Solar PV Collection များကို အထူးမိတ်ဆက်ပေးပါရစေ ။
ရရှိနိုင်မည့် ထိပ်တန်း Solar PV Panel များ (မျက်နှာ နှစ်ဖက်စလုံးကနေ Power ထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် N-type Bifacial နည်းပညာစစ်စစ်များ) ရနိုင်ပါတယ်။
LONGi Solar (HPAB Technology) – 585 Wp
Trina Solar (VERTEX N-iTOPcon) – 710 Wp
Jinko Solar (Tiger Neo) – 620 Wp
အိမ်သုံး Solar အတွက် အကောင်းဆုံး Lithium Battery (LiFePo4) များ -
OMEGA – 314 AH / 280 AH
DYNESS – 280 AH
တစ်နေရာတည်းမှာ အကုန်ပြီးပြည့်စုံအောင် အရည်အသွေးမြင့် Solar ဆက်စပ်ပစ္စည်း (Accessories) များကိုပါ ပူးတွဲရောင်းချပေးနေပါတယ် -
SUNTREES Solar Cable
JAVA Brand Solar Rail and Accessories
ဘာကြောင့် AETHER Solar ကို ရွေးချယ်သင့်တာလဲ
စက်ရုံကနေ တိုက်ရိုက်တင်သွင်းလို့ ဈေးနှုန်း အမှန်ကန်ဆုံးဖြစ်ခြင်း ။
Factory Warranty စစ်မှန်သော စက်ရုံအာမခံကို စိတ်ချလက်ချ ရရှိနိုင်ခြင်း ။
( ကျွမ်းကျင်သော indivitual installer များအတွက် ဈေးနှုန်း အထူးရှိပါတယ်)
ဈေးနှုန်း အသေးစိတ်သိရှိလိုပါက သို့မဟုတ် မှာယူလိုပါက -
မသီရိလွင် Ma Thiri Lwin (MD) ဖုန်း - ၀၉ ၅၁၅၂၄၇၆
လိပ်စာ - အခန်း (001)၊ တိုက် (A-1)၊ ရွှေကမ္ဘာအိမ်ရာ ၊ မင်းဓမ္မလမ်းမကြီးဘေး ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
25/05/2026
Solis S6 Hybrid Plus Inverter (6 kW & 8 kW)
*******************************************
မြန်မာပြည်တွင် ခေတ်အမီဆုံး၊ Modern အကျဆုံးနှင့် အရည်အသွေးအကောင်းဆုံး Hybrid စစ်စစ်ကို ရှာဖွေနေသူများအတွက် Bloomberg NEF Tier-1 Global Brand ဖြစ်ပြီး World Top 3 PV Inverter Manufacturer အဖြစ် အသိအမှတ်ပြုခံထားရသော Solis S6 Hybrid Plus Inverter ကို AETHER Solar (since 2017) မှ ယုံကြည်စိတ်ချစွာ ဖြန့်ချိပေးနေပြီ ဖြစ်ပါသည်။
ကိုယ်ပိုင် Tier 1 Factory မှ တိုက်ရိုက်ထုတ်လုပ်ပြီး EU, US, AUSI, ASIA နိုင်ငံတကာစျေးကွက်များအားလုံးအတွက် Global Quality တစ်မျိုးတည်း ထုတ်လုပ်ထားသောကြောင့် ပုံစံတူ လုံးဝမရှိသည့် အဆင့်မြင့်စက် ဖြစ်ပါသည်။
Smart Control & Advanced Display စက်အရှေ့မျက်နှာပြင်တွင် 7" Industrial Grade Touchscreen (Color LCD) ပါဝင်သောကြောင့် အင်တာနက်မလိုဘဲ တိုက်ရိုက်ကြည့်ရှုကာ လွယ်ကူစွာ Setting ချိန်ညှိနိုင်ပါသည်။
ထို့အပြင် Built-in Bluetooth သို့မဟုတ် SolisCloud Smart Monitoring App မှတစ်ဆင့် ကမ္ဘာ့ဘယ်နေရာကမဆို Real-time Monitoring နှင့် Remote Configuration အားလုံးကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါသည်။
Premium Design & Durability
Fan-less Design: အတွင်းပိုင်းတွင် ပန်ကာမပါဝင်သည့်အတွက် လည်ပတ်သံ လုံးဝမဆူညံ့ဘဲ ငြိမ့်ညောင်းစွာ အလုပ်လုပ်ပါသည်။
IP66 Waterproof Protection: မိုးရေ၊ ဖုန်မှုန့်နှင့် Harsh Environment ဒဏ်များကို အပြည့်အဝခံနိုင်ပြီး Maintenance Free ဖြစ်ကာ တာရှည်ခံပါသည်။ Indoor ကော Outdoor ပါ တပ်ဆင်နိုင်သည့် NEMA 4X Protection ပါဝင်ပါသည်။
High Performance & Technical Features
1.6 DC/AC Ratio: Inverter Capacity ထက် Solar Panel Capacity ကို ပိုမိုတပ်ဆင်နိုင်သဖြင့် Energy Harvest ပိုမိုရရှိစေပါသည်။ 6kW Model တွင် Recommended Solar Panel Size 12kW အထိ တပ်ဆင်နိုင်ပြီး Usable PV Input Power မှာ 9.6kW ဖြစ်ပါသည်။
(MPPT Voltage Range 90V မှ 435V အတွင်း အလုပ်လုပ်ပြီး Maximum Efficiency 96.2% ရှိပါသည်)။
2 MPPT Technology: Roof Orientation မတူသော Solar Panel များကို Flexible တပ်ဆင်နိုင်ပါသည်။ (3kW မှ 6kW အတွက် 2 Strings နှင့် 8kW အတွက် 4 Strings ပါဝင်ပါသည်)။ 182mm High Power Panel အပါအဝင် နောက်ဆုံးပေါ် High-Watt Solar Panels များနှင့် Compatible ဖြစ်ပါသည်။
UPS-Level Backup: မီးပြတ်သွားပါက 4ms ထက်နည်းသော Switching Time အတွင်း Backup Mode သို့ အလိုအလျောက် ပြောင်းလဲပေးသဖြင့် WiFi, CCTV, Server နှင့် Medical Equipment များ လုံးဝမပိတ်ဘဲ ဆက်လက်အသုံးပြုနိုင်ပါသည်။
200% Surge Power Support: 10 Seconds အတွင်း 200% Surge Load ကို ထောက်ပံ့ပေးနိုင်သဖြင့် Air Conditioner, Water Pump နှင့် Refrigerator ကဲ့သို့ Motor Load များအတွက် အထူးသင့်တော်ပါသည်။
PV Only Off-grid Operation: Battery မပါဝင်ဘဲ Solar Only Off-grid System အဖြစ် အသုံးပြုနိုင်ပါသည်။
Parallel Operation Support: စက်အလုံးပေါင်း 6 Units အထိ ပြိုင်တူချိတ်ဆက်ပြီး System Capacity တိုးချဲ့ကာ Three Phase System တည်ဆောက်နိုင်ပါသည်။
Smart Load Management: အရေးကြီးသော ဝန်အားများကို ခွဲခြားပေးပြီး Backup Time ကို ပိုမိုကြာရှည်စေပါသည်။
Intelligent Energy Management
Self Use Mode: Solar မှ Load၊ ထို့နောက် Battery၊ ထို့နောက် Grid Priority စနစ်ဖြင့် လျှပ်စစ်မီတာခကို အထိရောက်ဆုံး လျှော့ချပေးပါသည်။
Off-Grid Mode: မီးလိုင်းမရှိသောနေရာများတွင် Standalone Solar System အဖြစ် သီးသန့်အသုံးပြုနိုင်ပါသည်။
Battery Compatibility & Safety Protection
Lithium Battery, Lead Acid Battery နှင့် Low Voltage Battery (40V မှ 60V) အပါအဝင် Battery Brand အမျိုးမျိုးနှင့် Compatible ဖြစ်ပါသည်။ (6kW Model တွင် 135A နှင့် 8kW Model တွင် 190A အထိ High-speed Charging/Discharging Support ပေးပါသည်)။
International Safety Standards Certified ဖြစ်သော Anti-Islanding Protection, Ground Fault Monitoring, Reverse Polarity Protection, AFCI Protection, Over Voltage, Over Current, Short Circuit နှင့် Temperature Protection စနစ်များ အပြည့်အစုံ ပါဝင်ပါသည်။
Price & Warranty
စက်ရုံတိုက်ရိုက် 5 Years Factory Warranty အပြည့် ပါဝင်ပါသည်။
ဈေးနှုန်း: မှာသက်သာစွာဖြင့်ရောင်းချပေးပါတယ်။
SOLIS S6 HYBRID PLUS "Power Your Home Smarter, Safer & Longer."
လူကြီးမင်းတို့အိမ်နှင့် အသင့်တော်ဆုံးဖြစ်မည့် Solar စနစ်ကို အခမဲ့ ဆွေးနွေးတိုင်ပင်လိုပါက Page Messenger မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ် 095017382 ( Kyaw Oo ) သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ Showroom တွင်လည်း လူကိုယ်တိုင် လာရောက်ကြည့်ရှု ဝယ်ယူနိုင်ပါသည်။
AETHER Solar Engineering
095152476
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |