DineCrafters Solutions

DineCrafters Solutions

Share

17/11/2023

ဟိုတယ်အလုပ်အကိုင်များအကြောင်း သိကောင်းစရာ

အပိုင်း (၃)

ဟိုတယ်အလုပ်အကိုင်တွေအကြောင်းပြောဖြစ်တာ ဒီတခါမှာတော့
ခောတ်စားနေတဲ့ Passenger Ship အကြောင်းသိသလောက်မျှဝေပေးချင်ပါတယ်။

ဒီကြားထဲ အလုပ်တွေများပြီး နေမကောင်းဖြစ်လို့ အပိုင်း (၃) ကိုကြာသွားတာ တောင်းပန်ပါတယ်။ လူသစ်သင်္ဘောသားတွေအတွက် Cruise Ship မှာဆို GS နဲလျှောက်ရပါတယ်။
ဟိုတယ်နဲ့ပါတ်သက်တဲ့ သင်တန်းတခုခုတတ်ထားရပါမယ်။ လုပ်သက်အတွေ့အကြုံ အနည်းဆုံး တနှစ်လာက်ရှိထားရပါမယ်။
Five Star Hotel မျိုးမှာဆိုပိုကောင်းပါတယ်။ English Language ကို Pre-Inter လောက်ရှိရင်ပိုကောင်းပါတယ်။

ပထမအဆင့်အနေနဲ့ သင်တန်းဆင်လက်မှတ်၊ လုပ်သက်တနှစ်လောက်ယူပြီးရင် ပက်စပိုစ့် QR ကိုအရင်လျှောက်ထားပါ။
လျောက်ထားတဲ့အချိန်မှာ BST (Basic Safety Training) ကို 10 ရက် တတ်ထားရပါမယ်။ ပြီးရင် SSA, DSD ကို နှစ်ရက်ဆက်တတ်ထားပါ။ BST လက်မှတ်ရဖို့ သင်တန်းဆင်းပြီးတလလောက်စောင့်ရပါတယ်။ BST လက်မှတ်ရပြီးရင် သင်္ဘောသား ပက်စပိုစ့် SIRB (အရင်ခေါ် CDC) လျာက်လို့ရပါပြီ။ SIRB ရဖို့ တလ (သို့) ငါးပါတ် ‌စောင့်ရပါတယ်။ ပြီးရင်CMC လို့ခေါ်တဲ့ Crowed Management သင်တန်းကို တရက်ခွဲတတ်ရပါမယ်။ CMC လက်မှတ်ရပြီဆိုမှ All in One လျှောက်လို့ရမှာပါ။ All In One ရဖို့ တလစောင့်ရပါမယ်။ ဒါတွေအားလုံးပြီးမှ အလုပ်စလျှောက်လို့ရမှာပါ။

Cruise Ship မှာလဲ Occen နဲ့ River ဆိုပြီးရှိပါသေးတယ်။ Occen ကတော့ သင်္ဘောကြီးပြီး 5 Star Hotel ပုံစံမျိုးနဲ့တူမယ်။ River ကတော့ 3 Star Hotel မျိုးနဲ့တူနိုင်တယ်။ Occen ဆိုရင်တော့ 8 လ အလုပ်လုပ်ပြီး အနည်းဆုံး 2 လနားရတယ်။ River မှာတော့ Contract ချုပ်တဲ့လက ရာသီပေါ်မှာမှုတည်ပြီး အမျိုးမျိုးကွဲတယ်။ အများဆုံးကတော့ 6/ 8 လ ဆိုပေမယ့် တခါတလေ 2/3 လ ဘဲချုပ်တာတွေလဲရှိတယ်။

လစာတွေအနေနဲ့ အကြမ်းဖျင်းကြည်မယ်ဆိုရင် River တွေက လစာပိုကောင်းတတ်ပါတယ်။ Company ပေါ်မှုတည်ပြီး လစာတွေကတော့ အမျိုးမျိုးပေးခေါ်ကြပါတယ်။

အဲ့မှာတချို့ River တွေက PJ လို့ခေါ်တဲ့ ကုန်းပေါ်မှာအလုပ်လုပ်ခွင့်ပြုထားတဲ့ ပါတ်စပိုစ့်နဲ့လဲ လျှောက်လို့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် All in One ရထားပြီးသွားတာကတော့ ကိုယ့်အတွက်အခွင့်အလမ်းပိုများတာပေါ့။

အားလုံးအဆင်ပြေကြပါစေဗျာ

သိချင်တာတွေရှိလဲ Chat Box မှာအချိန်မရွှေးမေးထားနိုင်ပါတယ်။

Justin @ Pyae Phyo Kyi
Restaurant & Bar Consultant

အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=122132802692025885&id=61550776576131&mibextid=Nif5oz

အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=122134636958025885&id=61550776576131&mibextid=Nif5oz

13/11/2023

နေပြည်တော်ရှိ New Aye Yar Hotel အတွက်

Commis 1 - (1) Post

Demi - (1) Post

Basic Salary + Service Money

Contact No - 09 797842500

(သို့မဟုတ်)

လူကိုယ်တိုင်လာရောက်‌ လျှောက်ထားနိုင်ပါသည်။

12/11/2023

Happy Diwali Festival of Lights

07/11/2023

မန္တလေးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအကြံပေး

မနက်၊ နေ့လည်၊ ညစာကအစ

ဧည့်၀တ်ကျေပွန်မှုများအတွက် အထူးကျေးဇူးတင်ပါသည် ♥️

လုပ်ငန်းများချဲ့ထွင်ပြီး ဒီထက်ပိုပြီး အောင်မြင်နိုင်ကြပါစေဗျာ ♥️

07/11/2023

အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ Bar တွင်တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိပါသည်။

Bar helper (1 ဦး)

Waitress (2 ဦး)

အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။

လစာ + service money + duty meal + အဆောင်
တပတ် (၁) ရက် နားရက်

မျှော်မှန်းလစာနှင့်တကွ 09403351091 viber သို့ပေးပို့လျောက်ထားနိုင်ပါသည်။

04/11/2023

Fly back to years of 1920.

Feeling Classic is so cool.

02/11/2023

ဟိုတယ်အလုပ်အကိုင်အကြောင်း သိကောင်းစရာများ

အပိုင်း - ၂

ဟိုတယ်လောကသို့ အခုမှစတင်၀င်ရောက်လိုသူများအား ရည်ရွယ်ပါသည်။ ဟိုတယ်လောကသို့ ဝင်ရောက်ပြီး ဟိုတယ်၀န်ထမ်းယောက်လုပ်တော့မယ်ဆိုရင် ပထမဆုံး အဆက်သွယ်အရင်ရှာပါ။
အခုခောတ်ကတော့ Social Media ခောတ်ဆိုတော့ အဆက်အသွယ်က ရှာရတာမခက်တော့ပါဘူး။

fb မှာ သင်တန်းကောင်းကောင်းရှာလိုက်လို့ သင်တန်းက အလုပ်ပြန်ချိတ်ဆက်ပေးရင် ဟိုတယ်ဝန်ထမ်းဖြစ်ပါပြီ။ သို့သော် ကိုယ်က ပြည်တွင်းမှာဘဲ အလုပ်ဝင်မှာလား၊ Oversea ထွက်မှာလား။ Oversea ထွက်မယ်ဆို Five Star Hotel မှာ လုပ်သက်‌ခြောက်လကနေ တနှစ်လောက်ယူရတယ်။ Language ကတော့ အရင်ပြောထားသလို English ကိုပြောနိုင်ရင် ပြောနိုင်သလောက် အခွင့်အလမ်းတွေပိုများမှာပါ။

သင်တန်းဘယ်လိုရွေးချယ်မလဲ
၁။ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းကိုသေချာရွေးချယ်ပါ။
၂။ သင်တန်းကျောင်းရဲ့ နာမည်နဲ့ဂုဏ်သတင်းကိုကြည့်ပါ။
၃။ သင်တန်းမှာပိုချမယ့် ဆရာတွေရဲ့အတွေ့အကြုံ
၄။ သင်ရိုးမှာ ဘာတွေသင်ပေးမှာလဲ
၅။ ရရှိလာတဲ့ Certificate တွေကို ဘယ်နိုင်ငံတွေ၊ ဘယ်အဖွဲ့အစည်းတွေက အသိအမှတ်ပြုလဲ
၆။ ပြည်တွင်း/ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ စတဲ့အချက်တွေကိုတိုင်းတာဖို့က အဓိကကျပါတယ်။

ဒီနေရာမှာ လူငယ်တွေကို ပြောပြချင်တာလေးတခုရှိပါတယ်။
F&B life နဲ့ အသက်မွေး၀မ်းကြောင်းလုပ်တော့မယ်ဆိုရင် ရည်ရွယ်ချက်တခုတော့ထားပါ။
ကိုယ်က ငွေရှာမှာလား၊ ငွေရောပညာပါရှာမှာလား။ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒူဘိုင်းမှာရှိတဲ့ နိုင်ငံတကာဟိုတယ်တွေမှာလုပ်မှာလား။ ခောတ်စားနေတဲ့ Cruise Ship တွေမှာလုပ်မှာလား။

ဒူဘိုင်းမှာဆိုရင်တော့ အတွေ့အကြုံကောင်းတွေရမယ်။ လစာ ထိုက်သင့်သလောက်ရမယ်။ Image ကောင်းတဲ့ Hotel ကြီးတွေမှာလုပ်ခဲ့ပြီး ပြန်လာရင် ပြည်တွင်းဟိုတယ်တွေမှာ‌ထိုက်သင့်တဲ့နေရာတခုပြန်ရနိုင်တယ်။

Cruise Ship မှာတော့ ဒူဘိုင်းမှာလုပ်တာထက်ပိုက်ဆံပိုရပါတယ်။ ဆက်မတတ်တော့ဘဲ ပြည်တွင်းမှာဘဲ ပြန်လုပ်မယ်ဆိုရင်တော့ ဒူဘိုင်းမှာလုပ်သလိုအတွေ့အကြုံမတူညီတဲ့အတွက် ဒူဘိုင်းပြန်တွေလောက် ရာထူးကြီးကြီးနိုင်မှာမဟုတ်ဘူး။

‌ကိုယ်ရွေးမယ့်လမ်းပေါ်မှုတည်ပြီး Goal Setting ချသင်ပါတယ်။ တိုက်တွန်းချင်တာကတော့ Hotel Life ကိုတကယ်စိတ်၀င်စားလို့ F&B Director/ GM ရာထူးတွေအထိမှန်းပြီး
Hotel Life မှာဘဲတောက်လျောက်လုပ်ကိုင်ချင်ရင် ဒူဘိုင်းလိုနေရာမျိုးကိုသွားရောက်လုပ်ကိုင်ပြီး အတွေ့ကြုံကောင်းတွေယူသင့်ပါတယ်။ ပြည်တွင်းမှာ ဟိုတယ်လုပ်ငန်းတွေပြန်လည်ဦးမော့လာတဲ့အခါ ပြန်လာပြီး အေးဆေးပြန်ထိုင်လို့ရပါတယ်။

၀င်ငွေများများရပြီး ပိုက်ဆံမြန်မြန်စုပြီး မြန်မာပြည်မှာဘဲ ကိုယ်ပိုင်စီးပွါးရေးလေးတခုလုပ်ချင်တယ်ဆိုရင်တော့ Cruise Ship လိုက်ဖို့သာရွေးချယ်လိုက်ပါ။

Clear your Goal Setting ဖြစ်ပါစေ။
Hotel Life ရဲ့ အနာဂတ်မှာတောက်ပလာမယ့် ကြယ်ပွင့်လေးများဖြစ်နိုင်ကြပါစေ။

အခမဲ့လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Justin @ Pyae Phyo Kyi
Restaurant & Bar Consultant

အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=pfbid02NuMgzAHc9d6V1XeqKn2CAyRHygWYEqD3TH16k4hd5afYzRNLaWrEpSnCq66pAaJJl&id=61550776576131&mibextid=Nif5oz

30/10/2023

29/10/2023

ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေအရ သီတင်းကျွတ်လပြည့်ညကို ဘာကြောင့် နေ့ထူးနေ့မြတ်လို့သတ်မှတ်သလဲ။ သင်သိသလောက်ပြောပြပေးပါလား။

26/10/2023

ဟိုတယ်အလုပ်အကိုင်အကြောင်း သိကောင်းစရာများ

အပိုင်း (၁)

အခုတလော လူငယ်တွေတော်တော်များများက ဟိုတယ်လုပ်ငန်းကို ရွေးချယ်လာတာတွေ့ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားထွက်ချင်လို့၊ သင်္ဘောတတ်ချင်လို့ စသဖြင့် ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ကျတော်ကတော့ အမြဲကြိုဆို အားပေးပြီး ၀မ်းသာနေမှာပါ။ ဒါပေမဲ့ ဘာကစရမှန်းမသိတဲ့ ညီငယ် ညီမငယ်များအတွက် အနည်းငယ်တီးမိခေါက်မိရှိစေရန် ရည်ရွယ်ပြီး Sharing လုပ်ပေးခြင်းမျှသာဖြစ်ပါတယ်။

အဓိကကတော့ ဟိုတယ်လောကကို အခုမှ၀င်ရောက်လုပ်ကိုင်မယ့် ညီငယ်၊ ညီမငယ်များကို Career Growth အတွက်လမ်းကြောင်းရွေး မမှားရ‌အောင် အနည်းငယ်အကြံပေးပါရစေ။

ဟိုတယ်ဖွဲ့စည်းပုံအကြောင်းကစပြောချင်ပါတယ်။
ဟိုတယ်တခုမှာ အကြမ်းအားဖြင့် ‌"Front of House" နဲ့ "Back of House" ဆိုပြီးနှစ်ပိုင်းရှိတယ်။

1. Front Office Department
2.Food & Beverage Department
3. Sale & Marketing Department တွေကတော့ (Front of House) လို့ခေါ်တဲ့ ဧည့်သည်နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ဌာနကြီးတွေဖြစ်ပြီးတော့

1. Housekeeping Department
2. Human Resource Department
3. Finance Department
4. Engineering Department
5. Culinary Department တွေကတော့ Back of House လို့ခေါ်တဲ့ ဧည့်သည်နဲ့ တိုက်ရိုက်မထိတွေ့ရဘဲ Front of House လို့ခေါ်တဲ့ ဌာနတွေကို တနည်းအားဖြင့် supporting ပေးနေရတဲ့ ဌာနတွေဖြစ်ပါတယ်။

ဌာနတခုချင်းစီရဲ့ လုပ်ငန်းသဘောတရားလေးတွေကိုတော့ စာရှည်မှာစိုးလို့ထည့်မရေးတော့ဘူး။ အဲ့ထဲက အလုပ်အကိုင်အခွင့်လမ်းများတဲ့ ဌာနတွေအကြောင်းကိုဘဲ ရှင်းပြပါရစေ။

ပြည်တွင်းမှာရော ပြည်ပမှာပါ အလုပ်အကိုင်အခွင့်အလမ်းများတဲ့ ဌာနကြီး (၃) ခုရှိပါတယ်။

1. Food & Beverage Service Department
2. Culinary Department
3. Housekeeping Department တို့ဘဲဖြစ်ပါတယ်။

အဲ့ထဲကမှ ကျတော် လုပ်ကိုင်ခဲ့ဖူးတဲ့ Food & Beverage Service ဌာနလေး အကြောင်းပြောပြပေးပါမယ်။

F&B ဌာနကြီးရဲ့ အောက်မှာ (Outlet) ဌာနခွဲလေးတွေထပ်ရှိပြီး ဟိုတယ် အကြီး/အသေးလိုက်ကွာခြားကြပါတယ်။

International Five Star Hotel တွေမှာဆိုရင်တော့

1. Lobby Bar
2. Pool Bar
3. All Day Dining
4. Fine Dining (Chinese, Korea, Japanese, Thai)
5. Banqueting ဆိုပြီးထပ်ခွဲထားပါတယ်။

တတ်ရောက်နိုင်တဲ့ သင်တန်းအမျိုးအစား အနေနဲ့ကတော့

Food & Beverage Service Course
Bartender Course
F&B Operation Management Course ဆိုပြီးရှိပါတယ်။

အခုမှစမယ့်သူတွေအတွက် ကိုယ်ရွေးချယ်တတ်ရောက်ထားတဲ့သင်တန်းတွေအရ Waiter/ Waitress Position နဲ့
Bartender/ Bar Helper Position တွေနဲ့လျောက်နိုင်မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဟိုတယ်ကြီးတွေမှာလုပ်ကိုင်နိုင်မှာဖြစ်ပြီး အခုခောတ်စားနေတဲ့ အပျော်စီးသင်္ဘော (Cruise Ship) များတွင်လည်း ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

Management Course ကတော့ Junior Management level လောက်ကနေစလုပ်ကိုင်နိုင်မှာဖြစ်ပြီး အနည်းဆုံး စင်ကာပူနိုင်ငံလောက်မှာသာ တတ်ရောက်သင့်ပြီး
အလုပ်အကိုင်အခွင့်လမ်းအနေဖြင့် အာမခံချက်ပိုရရှိနိုင်မှာဖြစ်ပါတယ်။

Language ပိုင်းအနေနဲ့တော့ အင်္ဂလိပ်စာကို ပိုကျွမ်းကျင်လေ
ကိုယ့်အတွက် အခွင့်အလမ်း ပိုများလေလို့ဘဲ မှတ်ထားလိုက်ပါ။

အကို့အနေနဲ့ အကြံပေးချင်တာကတော့ ဟိုတယ်လုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်တော့မယ်ဆိုရင် ကိုယ့်ပုံစံနဲ့လိုက်ဖက်မယ့် ကိုယ်ကလည်း အမှန်တကယ်စိတ်၀င်စားပြီး ရေရှည်လုပ်ကိုင်နိုင်မယ့် နေရာတခုကို အရင် ရွေးချယ်ရပါမယ်။ ပြီးမှ အဲ့ဒီဌာနနဲ့ သက်ဆိုင်တဲ့ သင်တန်းအမျိုးအစားတွေကို ရွေးချယ်တတ်ရောက်ပြီး အလုပ်အကိုင်ရရှိအောင်ကြိုးစားသွားပါလို့ ပြောချင်ပါတယ်။

နောက်အပါတ်တွေမှာ
သင်တန်းဘယ်လိုရွေးချယ်ရမလဲ။
ကိုယ့်ရဲ့ Passion ကဘာဖြစ်မလဲ။
Cruise Ship နဲ့ Dubai Hotel ဘာကိုရွေးချယ်သင့်သလဲ။

စတဲ့ ကိုယ့်ရဲ့ Career Growth အတွက် Goal Setting တွေချပြီး ဘယ်လိုအောင်မြင်အောင်လုပ်ဆောင်သင့်လဲ ဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လေးလုပ်ပြီး အကျိုးရှိမယ်ထင်ရင်လဲ ဘော်ဒါတွေအတွက် Share ပေးလိုက်ပါအုံးဗျာ။

သိချင်တာတွေရှိလဲ Chat Box မှာမေးနိုင်ပါတယ်။

Justin @ Pyae Phyo Kyi
Restaurant & Bar Consultant

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon