Julia's Language Club
04/06/2026
Summer တန်းလေးမှာ English ရော သင်္ချာပါ ဆက်တက်ချင်တဲ့ ကလေးတွေရှိတယ်။ တချို့က လူကိုယ်တိုင် လာတက်ချင်တယ်၊ စနေတနင်္ဂနွေ ဖွင့်ပေးပါ၊ တချို့ကလည်း လာတက်ချင်တယ် ကျောင်းဆင်းချိန် ညနေတွေ ဖွင့်ပေးပါ တောင်းဆိုကြတယ်။
တချို့ကလည်း ကျောင်းပို့ရလို့ ကျူရှင်တော့ ထပ်လာမပို့နိုင်လို့ online တန်းလေး လုပ်ပေးပါလားလို့ ပြောကြတယ်။ အခက်အခဲကလေ အချိန်တွေက တောင်းဆိုတာချင်း မတူကြတော့ အားလုံးအဆင်ပြေမယ့်အချိန်မျိုးကို ရွေးလို့တော့ မလွယ်တာပါ။
လက်ရှိ စီစဉ်ထားတာကတော့ စနေ/တနင်္ဂနွေမှာ ၁:၀၀-၂:၃၀ နဲ့ ၃:၀၀-၄:၃၀ မှာ English in person တစ်တန်း , Online တစ်တန်း ရယ် သင်္ချာ in person တစ်တန်း၊ Online တစ်တန်းရယ် ဖွင့်ပါမယ်။ ကြားရက်ထဲမှာလည်း English ကို in person တစ်တန်း ဖွင့်ဖို့ နေရာရှာနေပါတယ်။ ဒီတစ်ခေါက်တော့ သင့်တော်တဲ့ အတန်းအလိုက် နေရာချထားချင်တာမို့ placement test လေး ဖြေဖို့လိုပါတယ်။ June လ ပထမပတ်ထဲမှာ placement test လေး ဖြေရပါမယ်ရှင့်။
Placement Test အတွက်ကတော့ Fees တစ်ခုရှိမှာဖြစ်ပြီး ဖြေပြီးလို့ ကျောင်းအပ်ဖြစ်တဲ့အခါကျ အဲ့ Fees ကို ကျောင်းလခထဲကနေ ပြန်လည်နှုတ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
ပထမပို့စ်မှာ ပြောခဲ့သလို စာကို စာလိုချည်းသင်ပေးတဲ့ အတန်းမျိုးမဟုတ်တာကြောင့် Online Class Join ရတာမို့ ကြာရင်ပျင်းသွားနိုင်တာမျိုးလုံးဝမဖြစ်နိုင်ပါဘူးရှင်။
22/02/2026
Summer English and Maths Enrichment Class လေးက March လ 4 ရက်နေ့မှာ စဖွင့်ပါမယ်ရှင်။
နဂိုက in person အတန်းပဲ ဖွင့်တာပေမယ့် online ပါ ဖွင့်ဖို့ လာမပို့နိုင်တဲ့ မိဘတွေ၊ နယ်ကမိဘတွေကပါ တောင်းဆိုလို့ in person နဲ့ online class တပြိုင်တည်း သင်ဖို့ စီစဉ်ထားပါတယ်။ in person class ကို သင်ရင်း camera ကို whiteboard မှာ ချိန်ထားပြီး သင်ခန်းစာတွေကို သင်မှာပါ။ zoom platform ကနေ သင်မှာဖြစ်ပြီး viber group chat ထဲကို သင်တန်းမစမီ zoom link ပို့မှာဖြစ်ပါတယ်။ internet connection ကောင်းကောင်းရှိရင် အဆင်ပြေမှာပါရှင့်။
February 27 ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံနိုင်ပါတယ်ရှင့်။
ဒီနှစ် နွေရာသီအတွက် English and Maths enrichment class လေးတွေ Julia's Language Club မှာ စီစဉ်ထားပါတယ်ရှင်။
English အတွက်က တစ်ပတ်ကို အကြောင်းအရာ Theme မျိုးစုံအပေါ် အခြေခံထားတဲ့ Short videos လေးတွေကြည့်၊ သီချင်း/ကဗျာလေးတွေ နားထောင်ပြီး ပြန်ဆွေးနွေးကြမယ်။ အဲဒီအကြောင်းအရာပေါ် မူတည်ပြီးတော့ writing လေးတွေရေးမယ်၊ ရေးဖို့ အကြောင်းအရာအလိုက် သက်ဆိုင်ရာ grammar လေးတွေ သင်မယ်ပေါ့ရှင်။ Videos/songs တွေ နားထောင်ရင်း၊ listening exercises လေးတွေလုပ်ရင်း listening လေ့ကျင့်မယ်။ ပြန်ဆွေးနွေးရင်း ကိုယ့်အမြင်ကိုယ် presentation လုပ်ရင်းနဲ့ speaking လေ့ကျင့်ဖြစ်မယ်၊ pronunciation အတွက် လိုအပ်တာလေးတွေ မှားနေတာလေးတွေ ပြင်ပေးမယ်။ စာပိုဒ်ဖတ်ရင်း ပြန်ရေးရင်းနဲ့ reading, writing, grammar တွေပါ လေ့ကျင့်မယ်ဆိုတော့ 4 skills အတန်းလို့ ပြောလို့လည်းရသလို proficiency အတန်းလို့လည်း ခေါ်လို့ရပါတယ်။
Target age group နှစ်မျိုးဖြစ်ပါမယ်။ အသက် 8/9/10 အရွယ်တွေအတွက် English class 1 မှာ 12 ယောက်အထိ လက်ခံမှာဖြစ်ပြီး အသက် 11/12/13 အရွယ်တွေအတွက်က English class 2 မှာ 12 ယောက်အထိ လက်ခံမှာ ဖြစ်ပါတယ်။ သင်တန်းကြာချိန်ကတော့ တစ်တန်းကို တစ်နာရီခွဲနဲ့ တစ်ပတ်ကို နှစ်ရက်ဖြစ်ပါတယ်။
Maths Class အတွက်က Cambridge maths ကို အဓိကထား သင်မှာဖြစ်ပေမယ့် ကလေးတွေရဲ့ သင်ယူမှုကျွမ်းကျင်မှုအပေါ် မူတည်ပြီး တခြားပုစ္ဆာတွေကိုပါ ထိတွေ့လေ့ကျင့်ဖူးအောင် သင့်လျော်ရာ ပြင်ပသင်ခန်းစာပုံစံတွေကိုလည်း လိုအပ်သလို အကြောင်းအရာခေါင်းစဉ်အလိုက် ဖြည့်စွက်သင်ကြားပေးမှာဖြစ်ပါတယ်။ worksheets တွေ လုပ်ရင်း လက်တွေ့ သင်ထောက်ကူတွေနဲ့ လေ့လာရင်း သင်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။ သင်္ချာက ကလေးရဲ့ prior knowledge ကို ကြိုသိရအောင် ကလေးရဲ့ သင်ယူနိုင်မှုကို ပိုပြီးထိထိရောက်ရောက်တွက်ဆနိုင်ဖို့ placement test လေး ရှိပါမယ်ရှင်။
သင်္ချာကလည်း target age group နှစ်မျိုးပါပဲ။ 8/9/10 အရွယ်တွေအတွက် Maths Class 1 မှာ 12 ယောက်အထိ လက်ခံမှာဖြစ်ပြီး အသက် 11/12/13 အရွယ်တွေအတွက်က Maths Class 2 မှာ 12 ယောက်အထိ လက်ခံမှာ ဖြစ်ပါတယ်။ မိဘများ ကြိုပို့ရ အဆင်ပြေစေဖို့ English class နဲ့ maths class ကို နာရီဝက် အားလပ်ချိန်ခြားပြီး တစ်ဆက်တည်း အချိန်စာရင်းဆွဲထားပါတယ်ရှင့်။
သင်တန်းချိန်တွေက
English Class 1
Wednesday, Thursday - 1:30 pm to 3:00 pm
English Class 2
Wednesday, Thursday - 3:30 pm to 5:00 pm
Maths Class 1
Wednesday, Thursday - 3:30 pm to 5:00 pm
Maths Class 2
Wednesday, Thursday - 1:30 pm to 3:00 pm
သင်တန်းကြေးက English တစ်ဘာသာတည်းဆိုရင် တစ်သိန်းနှစ်သောင်းကျပ်၊ သင်္ချာတစ်ဘာသာတည်းဆိုရင် တစ်သိန်းကျပ်နဲ့ နှစ်ဘာသာလုံး ယူမယ်ဆိုရင်တော့ discount အဖြစ် နှစ်ဘာသာကို နှစ်သိန်းကျပ် တစ်လကို ကျသင့်ပါမယ်။
Julia's Language Class ရဲ့ ခြေလှမ်းသစ်ဖြစ်တာကြောင့် Registration fees ကို ဒီနှစ်နွေမှာ လက်ဆောင်အဖြစ် free သတ်မှတ်ထားတာမို့ materials ကြေးပဲ ကောက်ခံပါမယ်ရှင်။ materials ကြေးက တစ်ဘာသာလျှင် လေးသောင်းကျပ် ကျသင့်ပါတယ်။ ပထမတစ်လပဲ materials ကြေး သွင်းရန်ဖြစ်ပြီး နောက်လတွေမှာ ထပ်ပေးစရာ မလိုတော့ပါ။ Materials ကြေးမှာ စာအုပ်၊ worksheets စာရွက်ဖိုးတွေ အကုန်ပါပြီးသားပါရှင်။
နွေသုံးလ summer course တစ်ခုလုံးစာ သင်တန်းကြေးအပြတ်သွင်းသူများအတွက် 10% discount ရှိပါမယ်ရှင်။
သင်တန်းနေရာက သံသုမာလမ်းပေါ်၊ မြင်သာဈေးနဲ့ တောင်ဥက္ကလာဘုရားကြား၊ တက်လမ်းဆေးရုံနဲ့ မျက်နှာချင်းဆိုင်မှာပါ။
Edited - Page messenger က ဖြစ်စေ၊ Viber နံပါတ် 09798877205 မှာဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။
05/02/2026
Skills Booster အတန်းက ခုနှစ်ယောက်ပဲ လက်ခံမယ် ကြေငြာထားပေမယ့် share ပေး ညွှန်းပေးတဲ့ မိတ်ဆွေတွေရဲ့ကျေးဇူးနဲ့ လူပြည့်သွားပြီးနောက် ထပ်လာအပ်တဲ့သူတွေလည်း ရှိတာမို့ ခုနှစ်ယောက်လက်ခံပြီး နောက်ထပ်လာအပ်သူတွေအတွက် Skills Booster Class 2 ကို မူရင်း class နဲ့ အချိန်မတိမ်းမယိမ်းမှာပဲ အတူဖွင့်ဖို့ စီစဉ်ထားလိုက်ပါတယ်။
Waiting list ထဲမှာ လေးယောက်ရပြီမို့ သုံးယောက်စာပဲ နေရာလွတ်ပါတော့မယ်။
ဘာတွေသင်မယ်၊ ဘယ်လိုပုံစံသင်မယ်၊ ဘယ်သူတွေ တက်သင့်တယ်ဆိုတာကို Skills Booster Class အကြောင်း မိတ်ဆက်တုန်းက ပြောခဲ့ပြီးပြီမို့ ဒီ link လေးအတိုင်း ဖတ်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1013311251858809&id=100095398302610&mibextid=Nif5oz
သင်ကြားမှာတွေက အကုန်အတူတူပါပဲ။ ထိထိရောက်ရောက် လေ့ကျင့်နိုင်ချင်လို့သာ ခုနှစ်ယောက်စီပဲ လက်ခံတာမို့ နှစ်တန်းကွဲသွားတာပါ။
ထပ်ဖွင့်မယ့် Skills Booster Class 2 က
တနင်္လာ၊ ဗုဒ္ဓဟူး မနက် 10.00 နာရီကနေ 11.30 အထိ ဖြစ်ပါတယ်ရှင်။
နဂို နှစ်တန်းဖွင့်မယ်လို့ ကြေငြာထားတုန်းက လျာထားတဲ့ IELTS/Intermediate Class ကိုတော့ တခြားအချိန် ထပ်ရှာပြီး ထပ်ဖွင့်ပါ့မယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon