A Feeling Story
Ep (1)
ဇာတ်လမ်းအစကတော့
ကျွန်တော်နာမည်က ကျော်ကြီးပါ
အသက်တော့ ၁၉ ရှိပါပီ။
လုပ်ငန်းအဆင်မပြေမှုတွေ...မိသားစုအဆင်မပြေမှုတွေကြားထဲမှာ အမှတ်မထင်ပဲ လုပ်ငန်းခွင် တစ်ခုမှာ မနှင်းဆိုတဲ့ကောင်မလေးတယောက်ကို မြင်တွေ့လိုက်ရထဲက ကျွန်တော်ကံကြမ္မာဟာ ပြောင်းလဲလာခဲ့ပါတယ်.... မနှင်းက ကျွန်တော်အလုပ်လုပ်နေတဲ့ ကျောင်းကဆရာမတစ်ယောက်ပါ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစုံရင်း..ရင်တွေခုန်ခဲ့ကြပါ
တယ်...မနှင်းဟာ အလွန်ထက်မြတ်ပြီးတော့ ရင်ကျက်တဲ့ သူတစ်ယောက်ပေါ့....
ကျွန်တော်က ရင့်ကျက်မှု မရှိတဲ့သူ... ထိူသူနှစ်ယောက်ဆုံတွေ့ခိုက်မှာ...ကျွန်တော်ဟာ မဝင့်မရဲနဲ့ ကျွန်တော်အချစ်တွေကို ဖုံးကွယ်ထားခဲ့ရတယ်
အတွင်းသိအဆင်းအသိမဟုတ်ပေမဲ့ မြင်တွေ့လိုက်ရတဲ့ အချိန်ကစပီး...မလျော့သောစွဲလန်းမှူတွေနဲ့....ကျွန်တော်မေတ္တာသက်ဝင်ခဲ့ရတယ်..
ဒါပေမဲ့ မနှင်းမှာက ချစ်ရတဲ့သူရှိနေပြန်တယ်..
ထိုအကြောင်းကို သိလိုက်ရတဲ့အချိန်မှာ ပတ်ဝန်း
ကျင်က အေးမြနေပေမဲ့ ကျွန်တော့ရင်မှာ ကန္တာရ
တစ်ခုလိုပါပဲ...ဒါပေမဲ့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်....နောက်ပြန်လှည့်ဖို့ ကြိုးစားမယ်
ဆိုပေမဲ့....ကျွန်တော်ရှေ့ကို တိုးမိပြန်တာပါပဲ....
ဆက်ရန် Ep(2)
Van N
"မနှင်းရယ် လူတစ်ယောက်ရယ် မသက်ဆိုင်တဲ့ကျွန်တော်ရယ်"
အသံတွေက လိမ်ညာမှုကို ဖန်တီးတယ်...
မျက်စိတွေက အမှန်တရားကို ဦးတည်ပေးတယ်. ဒါပေမဲ့ မြင်တွေ့ရတဲ့ အရာတွေတိုင်းက အမှတ်တွေမဟုတ်ပါဘူး....တွေ့မြင်ရတဲ့ အရာတွေတိုင်းက အမှန်တရားတွေ မဟုတ်သလို့....တစ်ချို့အသံတွေကလည်း မမှန်ကန်တဲ့စကားတွေမဟုတ်ကြပ့ါဘူး......
ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိပါတယ်....
ဘာသာစကားတွေကော လူမျိုးတွေကော ဘာသာတွေကောရှိကြပါတယ်...
ဒါပေမဲ့ ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လူတိုင်း
ပြောနေကြစကားတစ်ခုပါ....
ရင်ထဲက ပါသလို...ရင်ထဲကမပါတဲ့သူတွေလည်း
ပြောကြပါတယ်.....ချစ်ခြင်းတရားကို ပြန်လက်
ခံတဲ့သူတွေလည်း ပြောကြပါတယ်....
ချစ်ခြင်းတရားကို ပြန်မရတဲ့သူတွေကိုတော့ ဆုံးရှုံးသူ (သို့မဟုတ်) အရှုံးသမား...အချစ်ရှုံးသမားပေါ့.....
ဒီလိုနဲ့လုံးပါးပါးရင်း အသက်ရွယါတစ်ခုကို
ရောက်ချိန်မှာ... နာကျင်မှုတွေ ခံစားမှုတွေကို ကျော်လွှားနိုင်ခဲ့ပေမဲ့ တစ်ဖန်ပြန်လည်ချစ်မိလာဖို့ အကြောင်းဖန်လာတော့......
မင်မင် ဇာတ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
အကျဉ်းချုပ်ကတော့
လူတစ်ယောက်က စွဲစွဲလန်းလန်း ချစ်မိသွားရင် ဘယ်လိုတွေခံစားရတယ်
ပီးတော့ ဘဝရဲ့ အချိုးအကွေ့တွေကြားမှာ စစ်မှန်တဲ့မေတ္တာတရားကို ရှာဖွေရင်း ကံကြမ္မာတစ်ခုရဲ့ အလှည့်အပြောင်းမှာ ပြန်လှန်ဆုံစည်းဖို့ကံပါလာပေမဲ့ မရိုးရှင်းတဲ့ လောကကြီးကြားက မိန်းမပျိုတစ်ယောက်ကိုသဘောကျမိတဲ့လူတစ်ယောက်အကြောင်းကို ဇာတ်ကောင်ယူ၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
မင်မင်တို့ရဲ့ ဇာတ်လမ်းခေါင်းစဉ်ကတော့
"မနှင်းရယ် လူတစ်ယောက်ရယ် မသက်ဆိုင်တဲ့
ကျွန်တော်ရယ်"
မင်မင်တို့ ဒီ A Feeling Story မှာဖြင့် မင်မင်ရဲ့ idea ဖြင့်ကိုယ်တိုင်ရေးထားသော ဇာတ်လမ်းကောင်းလေးများ၊ စာဖတ်ရတာ ဝါသနာပါသူများအတွက် Pro စာရေးဆရာမဟုတ်ပေမဲ့ အကောင်းဆုံး တတ်နိုင်သမျှ စာဖတ်သူများ နားလည်အောင် ဇာတ်လမ်းလေးများကို အပိုင်းလေးများခွဲ၍ တင်ဆက်ပေးသွားပါမည်။ 😊😊😊😊
Van N
Click here to claim your Sponsored Listing.
Category
Website
Address
Yangon