IVF Doctor

IVF Doctor

Share

16/10/2024

သာယာ ပျော်ရွှင် ချမ်းမြေ့သော

သီတင်းကျွတ် အခါသမယလေး‌ဖြစ်ကြပါစေကြောင်း

တောင်းဆုခြွေ‌လိုက်ရပါတယ်ရှင့်။

Photos from IVF Doctor 's post 03/06/2024

Superior A.R.T ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ စင်တာ

🏥 Superior A.R.T ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာကုသမှုများကို အထူးပြုတယ့် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစင်တာတစ်ခုဖြစ်ပါတယ်

🗓၂၀၀၇ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖန်ပြွန်သန္ဓေပြုလုပ်ခဲ့သည်မှာ ၁၇နှစ်ကျော် သက်တမ်းရှိပြီဖြစ်သည်။

💯Australia နိုင်ငံရှိ Genea မှ ခေတ်မီ နောက်ဆုံးပေါ်နှင့် အဆင့်မြင့်ဆုံးနည်းပညာတွေနဲ့ ကုသပေးလျက်ရှိပါတယ်။

📍ရရှိနိုင်တယ့်ကုသမှုနဲ့နည်းပညာတွေကတော့

👉IVF ဖန်ပြွန်သန္ဓေပြုလုပ်ခြင်း
👉ICSI ဓာတ်ခွဲခန်းတွင် သုတ်ကောင်အား မ မျိုးဥထဲသို့ ထိုးသွင်းရျ်သန္ဓေအောင်စေခြင်း
👉ICSI ကောင်းသောသုတ်ကောင်အား ရွေးချယ်ရျ် မ မျိုးဥထဲသို့ ထိုးသွင်းသန္ဓေအောင်စေခြင်း
👉IUI သုတ်ကောင်အားသားအိမ်ထဲသို့ ထည့်ပေးခြင်း
👉PESA / TESE သုတ်ကောင်မထွက်သော အမျိုးသားများအတွက် ခန္ဓာကိုယ်အတွင်းမှ စုတ်ယူခြင်း
👉PGT-A, PGT-M, PGT-M:PCR သန္ဓေသားအား သားအိမ်ထဲသို့မထည့်မီ မျိုးရိုးဗီဇ ခရိုမိုဆုန်းစစ်ဆေးခြင်း
👉Hysteroscopy သားအိမ်မှန်ပြောင်းဖြင့်စစ်ဆေးခြင်း
👉Egg Freezing သားဥအေးခဲထားပေးခြင်း
👉Embryo Freezing အောင်ပြီးသန္ဓေသားအေးခဲထားပေးခြင်း
👉Sperm Freezing သုတ်ကောင်အေးခဲထားပေးခြင်း

စသည်တို့ကို 👩‍⚕️ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများ၊ သန္ဓေသားပညာရှင်များနှင့် မျိုးရိုးဗီဇပညာရှင်များ ပူးပေါင်းကုသပေးသည်။

ကုသမှုတစ်ခုလုံးအတွက် အကောင်းဆုံးအရည်အသွေးနဲ့ 🧪အဆင့်မြင့်ဓာတ်ခွဲခန်းများထားရှိထားပါတယ်။

ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာမှာ 👶ကလေးပေါင်း​မျေားစွာကို အောင်မြင်စွာမွေးဖွားခဲ့ပြီးဖြစ်သောကြောင့် မိမိရဲ့အနာဂါတ်ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်တဲ့ ဖန်ပြွန်စင်တာတခု ဖြစ်ပါတယ်

📌ကျွန်ုပ်တို့မှ ဆေးကုသလိုသူများအတွက်📌

👩‍⚕️ဆရာဝန်ရက်ချိန်းယူပေးခြင်း
🛬လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
🏨တည်းခိုရန်စီစဥ်ပေးခြင်း
💁‍♀️မြန်မာစကားပြန်စီစဥ်ပေးခြင်း
🚗 ကားကြိုစီစဥ်ပေးခြင်း
❗️ ဆေးရုံမသွားမီ လိုအပ်သည်များကို အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးခြင်း
💸 ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်

🚘Ginkgo Health & Wellness ၏ ဝန်ဆောင်မှုများသည် အခမဲ့ ဖြစ်၍

~ ပိုမိုသိရှိလိုပါက ~
April Myanmar (Ginkgo Health & Wellness)
တိုက်(၁၂+၁)၊ပါရမီကွန်ဒို၊ပါရမီလမ်း၊(၁၆)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်မြို့။

Phone: 09-767722276
Viber: +95-767722276
Office hour: 9AM - 5PM

27/05/2024

သားအိမ်ပြင်ပမှာ သန္ဓေတည်တယ်ဆိုတာ ?

သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းထဲမှာ သားဥပြွန်မှာတည်တာ အများဆုံးပါဘဲ။

ပုံမှန်အားဖြင့် မျိုးအောင်ပြီးသား သန္ဓေသားလောင်းလေးဟာ သားအိမ်အတွင်းပြန်ဝင်လာပြီး သားအိမ်နံရံတွင် သန္ဓေတည်လေ့ရှိပါတယ်။

အရင်ကသားအိမ် ၊ သားဥပြွန် နဲ့ ဆီးလမ်းကြောင်းနာတာရှည် ပိုးဝင်ခြင်းတို့ ကြောင့် ယောင်ရမ်းခဲ့ဖူးပြီး

ဉပြွန်လမ်းကြောင်း မပိတ်ရင်တောင် ကျဉ်းသွားတာမျိုး ဖြစ်ကျန်နေခဲ့ရင်တော့ သ‌န္ဓေသားလေးဟာ ဉပြွန်ထဲမှာပဲတစ်နေပြီး သန္ဓေတည်သွားရပါတယ်။

နဂိုထဲက သားဥပြွန်လေးဟာ ကျဉ်းပြီး နံရံပါးလေးဖြစ်တဲ့အတွက် အကြာခင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဖောင်းလာပြီး ပေါက်ထွက်လာကာ ဝမ်းဗိုက်အတွင်း သွေးယိုစီးခြင်းဖြစ်လာပါတယ်။

အဲ့လိုမျိုးအချိန်မှာ ရုတ်တရက် ပြင်းထန်စွာ နာကျင်လာပြီး ရှော့ရတဲ့အထိဖြစ်တတ်ပါတယ်။ အခန့်မသင့်ဘဲ

အချိန်မှီသွေးသွင်းခြင်း ၊ ခွဲစိတ်ကုသခြင်းမလုပ်နိုင်ပါက မိခင်အသက်အန္တရယ်အထိ ရှိနိုင်ပါတယ်။

မေမေများ ကြိုတင်သတိထားနိုင်ဖို့ရာ အရေးကြီးပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေတည်ပါက ဆီးစစ်ရင် ကိုယ်ဝန်ရှိကြောင်းပြပြီး အာထရာဆောင်းရိုက်လိုက်ရင်တော့ သားအိမ်အတွင်းမှာ သန္ဓေသားကို မ‌တွေ့ရပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်လျှင်လည်း မပေါ့ဆဘဲ စောလျှင်စွာ ကုသခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

12/05/2024

Happy Mother's day

06/05/2024

မေမေတို့အတွက် ကိုယ်ဝန်‌ဆောင်နှုန်းမြင့်မားစေဖို့ အောက်ပါအချက် (၇)ချက်ကို သိရှိဖို့ လိုပါတယ်။
🌟🌟🌟🌟🌟🌟🌟

1) စိတ်ဖိစီးမှုတွေဟာ ကိုယ်ဝန်ရဖို့ အခွင့်အရေးကိုအနှောက်အယှက်ပေးခြင်း။

- နေ့စဉ်ကြုံတွေ့နေရတဲ့‌ စိတ်ဖိစီးမှုတွေဟာ ကိုယ်ဝန်ရဖို့ အခွင့်အရေးကိုအနှောက်အယှက်ပေးစေတယ်ဆိုတာ မေမေလောက်းလျာတို့ သိပါသလား။
- ဦးနှောက်ကနေ stress hormone ထုတ်တာကြောင့် သားဥအိမ်ရဲ့ သားဥကြွေခြင်းနဲ့ အလုပ်လုပ်ခြင်းကိုထိခိုက်စေပါတယ်။

၂) သားသမီးရတနာလိုချင်တဲ့ မေမေလောင်းလျာတို့ဟာ ကိုယ်ဝန်မဆောင်ခင်မှာ folic acid သောက်ဖို့လိုအပ်ခြင်း။

- အမျိုးသမီးအများစုဟာ vitamins တွေကို ကိုယ်ဝန် ဆောင်မှ စတင်သောက်တတ်ကြပါတယ်။

-အမှန်က vitaminB နဲ့ folic acid တွေကို ကိုယ်ဝန်မဆောင်ခင် ၂လအလိုကထဲက ကြိုတင်သောက်သုံးစင့်ပါတယ်။ သို့မှသာ cell ပွားမှုကောင်းခြင်း၊အရည်အသွေး ကောင်းခြင်း၊ သန်မာတဲ့ မမျိုးဥများရနိုင်ခြင်းနှင့် ကိုယ်ဝန်ဆောင်မှုအခွင့်အရေးများလာခြင်း စတဲ့ အကျိုးကျေးဇူးများရရှိစေပါတယ်။

၃) လိင်ဆက်ဆံမှု ပုံစံအနေအထားဟာ ကိုယ်ဝန်ရစေခြင်းကို မထိခိုက်စေပါ။

- ဘယ်လို လိင်ဆက်ဆံပုံအနေအထားနဲ့ဖြစ်ပါစေ အမျိုးသားရဲ့သုက်ကောင်လေးတွေဟာ မမျိုးဥနဲ့ပေါင်းစပ်ရာမှာ ထိခိုက်မှုမရှိစေပါ။

၄) လိင်ဆက်ဆံပြီးပြီးချင်း မတ်တပ်ရပ်ခြင်းဟာလည်း ကိုယ်ဝန်ရရှိမှုကို အနှောက်အယှက်ထိခိုက်မှု မဖြစ်စေပါ။

- သို့သော် IVF ဖန်ပြွန်သန္ဓေနဲ့ IUIကဲ့သို့သော နည်းလမ်းများအသုံးလျှင် နာရီဝက် သို့မဟုတ် ၁နာရီ လဲလျောင်းနေရပါမယ်။

၅) တစ်ရက်မှာ အကြိမ်ရေများစွာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရရန် အခွင့်အရေး ပိုမများစေပါ။

- အမျိုးသားရဲ့ သုက်ပိုးဟာ မမျိုးဥနဲ့ပေါင်းဖို့ သားအိမ်ထဲမှာ ၄၂နာရီကနေ ၇၂နာရီအထိ စောင့်ပါတယ်။

-ဒါ့ကြောင့် သားဥမကြွေခင် ၂ရက်တစ်ခါ ဆက်ဆံခြင်းဟာ ကိုယ်ဝန်ဆောင်ဖို့အခွင့်အရေးကို လုံလောက်စေတဲ့အပြင် မြင့်မားစေပါတယ်။

၆) ပိန်ခြင်း၊ဝခြင်း၊ ကျန်းမာခြင်းတွေဟာ ကလေးရကိုရနိုင်တယ်ဆိုတဲ့အာမခံချက်ကိုမပေးနိုင်ပါဘူး။

- အားကစားနဲ့လေ့ကျင့်ခန်းများလုပ်ခြင်း၊ အစားရှောင်ခြင်း တွေဟာ ခန္ဓာကိုယ် အဟာရ ချို့တဲ့မှုကိုဖြစ်စေပြီး သားဥကြွေမှုကိုလည်းနှောက်ယှက်‌လို့ ကလေးမရတာဖြစ်နိုင်ပါတယ်။

၇) ရာသီပုံမှန်လာတာဟာလည်း ကိုယ်ဝန်ရနိုင်တယ်လို့တထစ်ချပြောလို့မရပါဘူး။

-ရာသီမမှန်တာဟာ သားဥကြွေမှုကို မသေချာတာကြောင့် ကိုယ်ဝန်ရမှုကိုအနှောက်အယှက်ဖြစ်စေတတ်ပါတယ်။

- ၃၅နှစ်နဲ့အထက်ကို ကိုယ်ဝန်ရဖို့ကြိုးစားနေတာ ၁နှစ်နဲ့အထက်ရှိခဲ့မယ်ဆိုရင်တော့ အခြားပြဿနာတွေနဲ့တွဲနိုင်တာမို့လို့ OGနဲ့ပြသသင့်ပါတယ်။

📢📢📢📢📢
နောက် ပို့စ်တွေမှာ
အလျင်းသင့်ရာကျန်းမာရေးအတွက်
ဆွေးနွေး အသိပညာလေးတွေပေးသွားမှာမို့
ကျမတို့ ရဲ့ page လေးကို Like and Follow လုပ်ထားဖို့မမေ့ကြပါနဲ့နော်။
👍👍👍👍👍

💌💌💌💌💌
အသိပညာလေးတွေကို
ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုများဆီကို
မျှဝေပေးချင်တယ်ဆိုရင်တော့
ပို့စ်လေး‌တွေကို
လွတ်လပ်စွာ sharingလုပ်လို့ရပါတယ်ရှင့်။

🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀

ကျန်းမာပျော်ရွှင်လှပတဲ့ဘ၀များပိုင်ဆိုင်ကြပါစေ။

👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟

သားသမီးရတနာလေးများရရှိလိုသည့် ဖေဖေမေမေများဆက်သွယ်မေမြန်းနိုင်ပါတယ်ရှင့်။

IVF Doctor Myanmar.

❗️တိုက်(၁၂+၁)၊ အခန်း ၁၂၀၁၊ ပါရမီကွန်ဒို၊
လှိုင်မြို့နယ်။

☎️ 09767722276

03/05/2024

Myanmar passport ကိုင်ထားပြီး visa လျောက်စရာမလိုတဲ့နိုင်ငံများ👇👇

🛫1-🇹🇭Thailand 14days

🛫2-🇱🇦Laos 14days

🛫3-🇻🇳Vietnam 14days

🛫4-🇰🇭Cambodia 14days

🛫5-🇧🇳Brunei 14days

🛫6-🇩🇲Dominica 21days

🛫7-🇸🇬Singapore 30days

🛫8-🇵🇭Philippines 30days

🛫9-🇮🇩Indonesia 30days

🛫10-🇲🇻Maldives 30days

03/05/2024

ကိုယ်ဝန်သည်မေမေ လစေ့သောအခါ
******************************
(က) လစေ့ခြင်းက ဘယ်အချိန်လဲ။🔮

လစေ့တယ်ဆိုတာ အတိအကျပြောရင် နောက်ဆုံးလာတဲ့ရာသီရဲ့ပထမဆုံးနေ့မှ ၃၇ ပတ်ပြည့်ချိန်ကို ခေါ်ပါတယ်။
✳️✳️✳️
(ခ) သဘာဝအတိုင်းမွေးဖို့ စီစဉ်ထားတဲ့ မေမေတို့က ၃၇ပတ်မှ အပတ်၄၀ အတွင်း တစ်ရက်ရက်မှာ ဘာတွေစဖြစ်မလဲ။🔮

ပထမဆုံး သားအိမ်ခေါင်းလေး ပျော့ပြီးပါးလာပါတယ်။ ဒီအချိန်မှာ မေမေက ဘာမှ မခံစားရသေးပါဘူး။ နာရီပိုင်းမှ ရက် အနည်းငယ်ထိကြာနိုင်ပါတယ်။

နောက်တဆင့်ဖြစ်တဲ့ ကိုယ်ခန္ဓာ မီးဖွားဖို့ ပြင်ဆင်ချိန်မှာ မေမေက အောက်ပါ လက္ခဏာအချို့ကို စတင်ခံစားရပါမယ်။

(၁) ခါးအောက်ပိုင်း နာခြင်း
(၂) သွေးချွဲဆင်းခြင်း
(၃) ရာသီလာရင် ဗိုက်နာသလိုနာခြင်း
(၄) ဝမ်းပျော့ပျော့သွားခြင်း
(၅) အန်ချင်ခြင်း

အထက်ပါလက္ခဏာများစတင်ချိန်မှ သားအိမ်ခေါင်း အပြည့်ပွင့်ပြီး မွေးချိန်ထိ ၈ နာရီမှ ၁၂ နာရီထိကြာနိုင်ပါတယ်။
✳️✳️✳️
(ဂ) ဆေးရုံ ဘယ်အချိန်သွားရမလဲ။🔮

(၁) ကိ်ုယ်ဝန်မှာ သွေးတိုး၊ ဆီးချိုစတဲ့ ပြဿနာတစ်ခုခုရှိသူများ၊ ၃၇ ပတ်မပြည့်သေးသူများ၊ ဆေးရုံဝေးသူများက အထက်ပါလက္ခဏာများစတင်တာနဲ့ ဆေးရုံသွားသင့်ပါပြီ။

(၂) ကိုယ်ဝန်တလျှောက်လုံး မိခင် ကျန်းမာ၊ ကလေးကျန်းမာပြီး ပုံမှန် ဆရာဝန်ပြခဲ့သူများက ဆေးရုံအဝေးမှာ မနေရင် ရေမွှာပေါက်ချိန်၊ သားအိမ်ညှစ်တာ စိပ်လာချိန်၊ သားအိမ်ညှစ်တာ အားပြင်းလာချိန်မှာ ဆေးရုံသွားသင့်ပါပြီ။

(၃) ဘယ်သူမဆို ဆေးရုံအမြန်သွားသင့်သလဲ။

ရေမွှာပေါက်ချိန်မှာ ဝေါကနဲထွက်လာနိုင်သလို တစိမ့်စိမ့် ထွက်လာနိုင်ပါတယ်။ ရေမွှာပေါက်ချိန်မှာ အရေးကြီးဆုံးက ထွက်လာတဲ့ရေအရောင်အစိမ်းဖန့်ဖန့် (သို့) သွေးပါပြီဆို ကလေးအောက်ဆီဂျင်ရဖို့ အခက်အခဲရှိနေပြီလို့ အချက်ပေးတာ ဖြစ်လို့ နီးစပ်ရာ ဆေးရုံအမြန်ဆုံးသွားပါ (သို့) အပ်ထားတဲ့ အိုဂျီကို ဆက်သွယ်ပါ။
✳️✳️✳️
(ဃ) ကျန်းမာသူ မေမေများ ရေမွှာမပေါက်ခင်၊ သားအိမ်က ပုံမှန်စမညှစ်ခင် ဘာလုပ်နိုင်သလဲ။🔮

(၁) အိမ်မှာ နားနားနေနေနေ နေပါ။
(၂) ဗိုက်ဆာရင် ဘီစကစ်၊ ပေါင်မုန့်စတဲ့ အစာကျေလွယ်တဲ့ မုန့်လေးတွေ နည်းနည်းစီ မကြာခဏ ပုံမှန် စားပေးပါ။ မီးဖွားဖို့ အားအင်လိုသလို အများကြီးစားရင် အန်ချင်စိတ် ပိုဆိုးမယ်။ အရေးပေါ် မေ့ဆေးလိုခဲ့ရင် အစာအိမ်ပြည့်မတင်းနေတာ ကောင်းပါတယ်။
(၃) လန်းဆန်းသွားအောင် ရေချိုးပါ။
(၄) အိမ်သာမှန်မှန်သွားပါ။
(၅) ညဘက်ဖြစ်ရင် အိပ်ပျော်အောင် အိပ်လိုက်ပါ။

မီးဖွားဖို့အတွက် ဆေးရုံမရောက်ခင် အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရန် ကိုယ်ဝန်ဆောင်မေမေနှင့် ခင်ပွန်းသည်တို့ သိသင့်သော ဗဟုသုတအဖြစ် ရေးပေးပါသည်။

နေနေမိုးဆွေ (Child Health Myanmar)
Reference: The Women's, Victoria, Australia
Photo Credit to Google Images

24/04/2024

🌟🌟🌟🌟🌟
ဖန်ပြွန်သန္ဓေကုသမှု ( IVF ) ဘယ်အချိန်မှာမဖြစ်မနေလိုအပ်ပါသလဲ။

ဒီမေးခွန်းလေးကိုဖြေပေးပါမယ်နော်။

✨✨✨✨
ဖေဖေ‌ မေမေတို့ရေ
ဘာကြောင့်မှန်းမသိပဲ
သားသမီးရဖို့ကြန့်ကြာနေတယ်ဆိုရင်..........
အောက်ကဇယားလေးအတိုင်း မေမေတို့ရဲ့အသက်အရွယ်အလိုက် စောလျင်စွာ ကုသကြဖို့လိုအပ်ပါတယ်နော်။

၁) အသက် ၃၅နှစ်အောက်မေမေဖြစ်မယ်ဆိုရင်...
⭐ က‌လေး ရဖို့ကြိုးစားနေတာ ၂နှစ် မပြည့်သေးရင်တော့ ၂နှစ်ပြည့်အောင် စောင့်ရလို့ရပါတယ်။

⭐၂နှစ်ကြာအထိမရသေးရင်တော့ သားဥကြွေဆေးသုံးပြီး သားဥကြွေစေပြီး IUI လို့ခေါ်တဲ့ အမျိုးသားသုတ်ပိုးကို မွေးလမ်းကြောင်းမှတဆင့်သားအိမ်ထဲထည့်‌ပေးရတဲ့ ကုထုံးကို ( ၃ကြိမ်ကနေ ၆ကြိမ်အထိ ) အသုံးပြုရပါမယ်။

⭐ IUI ( ၃ကြိမ်ကနေ ၆ကြိမ်အထိ ) ကြိုးစားလို့ ကလေးမရသေးဘူးဆိုရင်တော့ IVF ဖန်ပြွန်သန္ဓေကုသမှုကို ယူတော့မှ သားသမီးရဖို့ ပိုမိုမြန်ဆန်အဆင်ပြေပါလိမ့်မယ်။

၂) အသက် ၃၅နှစ်နဲ့ ၃၉နှစ်ကြား မေမေဖြစ်မယ်ဆိုရင်...
⭐ က‌လေးရဖို့ကြိုးစားနေတာ ၁နှစ်‌ကျော်သွားရင်တော့ အသားဥကြွေဆေးသုံးပြီး သားဥကြွေစေပြီး IUIလို့ခေါ်တဲ့ အမျိုးသားသုတ်ပိုးကို မွေးလမ်းကြောင်းမှတဆင့်သားအိမ်ထဲထည့်‌ပေးရတဲ့ ကုထုံးကို ( ၂ကြိမ်ကနေ ၃ကြိမ်အထိ ) အသုံးပြုရပါမယ်။

⭐ IUI ( ၂ကြိမ်ကနေ ၃ကြိမ်အထိ ) ကြိုးစားလို့ ကလေးမရသေးဘူးဆိုရင်တော့ IVF ဖန်ပြွန်သန္ဓေကုသမှုကို ယူတော့မှ သားသမီးရဖို့ ပိုမိုမြန်ဆန်အဆင်ပြေပါလိမ့်မယ်။

၃) အသက် ၃၉နှစ်အထက် မေမေဖြစ်မယ်ဆိုရင်...
⭐ က‌လေးရဖို့ကြိုးစားနေတာ ဘယ်လောက်အချိန်ပဲဖြစ်ဖြစ် ( အချိန်ကြာကြာစောင့်ရင် ကလေးရဖို့အခွင့်အရေးနည်းသွားနိုင်တာမို့လို့ပါ ) အသားဥကြွေဆေးသုံးပြီး သားဥကြွေစေပြီး IUIလို့ခေါ်တဲ့ အမျိုးသားသုတ်ပိုးကို မွေးလမ်းကြောင်းမှတဆင့်သားအိမ်ထဲထည့်‌ပေးရတဲ့ ကုထုံးကို ( ၂ကြိမ်အထိ ) အသုံးပြုရပါမယ်။

⭐ IUI ( ၂ကြိမ်အထိ ) ကြိုးစားလို့ ကလေးမရသေးဘူးဆိုရင်တော့ IVF ဖန်ပြွန်သန္ဓေကုသမှုကို ယူတော့မှ သားသမီးရဖို့ ပိုမိုမြန်ဆန်အဆင်ပြေပါလိမ့်မယ်။

📢📢📢📢📢
နောက် ပို့စ်တွေမှာ
မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာများကို
ပြောပြ ဆွေးနွေးပေးသွားမှာမို့
ကျမတို့ ရဲ့ page လေးကို Like and Follow လုပ်ထားဖို့မမေ့ကြပါနဲ့နော်။
👍👍👍👍👍

💌💌💌💌💌
အသိပညာလေးတွေကို
ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုများဆီကို
မျှဝေပေးချင်တယ်ဆိုရင်တော့
ပို့စ်လေး‌တွေကို
လွတ်လပ်စွာ sharingလုပ်လို့ရပါတယ်ရှင့်။

🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀

ကျန်းမာပျော်ရွှင်လှပတဲ့ဘ၀များပိုင်ဆိုင်ကြပါစေ။

👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟👨‍👩‍👧‍👦🌟

သားသမီးရတနာလေးများရရှိလိုသည့် ဖေဖေမေမေများဆက်သွယ်မေမြန်းနိုင်ပါတယ်ရှင့်။

❗️တိုက်(၁၂+၁)၊ အခန်း ၁၂၀၁၊ ပါရမီကွန်ဒို၊
လှိုင်မြို့နယ်။

☎️ 09767722276

17/04/2024

မြန်မာ့နှစ်သစ်ကူးအချိန်အခါကစလို့ အားလုံးပဲ
ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

#သင်္ကြန် #နှစ်သစ်ကူး

13/04/2024

🌿💦🌿💦🌿💦
HAPPY THINGYAN FESTIVAL

10/04/2024

ဘာကြောင့် သားသမီးမရနိုင်တာလဲဆိုတဲ့ အကြောင်းလေး မျှဝေပေးသွားမှာဖြစ်ပါတယ်။

သားသမီးမရနိုင်တဲ့အကြောင်းအရင်းတွေဟာ အမျိုးသမီးကြောင့်လည်း ဖြစ်နိုင်သလို အမျိုးသားကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေမှာ
(၁) သားဥအိမ်မှာ ပြဿနာဖြစ်တာမျိုး (ဥပမာ - PCOSလို့ခေါ်တဲ့ သားဥမကြွေတဲ့ရောဂါမျိုး၊ သားဥအိမ် နှစ်ဖက်စလုံး ရေအိတ်၊ သွေးအိတ် တည်နေပြီး သားဥအိမ်ရဲ့ အလုပ်လုပ်တဲ့အပိုင်းထိခိုက်တဲ့ အခြေအနေမျိုး)
(၂) သားဥပို့ပြွန်ပိတ်တာမျိုး (ဥပမာအားဖြင့် - ရောဂါပိုးကြောင့် သားဥပို့ပြွန် နှစ်ဖက်စလုံးရောင်ခြင်း ရေအိတ်ဖြစ်ခြင်းနှင့် ပိတ်ခြင်းများ)
(၃) သားအိမ်အတွင်း အမြှေးများဖြစ်ပေါ်ခြင်း၊ သားအိမ်ပုံမမှန်ဖြစ်ခြင်း၊ (ဥပမာ -မွေးရာပါသားအိမ်ပုံစံ မမှန်ခြင်း၊ သားအိမ်အတွင်း အမြှေးများရှိခြင်း၊ သားအိမ်ခြစ်ခြင်းကြောင့် ရောင်ပြီး နောက်ဆက်တွဲ အနေနဲ့ အမြှေးများ ဖြစ်ခြင်း။
(၄) အဝလွန်ခြင်း (BMI ≥ 30kg/m2 ရှိခြင်း)
(၅) ဆေးလိပ် ၊ အရက်သောက်ခြင်း။
(၆) သားဥကြွေမှုကို ထိခိုက်စေသော ရောဂါကုထုံးများ (ဥပမာ - ဓါတ်ရောင်ခြည်ပြကုသမှု) ဓာတုဆေးများ ထိတွေ့ကိုင်တွယ်ခြင်း။
(၇) အကြောင်းအရင်း အတိအကျမသိရဘဲ ကလေးမရခြင်း တို့ပဲဖြစ်ပါတယ် ....,,,

09/04/2024

ပထမဦးဆုံး အနေနဲ့ သားဥအိမ်အကြောင်းကို အရင်ပြောပြပေးပါမယ်။

သန္ဓေသားတွယ်ကပ်ကြီးထွားလာဖို့အတွက်

သားအိမ်ခေါင်း

- သားအိမ်ခေါင်းကို အတွင်းပိုင်း နဲ့ အပြင်ပိုင်းဆိုပြီး (၂)ပိုင်းရှိပါတယ်။

- ကိုယ်ဝန်ဆောင်စဉ်မှာ သားအိမ်ခေါင်း မလုံပါက သားပျက်သားလျှောဖြစ်ခြင်း၊ အချိန်မတိုင်မီ စောပြီးကလေးမွေးဖွား တက်ခြင်းများ ဖြစ်နိုင်ပါတယ်။

မွေးလမ်းကြောင်း

- မွေးလမ်းကြောင်းကတော့ ပုံမှန် ၈စင်တီမီတာ ရှိပြီး Rugas လို့ခေါ်တဲ့ အတွန့်အခေါက် နံရံတွေနဲ့ ဖွဲ့စည်းထားပါတယ်။မိခင်ဝမ်းဗိုက်အတွင်းမှာရှိနေတဲ့ သန္ဓေသားဘဝမှာ သားဥအိမ်ဟာသားဥအရေအတွက် သန်းနဲ့ချီပြီး ပါရှိပါတယ်။

- မိခင်ဝမ်းဗိုက်မှ မွေးပြီးချိန်ကနေ ပျိုဖော်ဝင်ချိန်အထိ တဖြည်းဖြည်းနည်းလာတာ သားဥ အရေအတွက် ဟာ ၂သိန်းခွဲကနေ ၄သိန်းအထိပဲ ကျန်ရှိပါတော့တယ်။

- သွေးဆုံးတော့မည့် အသက်အရွယ်နှင့် နီးကပ်လာချိန်မှာတော့ သားဥအိမ်အရေအတွက်ဟာ မကျန်တော့ သလောက် နည်းပါးသွားတက်ကြပါတယ်။

- ပျိုဖော်ဝင်စချိန်မှာရှိနေတဲ့ သားဥရေ ၂သိန်းခွဲကနေ ၄သိန်းထဲကမှ သားဥအလုံးရေ ၄၀၀ ဝန်းကျင်ကိုသာ အမျိုးသမီးတို့ရဲ့ ရာသီလာချိန်/ဓမ္မတာလာချိန် ဘဝသက်တမ်းတလျှောက်လုံး၏သားဥကြွေချိန်မှာအသုံးပြု ကြပါတယ်။

- ဘာကြောင့် သားဥ ၂သိန်း ကျော် ၄သိန်းထဲကနေမှ သားဥရေ ၄၀၀ ပဲ သုံးကြသလဲဆိုတော့ ပုံမှန် ဓမ္မတာလာခါနီး အချိန်မှာ သားဥအလုံးရေ ၅ လုံး ကနေ အလုံး ၂၀ အထိဟာ အရွယ်အစားကြီးလာတက်ကြပါတယ်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bld 12+1, R 1201, Payami Condo, Hlaing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00