TellUS Marketing Group

TellUS Marketing Group

Share

27/11/2023

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)

မြန်မာ့ဆယ့်နှစ်လရာသီတွေထဲ အဋ္ဌမမြောက်လဖြစ်ပြီး မြန်မာလူမျိုးများရဲ့
အထွတ်အမြတ်ထားရာပွဲတော်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာလတစ်လဖြစ်ပါတယ်။ ဘုရားရှင်သည် အဇာတသတ်မင်းအား
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူခဲ့သည့်အတွက်
တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါတယ်။

တန်ဆောင်မုန်းလမှာဆိုရင်မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလှူရေစက်လက်နဲ့မကွာလှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကျင်းပရာလတစ်လလဲဖြစ်ပြီး တန်ဆောင်မုန်းလပြည့် ဥပုသ်နေ့မှာဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည်ဓလေ့ရိုးရာထုံးထမ်းအတိုင်း
ဘုန်းကြီးကျောင်းကန်များသို့သွားရောက်၍ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပြီးနောက်
ငါးပါးသီလခံယူဆောက်တည်ကြတဲ့အစဥ်အလာလည်းရှိပါတယ်။

ဤကဲ့သို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ နေ့တွေထဲတစ်ရက်အပါအဝင်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) မှာ (၇) ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ TellUS Marketing Group မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏🙏🙏

#တန်ဆောင်မုန်းလပြည့်
#ဥပုသ်နေ့

23/08/2023

သင့်ရဲ့ Business က အခုခေတ် Trend တွေနောက်ကိုလိုက်မမှီတော့ဘူးမလား?

တစ်နေ့ထက်တစ်နေ့ ပိုပိုကျယ်ပြန့်လာတဲ့ digital trend တွေကြားမှာ အမှီလိုက်ဖို့ကလည်း ခဲယဉ်းလာပါတယ်။လုပ်ငန်းတူစီးပွါးတူတွေကြားမှာလည်း ကိုယ့် Product ပိုရောင်းရစေဖို့ Audience တွေကိုအမျိုးမျိုးဆွဲဆောင်ရတဲ့အပိုင်းတွေမှာ မိမိရဲ့အရောင်း Post ကိုသတိထားမိစေဖို့ trending Design နဲ့ Contentတွေက အများကြီး အရေးပါလာပါတယ်။

စျေးကွက်ပိုပြီးကျယ်ပြန့်လာတာနဲ့အမျှ Online Platform ပေါ်မှာ ကိုယ့် Brand ကို Client တွေရွေးချယ်ချင်အောင် ဆွဲဆောင်မှုရှိတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် သူများနဲ့မတူတဲ့ Marketing Idea တွေရှိဖို့လိုအပ်ပါတယ် ✅

ဒါဆိုရင် အများနဲ့မတူကွဲထွက်နေအောင် ဘာတွေလုပ်သင့်လဲ ?

✔️ အရေးကြီးဆုံးကတော့ Online Business တွေအတွက် ဝယ်သူ တွေဆီက ပိုမို Attention ရစေမဲ့ လက်ရှိ Trend တွေနဲ့အညီ Post တွေများများတင်နိုင်ဖို့ပါပဲ ✔️

စနစ်တကျ Trend တွေကိုအမှီ လိုက်နိုင်ဖို့ဆိုရင် Post ဖြစ်ရင်ပြီးရောလား ?

❌ Totally No ပါ ❌ Post ဖြစ်ရင်ပြီးရောဆိုပြီး Resolution မကောင်းတဲ့ပုံတွေ Systematic မကျတဲ့စာတွေဟာ သင့် Brand Image ကိုကျစေတဲ့အပြင် ဝယ်သူတွေကိုပါစိတ်ပျက်စေနိုင်ပါတယ် 😑👎

Brand Image ကိုမြှင့်တင်နိုင်ပြီး သင့် Brand ကိုရွေးချယ်လာစေဖို့ Quality ပြည့်မှီပြီး Trending ဖြစ်နေတဲ့ အသုံးအနှုန်းနဲ့ Content တွေ အရည်အသွေးမြင့်တဲ့ Design တွေကအလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ် ✅

❗ နောက်တစ်ချက်ကတော့ လူတွေက ပစ္စည်းဝယ်ဖို့အတွက် Facebook ထဲကို ဝင်လာကြတာမဟုတ်ပါဘူး ❗ သူတို့ရဲ့ Entertain ရဖို့အတွက်သာ Facebook ကို သုံးနေကြခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ သူတို့ရဲ့ Facebook Newfeed မှာပေါ်လာမဲ့ သင့်ရဲ့အရောင်း Post က Client ရဲ့မျက်လုံးထဲမှာ ပျင်းဖို့ကောင်းမနေပဲ ဆွဲဆောင်မှုရှိတဲ့ Trending ဖြစ်နေတဲ့ Design တွေ Content တွေအသုံးပြုနိုင်မှ Audiences တွရဲ့ Attention ကိုရယူနိုင်မှာပဲဖြစ်ပါတယ်နော်✅

☑️Trend တွေနဲ့အညီ Quality ပြည့်မှီပြီးဆွဲဆောင်မှုရှိတဲ့ Content နဲ့ Design ကိုလိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ TellUS Marketing Group 📩m.me/tellusmarketinggroup or
📱09 941256874 ကို အခုဘဲဆက်သွယ်ပြီး အကြံဉာဏ်များ ရယူနိုင်ပါပြီ။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 19, Bayintnaung Road, Hlaing Township
Yangon
11051