FTTx Knowledge Box

FTTx Knowledge Box

Share

14/03/2024

တိုင်လို့ရတယ်တဲ့နော် 😁

အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု
-----------------
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဒုတိယအကြိမ် ထပ်မံခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀/-အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ပါသည်။ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀/- အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon