Knowledge From Stories -KFS
27/09/2019
အရမ်းကို ကောင်းလွန်းတဲ့ စာလေးပါ။
-----------------------_--------
လှေက ကမ်းမှာကပ်ထားရင် အန္တရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
။။။
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´
စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´
မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊
အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´
စစ်သူကြီးကမေးတယ်၊
` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ´
မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား ´
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကထပ်မေးတယ်၊
` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ´
မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊
`မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊
ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊
လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊
ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ
ပြန်လည်မျှဝေသူ 📣VK🇱🇹🇱🇹
27/09/2019
"အဖေ့စကား ၃ခွန်း"
သားရေ.....
လူတိုင်းမှာမျှော်မှန်းထားတဲ့အနာဂါတ်
ရည်မှန်းချက်ဆိုတာရှိကြတယ် ဒါဆိုသားမှာလဲ
ရှိမှာပေါ့ အနာဂါတ်မှာလှပတဲ့ဘဝဖြစ်ချင်ရင်
အတိတ်တွေကိုတရေးသိပ်ထားလိုက်ပါသား
ဘာဖြစ်လို့လဲဆိုတော့ပြီးဆုံးသွားအရာတွေထဲက
ကျရှုံးမှုတွေ လဲကျမှုတွေကိုပြန်မြင်ရောင်ပြီး
ကြိုးစားချင်စိတ်နည်းသွားတက်သလို
အောင်မြင်ခဲ့တာတွေ ထင်ပေါ်ခဲ့တာတွေ
ကိုပြန်တွေးရင်းနဲ့အချိန်တွေကုန်သွားတက်လို့ပဲ
သားလက်ထဲမှာတန်ဖိုးမရှိအရာတွေဆုပ်ကိုင်
ထားရင်တန်ဖိုးရှိတဲ့အရာတွေထည့်စရာမရှိ
ဖြစ်နေမှာစိုးတယ်သား။
သားရေဘယ်သူမှမွေးကတည်းကအရည်အချင်း
ဆိုတာမပါလာဘူး လေ့ကျင့်ရင်း သင်ယူရင်းနဲ့မှ
တဖြည်းဖြည်းနဲ့ တိုးတက်လာတာပါ
ဓားဆိုတဲ့အရာဟာသွေးမှထက်တယ်
မသွေးဘဲပစ်ထားတာအနည်ငယ်ကြာရင်
သံချေးတက်သလိုပဲသား ဦးနှောက်ကတွေးပါ
မတွေးဘဲထားတဲ့ဦးနှောက်ကကြာရင်
လေးလာတယ်သား
လူတစ်ယောက်အောင်မြင်တယ်ဆိုတာ
သူဆုံးရှုံးခဲ့ပမာဏနဲ့ပေးဆပ်ခဲ့တဲ့အရာတွေနဲ့
တိုက်ရိုက်အချိုးကြတယ်သား
မရှုံးဘူးတဲ့လူဟာ အနိုင်ရတယ်ဆိုတာ
မရှိပါဘူး ဒါကြောင့်သား
လဲရင်ပြန်ထ ကျရင်ပြန်တက်
ရှုံးရင်ပြန်စ ငါ့သားလက်မမြောက်သ၍
ငါ့သားဘယ်တော့မှတကယ်မရှုံးဘူး
သားရေအဖေသားကိုစိန်စီထားတဲ့
နာရီဝယ်မပေးနိုင်ဘူးဒါပေမဲ့
အချိန်မှန်တဲ့နာရီတစ်လုံးတော့
အဖေပေးနိုင်တယ်သား
တကယ်တော့နာရီဆိုတာဟာ
သိန်းကျော်တန်ဖြစ်ဖြစ် သောင်းကျော်တန်ဖြစ်ဖြစ်
ထောင်ကျော်တန်ဖြစ်ဖြစ်အားလုံးဟာအချိန်တူပါပဲ
ဈေးပိုပေးရလို့ဆိုပြီးဘယ်နာရီမှတနေ့ကို
၂၅ နာရီမလည်ပါဘူး
နာရီထုတ်လုပ်သူရဲ့ပင်မစိတ်ကူးက
အချိန်မှန်ကိုသိစေချင်ရုံပဲသား
သားသာနာရီရဲ့အချိန်တွေကိုစိန်တွေလို
တန်ဖိုးထားပြီးတကယ်ကြိုးစားရင်
တစ်ချိန်မှာအချိန်ထဲကနေစိန်ထွက်လာမယ်သား
ဒါပေမဲ့ဘဝဆိုတာကိုတော့ဘောင်မခက်မိပါစေနဲ့
နွားခြေရာခွက်ကိုကမ္ဘာထင်တဲ့ဖားဟာ
နောက်ဆုံးနွားခြေရာထဲမှာသေသလို
ဆင်သေကိုအမှီပြုပြီးပင်လယ်ထဲမျောပါကာ
ပင်လယ်မှာပဲသေသွားတဲ့ကျီမိုက်လိုလဲမဖြစ်စေနဲ့
လောကကြီးကအကျယ်ကြီးပါသား
အကြောင်းအရာတစ်ခုကိုဆုံးဖြတ်တော့မယ်ဆို
မျက်တောင်မွှေးတစ်ဆုံးလောက်ပဲကြည့်ပြီး
မဆုံးဖြတ်ပါနဲ့မျက်စိတစ်ဆုံးကြည့်ပြီးမှ
ဆုံးဖြတ်ပါသား ဘဝဆိုတာတိုက်ပွဲလို
ပြောကြတယ်သား ဒါဆိုအနိုင်နွဲရမှာပေါ့
ဘယ်လိုလဲသား သားရဲ့ကြိုးစားမှုနဲ့
ရလာတဲ့အောင်မြင်မှုကို
အဖေလက်မထောင်ချင်တယ်ကွာ
မောင်နေမာန်
ပြန်လည်မျှဝေသူ 📣 VK🎖
Click here to claim your Sponsored Listing.
Category
Website
Address
Yangon