Databuzz KP
15/06/2026
Thailand 🇹🇭 vs Dubai 🇦🇪
Analyst တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ၃ နှစ်ခွဲ အတွေ့အကြုံ
ဒီလဆိုရင် Dubai မှာ အလုပ်လုပ်တာ တစ်နှစ်ပြည့် သွားပါပြီ။ Dubai မရောက်ခင်မှာတော့ Thailand မှာ ၂ နှစ်ခွဲလောက် အလုပ်လုပ်ခဲ့ပါတယ်။
ဒီ Post မှာတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး...
✅ Thailand နဲ့ Dubai ဘာတွေကွာလဲ။
✅ Analyst တစ်ယောက်အနေနဲ့ နိုင်ငံပြောင်းပြီး အလုပ်လုပ်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ။
ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။
ဒီအကြောင်းအရာတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံထားတာဖြစ်တဲ့အတွက် လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာမျိုးတော့ ရှိနိုင်ပါတယ်။
---
# # 🇹🇭 Thailand
# # # 💰 Cost of Living
📌 **Accommodation**
Area နဲ့ Location ပေါ်မူတည်ပြီး ကွာပေမယ့် အကြမ်းဖျင်းအားဖြင့် Baht 10,000 - 15,000 ဝန်းကျင်ဆိုရင် အခန်းကောင်းကောင်းလေးတွေ ရနိုင်ပါတယ်။ Budget ကို ချွေတာချင်တယ်ဆိုရင် ဒီထက်သက်သာတဲ့ အခန်းတွေလည်း ရှိပါတယ်။
📌 **Living Expenses**
ကိုယ်တိုင်မချက်ဘဲ အပြင်မှာပဲ ဝယ်စားမယ်ဆိုရင် တစ်လကို Baht 5,000 - 6,000 လောက် ကုန်ကျနိုင်ပါတယ်။
ရေဖိုး၊ မီးဖိုးနဲ့ Internet စရိတ်ကတော့ အကြမ်းဖျင်း Baht 1,000 ဝန်းကျင်လောက် ရှိတတ်ပါတယ်။
အလုပ်သွားလာစရိတ်အပါအဝင် အခြေခံကုန်ကျစရိတ်အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် တစ်လကို Baht 20,000 လောက် ကြိုတင်တွက်ထားသင့်ပါတယ်။
# # # 👨💻 Work Culture
ထိုင်းက မြန်မာနဲ့ ဆင်တူတဲ့အချက်တွေ ရှိပါတယ်။
ဥပမာ နာမည်တန်းခေါ်တာထက် "P' (ဖီ)" ဆိုပြီး မြန်မာလို အကို၊ အမ လိုမျိုး လေးစားမှုနဲ့ ခေါ်ကြတာများပါတယ်။
အလုပ်လုပ်တဲ့ပုံစံကလည်း "Sabai Sabai" ဆိုသလို အေးအေးဆေးဆေးနဲ့ Work-Life Balance ကို ပိုအရေးထားတဲ့ Culture ကို ခံစားရပါတယ်။
# # # 🛠️ Skills
Analyst တစ်ယောက်အနေနဲ့ Dashboard တည်ဆောက်တာ၊ Report Development လုပ်တာတွေအပြင် SQL, Cloud (Data Engineering), ETL နဲ့ Automation (Power Automate) အပိုင်းတွေကိုလည်း လုပ်ရတာမျိုးရှိပါတယ် ဒါကြောင့် English အပြင် ထိုင်းစာကိုပါ ပြောတတ်၊ ဖတ်တတ်ရင် Career တိုးတက်ဖို့ အားသာချက်ပိုရှိပါတယ်။
# # # 💼 Job Market
အခုနောက်ပိုင်းမှာတော့ ထိုင်းမှာ အလုပ်ရှာရတာ အရင်ကထက် ပိုခက်လာပါတယ်။
Technical Skills ကောင်းကောင်းရှိတယ်ဆိုရင် Solution Implementation (SI) လုပ်တဲ့ Company တွေကို လျှောက်ဖို့ အကြံပြုချင်ပါတယ်။
ဥပမာ...
• Accenture
• Seven Peaks
---
# # 🇦🇪 Dubai
# # # 💰 Cost of Living
Dubai ကိုရောက်လာတော့ ပထမဆုံး သတိထားမိတာက နေထိုင်စရိတ်က Thailand ထက် ပိုမြင့်တာ ပါ။
📌 **Accommodation**
Sharing Room ဆိုရင် AED 1,000 - 2,000 ဝန်းကျင်ရှိနိုင်ပြီး Studio ဒါမှမဟုတ် Private Room ဆိုရင် ဒီထက်ပိုကုန်ကျနိုင်ပါတယ်။
📌 **Living Expenses**
ကိုယ်တိုင်ချက်စားမယ်ဆိုရင် သက်သာပေမယ့် အပြင်မှာပဲ အမြဲဝယ်စားမယ်ဆိုရင် AED 600 - 1,200 လောက် ကုန်ကျနိုင်ပါတယ်။
ရေဖိုး၊ မီးဖိုးနဲ့ အလုပ်သွားလာစရိတ်အပါအဝင် အခြေခံကုန်ကျစရိတ်တွေကို ပေါင်းလိုက်မယ်ဆိုရင် AED 1,500 - 3,000 Baht (15,000 to 30,000) လောက် ကြိုတင်တွက်ထားသင့်ပါတယ်။
# # # 👨💻 Work Culture
Dubai ကတော့ နိုင်ငံပေါင်းစုံက လူတွေနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ International Working Environment ဖြစ်ပါတယ်။ ဒါကြောင့် International Experience ရနိုင်တဲ့အပြင် မတူညီတဲ့ Culture တွေနဲ့ Working Style တွေကိုလည်း တွေရတယ်။
Team တစ်ခုတည်းမှာပဲ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံနဲ့ အလုပ်လုပ်ရတာကြောင့် Communication Skill၊ Professionalism နဲ့ Time Management က အရမ်းအရေးကြီးပါတယ်။ နောက်ပြီး နိုင်ငံအသီးသီးက လူတွေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် English Accent အမျိုးမျိုးကိုလည်း ကြားရပြီး၊ အစပိုင်းမှာတော့ နားလည်ရခက်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း နားလည်လာတယ်။
# # # 🛠️ Skills
Analyst တစ်ယောက်အနေနဲ့ Dashboard တည်ဆောက်တာ၊ Data Analysis လုပ်တာတင်မကဘဲ SQL, Power BI, ETL, Data Engineering နဲ့ Cloud အပိုင်းတွေကိုလည်း သိထားဖို့ လိုလာပါတယ်။
Business Requirement ကို နားလည်ပြီး Stakeholder တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့အတွက် English စာ က အရေးကြီးတဲ့ Skill တစ်ခုပါ။
# # # 💼 Job Market
Dubai မှာ အလုပ်ရှာမယ်ဆိုရင် Technical Skills တစ်ခုတည်းက မလုံလောက်တော့ပါဘူး။
ကိုယ့်ရဲ့ Portfolio, LinkedIn Profile, CV နဲ့ Interview Skill တွေကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်။
အထူးသဖြင့် Power BI Dashboard, SQL Project, Data Engineering Project** စတာတွေကို GitHub ဒါမှမဟုတ် Portfolio Website မှာ ပြထားနိုင်ရင် အခွင့်အရေး ပိုများပါတယ်။
---
ဒီ Post က ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး မျှဝေထားတာဖြစ်ပါတယ်။
25/05/2026
BI Assistant Manager / Manager
MO
Credit
https://www.linkedin.com/jobs/view/4417852600/
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Online Class
Yangon
111111
Opening Hours
| Tuesday | 09:30 - 18:00 |
| Wednesday | 09:30 - 18:00 |
| Thursday | 09:30 - 18:00 |
| Friday | 09:30 - 18:00 |
| Saturday | 09:30 - 20:30 |
| Sunday | 09:30 - 20:30 |